စစ်တွေတက္ကသိုလ်ရောက် အဝေးသင်ကျောင်းသား ၃၀၀ ခန့် စုပေါင်းအမှိုက်ကောက်


အမှိုက်ကောက်နေကြသည့် ကျောင်းသား/သူများ

 စစ်တွေတက္ကသိုလ် တွင် အဝေးသင်ကျောင်းသား၊ ကျောင်းသူ ၃၀၀ ခန့်သည် တက္ကသိုလ် ကျောင်းဝင်းနှင့် အနီးတစ်ဝိုက်၌ ပထမဆုံးအကြိမ် စုပေါင်း ၍ အမှိုက်ကောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

  ဒီမိုကရေစီစနစ်အမှန် ပြောင်းလဲရန် မိမိပတ်ဝန်းကျင် ကို ဦးစွာပြောင်းလဲရမည်ဆို သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အမှိုက်ကောက်ခြင်းဖြစ်ကြောင်း   ကျောင်းသားများက ပြောသည်။

‘‘ရခိုင်ပြည်နယ်ဒေသအသီး သီးက စစ်တွေမြို့ကို အဝေးသင် တက်ဖို့ ရောက်နေတဲ့ ကျောင်း သား၊ ကျောင်းသူတွေအားလုံး ပါဝင်ပါတယ်။ အခုလို ဒေသအ သီးသီးက ကျောင်းသား၊ ကျောင်း သူတွေ ညီညီညွတ်ညွတ် အမှိုက် ကောက်ပြလိုက်တာဟာ လူငယ် တွေ အချင်းချင်း ဘယ်လောက် စည်းလုံးမှုရှိတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်’’ဟု အမှိုက်ကောက်ရန် ဦးဆောင်ခဲ့သည့် ကျောင်းသားတစ်ဦးက ပြောကြားသည်။ ယခုအစီအစဉ်ကို စာမေးပွဲ နီးကပ်လာချိန်တွင် ပြုလုပ်ရန် မလွယ်ကူ၍ နိုဝင်ဘာ ၁၃ ရက် ၌ စုပေါင်းအမှိုက်ကောက်ခဲ့ကြခြင်း ဖြစ်ကြောင်း တတိယနှစ် ကျောင်းသားတစ်ဦးက ပြော သည်။

အမှိုက်ကောက်ခြင်းလုပ် ငန်းများကို အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စာ မေးပွဲပြီးဆုံး၍ မိမိဒေသသို့ ပြန် သည့်အချိန်တွင်လည်း မြို့ခံလူ ငယ်များဖြင့် ဆက်လက်အမှိုက် ကောက်ရန် စီစဉ်ထားကြောင်း အမှိုက်ကောက်ရန် ဦးဆောင်စီ စဉ်ခဲ့သူ စာရေးဆရာဝေဟင် အောင်က ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။