လွှတ်တော်ကိုယ်စား လှယ်လောင်းများ ရွေးချယ်ရာ တွင် ဗဟိုချုပ်ကိုင်မှုလုံးဝမရှိသည့် ဒီမိုကရေစီစနစ်အပြည့်ကျင့်သုံး ကာ မိမိကြိုက်နှစ်သက်ရာမြို့နယ် လွှတ်တော်များ၌ စိတ်ကြိုက်ဝင် ရောက် ရွေးချယ်ခွင့် ပြုခဲ့သည့် အတွက် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင် ရွေး ကောက်ပွဲရှုံးနိမ့်ရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက နိုဝင်ဘာ ၁၁ ရက်၌ သဘောထားကြေညာချက်ထုတ်ပြန်သည်။
နိုဝင်ဘာ ၈ ရက်ရွေးကောက် ပွဲတွင် မာန်အောင် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင် ရွေးကောက်ပွဲရှုံးနိမ့်ခြင်းနှင့်ပတ် သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် မာန်အောင်မြို့နယ်မှ ဒေသခံများအား မကောင်းမြင် ခြင်း၊ တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းကွဲစေမည့်ဖြစ်စဉ်များရှိလာနိုင်ခြင်းတို့ကြောင့် ရခိုင်အမျိုးသားပါတီကယခုကဲ့သို့ ကြေညာချက်ထုတ် ပြန်ရခြင်းဖြစ်ကြောင်း ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားသည်။
‘‘ပါတီဥက္ကဋ္ဌ ရှုံးနိမ့်တာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌကိုယ်တိုင်က မီဒီယာကနေတစ်ဆင့် ရှင်းလင်း ပြောကြားနေတာတွေရှိပါတယ်။ အဲဒီလိုပြောကြားနေတာကို မလေ့လာကြဘဲ လူမှုကွန်ရက်စာမျက် နှာတွေပေါ်မှာ တစ်ဖက်နဲ့ တစ် ဖက် ပြစ်တင်ဝေဖန်တာ၊ ကြမ်း တမ်းယုတ်ညံ့တဲ့အသုံးအနှုန်းတွေ နဲ့ ပြောနေတာတွေရှိတဲ့အတွက် ပါတီအနေနဲ့ အခုလို ကြေညာ ချက်ထုတ်ပြန်ပေးတာ သဘာဝ ကျပါတယ်’’ ဟု မြောက်ဦးမြို့ခံ တစ်ဦးကပြောသည်။
ရခိုင်အမျိုးသား ပါတီ၏ ထုတ်ပြန်ကြေညာချက်တွင် ဒေါက်တာအေးမောင် ရှုံးနိမ့်ခြင်းသည် သက်ဆိုင်ရာ မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ်မြေများနှင့် လုံးဝသက် ဆိုင်မှုမရှိကြောင်း၊ ထောက်ခံမဲ ပေးခဲ့သည့် မဲဆန္ဒရှင်များအား ကျေးဇူးတင်ရှိကြောင်း၊ ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်မှာ ရခိုင် အမျိုးသားပါတီ၏ လက်ရှိတာဝန် များကို ထမ်းဆောင်၍ အမျိုးသား ရေး တာဝန်များ ဆက်လက် ဆောင်ရွက်နေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။