အတွေ့အကြုံနှင့် ပြင် ဆင်ချိန် နည်းပါးခဲ့သော်လည်း မြန်မာလူမျိုးများ မညံ့ကြောင်း နိုင်ငံတကာ သိစေလိုသည့်စိတ်ဖြင့် အားတင်းယှဉ်ပြိုင်ခဲ့သည် ဟု Karaoke World Champion−ships (Asia) 2nd Runner Up ဆုရှင် ဆုထက်လှိုင်ကပြောသည်။
‘‘ပထမဆုံး နိုင်ငံတကာပြိုင် ပွဲ အတွေ့အကြုံဆိုတော့ တော် တော်စိတ်လှုပ်ရှားခဲ့တယ်။ အ တွေ့အကြုံနဲ့ ပြင်ဆင်ချိန်က အ ရမ်းနည်းခဲ့ပေမယ့် တခြားနိုင်ငံ တွေ အသီးသီးရှေ့မှာဆိုတော့ မြန်မာတွေ မညံ့ကြောင်းကို သိ စေချင်လို့ အားတင်းယှဉ်ပြိုင်ခဲ့ တယ်’’ ဟု ဆုထက်လှိုင်က ပြော သည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီ ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် Karaoke World Champion-ships ပြိုင်ပွဲကြီး၌ Asia Finals တွင် မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဆုထက်လှိုင်သည်2nd Runner -Up ဆု ဆွတ်ခူးခဲ့၍ စင်ကာပူ၌ ကျင်းပမည့် WorldFinals သို့ ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။
စင်ကာပူနိုင်ငံတွင် ကျင်းပ မည့် ကမ္ဘာ့အဆင့် KWC-Worldပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံ ၃၇ နိုင်ငံမှ ကိုယ်စားပြုအဆိုတော်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း သိရသည်။
‘‘နိုင်ငံတကာက ပါဝင်ယှဉ် ပြိုင်ကြတဲ့သူတွေနဲ့ ဘာတွေကွာ ခြားလဲဆိုရင် သူတို့က ပါဖောမန့်လုပ်တာတွေ အရမ်းကောင်း တယ်။ ဒါကြောင့် ဆုထက်လည်း အခုထပ်ပြိုင်ရမယ့်ပွဲမှာ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ပါဖောမန့်ပါ ထည့်သွင်းသွားဖို့ လုပ်ထားပါတယ်’’ ဟု ဆုထက်လှိုင် က ပြောသည်။
ဆုထက်လှိုင်သည် ၂၀၁၃ က တေးရေးမေသော်၏ ညို့ယူ ဖမ်းစားနှလုံးသား သံစဉ်များ အဆိုပြိုင်ပွဲတွင် 1st Runner Up နှင့် အိပ်မက်ဆုံရာ Season 8 ပြိုင်ပွဲတွင် 2nd Runner Up ဆုတို့ ရရှိထားပြီး လက်ရှိတွင် ကမ္ဘာ့အဆင့် KWC ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိကာ လာမည့်နှစ် ဧပြီတွင် တစ်ကိုယ်တော်အခွေထွက်ရှိရန် သီချင်းများ စတင်စီစဉ်လျက်ရှိကြောင်း သိရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။