တိုင်းရင်းသားများသည် အစိုးရဖွဲ့စည်းရေး အဓိကလိုအပ်သော အင်အားစုအလိုလိုဖြစ်နေဟု ဒေါက်တာအေးမောင်ပြော


ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေးဟောပြောပွဲကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံပါတီကို နိုင်ငံ့အာဏာမရစေရန် ဖိနှိပ်ထားမှု ကြောင့် တိုင်းရင်းသားပါတီများ အနေဖြင့် လာမည့်ပြည်ထောင်စု အစိုးရဖွဲ့စည်းရေးအတွက် အဓိ က လိုအပ်သည့်အင်အားစုအဖြစ် အလိုလိုရောက်ရှိနေကြောင်း ရ ခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ  ဒေါက်တာအေးမောင်က ပြော ကြားခဲ့သည်။

 ANP နောက်ဆုံးမဲဆွယ် စည်းရုံးဟောပြောပွဲကို နိုဝင်ဘာ ၆ရက်က သံတွဲမြို့ အံတော်ကွင်း တွင် ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ တစ်ထောင်ခန့် တက်ရောက်ခဲ့ သည်။ ယင်းဟောပြောပွဲတွင် ဒေါက်တာအေးမောင်က ၂၀၀၈ဖွဲ့စည်းပုံဥပဒေသည် ၂၅ ရာနှုန်း ပုဂ္ဂိုလ်များဖြင့် နှစ်ပေါင်း ၅၀ ခန့် အုပ်ချုပ်သွားနိုင်ရန် စီမံထား သည့်ဥပဒေ ဖြစ်သော်လည်း အ တိုက်အခံပါတီချည်းသက်သက် အာဏာမရယူနိုင်စေရန် ရေးဆွဲ ထားသည့်အတွက် တိုင်းရင်းသား ပါတီများ၏ အခန်းကဏ္ဍမှာ အား သာချက်ဖြစ်လာကြောင်း ထည့် သွင်းပြောကြားသည်။

‘‘အတိုက်အခံ အပါအ၀င် တိုင်းရင်းသားပါတီများက သူ ချည်းသက်သက်နိုင်ငံ့အာဏာမရ ယူနိုင်အောင် ဖိနှိပ်ထားတဲ့အခါ မှာ ပွင့်ပွင့်လင်းလင်းပြောရရင် အတိုက်အခံပါတီသည် နိုင်ငံ့အာ ဏာကို မယူနိုင်လောက်အောင် ၇၅ ရာခိုင်နှုန်းသော မိဘပြည်သူ များ ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထား တဲ့အခါမှာ ဦးကိုဖိတဲ့အခါမှာ ပဲ့ ကပေါ်လာတဲ့ သဘောပဲ။ တိုင်း ရင်းသားများရဲ့ အခန်းကဏ္ဍ သည် အလိုလိုနေရင်းနဲ့ ဒီဖွဲ့စည်း ပုံဥပဒေ အားသာချက်ဖြစ်လာပါ တယ်။ ဒီအားသာချက်ကို မိမိရရ ဆုပ်ကိုင်ပြီးမှ တိုင်းရင်းသားညီ နောင်ပါတီများသည် လာမယ့် ပြည်ထောင်စုအစိုးရကို ဖွဲ့စည်း နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ အင်အားစုအဖြစ်အလိုလိုရောက် နေတာမို့လို့ ဒီအားသာချက်ကို အ မိအရ ဆုပ်ကိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတဲ့ကာလဖြစ်ကြောင်း ကိုလည်း တင်ပြချင်ပါတယ်’’ဟု ဒေါက်တာအေးမောင်က ဆို သည်။

 ANP ဟောပြောပွဲ လာ ရောက် နားထောင်သော ဒေသခံ ဦးလှရွှေက ‘‘ANPကို မဲပေးမယ်။ သူ့ကိုကြိုက်တယ်’’ဟုပြောသည်။

 ဒေါက်တာအေးမောင်က ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံ ရေးအခင်းအကျင်းကို ပါတီတွင်းအစည်းအဝေးပြုလုပ်ပြီး ထုတ်ပြန် ကာ မည်သည့်ပါတီပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး ရခိုင်အကျိုးစီးပွားကို ဆောင်ရွက်မည်ဆိုသည်ကို ကြေညာသွားမည်ဖြစ်ကြောင်း ဆက် လက်ပြောကြားသည်။

ဟောပြောပွဲ လာရောက် သော အသက်(၂၀)အရွယ် လူ ငယ်တစ်ဦးကမူ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို မဲပေးမည်ဟု ပြောသည်။

သံတွဲဒေသတွင် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ ANP၊ ဒီ ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ အ ကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိ ကြောင်း ဒေသခံများက သုံးသပ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။