အမေရိကရောက် ရခိုင်မိသားစုက ရေဘေးသင့် ရခိုင်ပြည်သူများတွက် ကျပ် သိန်း ၁၉၀ လှူဒါန်း

စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၁၄

(မြောက်ဦးတွင် ဦးအေးသာအောင်ထံ ငွေလွဲပြောင်း ပေးအပ်နေစဉ်)

အမေရိကန်နိုင်ငံ အိုင်အိုဝါ ပြည်နယ်မှ ရခိုင်မိသားစုများက ရခိုင်ပြည်နယ် ရေဘေးသင့် ရခိုင်ပြည်သူများအတွက် ရခိုင်အမျိုးသား ပါတီခေါင်းဆောင် ဦးအေးသာအောင်မှ တဆင့် ငွေကြေး လှူဒါန်းလိုက်သည်ဟု သိရသည်။

“ဟုတ်ပါတယ် အမေရိကန်နိုင်ငံ အိုင်အိုဝါ ပြည်နယ် ရခိုင်မိသားစုက ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်ကတဆင့် လှူဒါန်းတာဖြစ်ပါတယ်။ မင်းပြားမြို့နယ်အတွက် ကျပ်သိန်း ၇၀၊ မြောက်ဦးမြို့နယ် အတွက် ကျပ် သိန်း ၆၀ နဲ့ ကျောက်တော်မြို့နယ် အတွက် ကျပ်သိန်း ၆၀ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်” ဟု မြောက်ဦးမြို့နယ် ရေဘေးကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးခိုင်ထူးက နိရဉ္စရာသတင်းဌာသို့ပြောသည်။

မြောက်ဦးမြို့နယ် ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းသော ကျပ်သိန်း ၆၀ ကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်က အခမ်းအနားတစ်ရပ်ဖြင့် လက်ခံခဲ့ပြီး၊ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က မြောက်ဦးမြို့နယ် ရေဘေးကူညီထောက်ပံ့ရေးအဖွဲ့သို့ လွှဲအပ်ခဲ့သည်ဟု သိရသည်။

“ရေဘေးသင့်ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက်ကတော့ သိပ်အခက်အခဲ မရှိတော့ပါဘူး။ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီမှုတွေကလည်း အရင်ကနဲ့စာရင် နည်းသွားပါပြီ။ မိုးရာသီမှာ စပါးခင်း ပျက်စီးသွားသူတွေက ဆောင်းသီးနှံစိုက်ဖို့ လိုလားနေကြပါတယ်”ဟု ဦးခိုင်ထူးကပြောသည်။

မြောက်ဦးမြို့နယ်တွက် ရေကြီးစဉ် လယ်မြေဧက ၁၇၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ထိုနေရာများတွင် ဆောင်းသီးနှံများ စိုက်ပျိုးလိုကြသည်ဟု သိရသည်။ သို့သော် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် အစိုးရက စီစဉ်ပေးမှုမရှိသေးဘဲ လူမှုအဖွဲ့အစည်းများကသာ လုပ်ဆောင်နေရသောကြောင့် မျိုးစေ့အလုံအလောက်မရရှိ ဖြစ်နေရသည်ဟု သိရသည်။

ရေလွှမ်းမိုးသည့် တစ်ချို့နေရာများတွင် သဲများ ဖုန်းလွှမ်းသွား သဖြင့် နွေရာသီရောက်ပါက စိုက်ခင်းများ တွင် ရေလို အပ်မည်ဖြစ်ပြီး ရေတင်ရန် ရေစုပ်စက်များလည်း လိုအပ်လာမည် ဟု မြောက်ဦးမြို့နယ် ရေဘေးကူညီထောက်ပံ့ရေးအဖွဲ့မှ ဦးခိုင်ထူးကပြောသည်။

_____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။