စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသား သုံးထောင်ကျော် ဆန္ဒမဲပေးရန် တက်ကြွသူများအဖွဲ့က သက်ဆိုင်ရာမြို့နယ်များသို့ အခမဲ့ ပို့ဆောင်ပေးမည်

စစ်တွေတက္ကသိုလ် တွင် အဝေးသင်တက်ရောက်နေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ သုံးထောင်ကျော် ဆန္ဒမဲပေးနိုင်ရန် စစ်တွေမြို့မှ စာရေးဆရာဝေဟင်အောင် ဦးဆောင်သောတက်ကြွသူများ အဖွဲ့က သက်ဆိုင်ရာ မြို့နယ်များသို့ အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘စစ်တွေကိုရောက်နေတဲ့ အဝေးသင်တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူတွေ ကြိုတင်မဲ ပေးတဲ့အခါ အမ်းမြို့နယ်က ကျောင်းသား၊ ကျောင်းသူ ၇၀ လောက်ပဲ မဲပေးလိုက်ရတယ်လို့ ကြားပါတယ်။ တခြားမြို့နယ်တွေ က ကျောင်းသား၊ ကျောင်းသူတွေ ကြိုတင်မဲပေးဖို့ အခက်အခဲဖြစ် နေတဲ့အတွက် ကိုယ့်မြို့ကို ပြန်ပြီး မဲပေးနိုင်အောင်လို့ မော်တော် ယာဉ်တွေ စီစဉ်ပေးတာ ဖြစ်ပါ တယ်’’ဟု စာရေးဆရာ ဝေဟင် အောင်က ပြောသည်။

ယခုကဲ့သို့ အခမဲ့ပို့ဆောင် ပေးခြင်းသည် ပြည်သူတစ်ယောက် ၏ အမြင့်ဆုံးရပိုင်ခွင့်သည် မဲပေး ခြင်းဖြစ်သည့်အတွက် ကျောင်း သား၊ ကျောင်းသူများလည်း အဆိုပါအခွင့်အရေးကိုရစေချင်၍ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေနှင့် အလှမ်းဝေးသည့် မြို့နယ်များ ဖြစ် သော ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင် တောမြို့နယ်တို့မှ ကျောင်းသား၊ ကျောင်းသူများကို ပို့ဆောင်ပေး ရန် စီစဉ်နေပြီး အခြားမြို့နယ်မှ ဆက်သွယ်လာပါကလည်း  ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။