ထိုင်းအလှမယ်ပြိုင်ပွဲဝင် အမှိုက်ကောက်သူလေး ပထမဆု ရရှိ

By ဒီဗွီဘီ 26 October 2015
f44ORd

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပတဲ့  Miss Uncensored News Thailand 2015 အလှမယ်ပြိုင်ပွဲမှာ အမှိုက်ကောက်ပြီး  အသက်မွေးဝမ်းကြောင်းသူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦး အလှမယ်သရဖူဆု ရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အရပ်အမြင့် ၁၇၂ စင်တီမီတာရှိတဲ့ မိတ်ခနစ်ထား ဖားဆိုင်လို့ ခေါ်တဲ့ မိန်းကလေးက သူ့မိခင်ဟာ အမှိုက်ကောက်ပြီး သူတို့ကို ကျွေးမွေးပြုစုလာခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့လည်း မိခင်ရဲ့အလုပ်ကို ကူညီပေးခဲ့ရကြောင်း အလှမယ်ပြိုင်ပွဲဝင်ဖို့ စင်မြင့်ပေါ်မတက်ခင် မိခင်ရဲ့ ခြေအစုံကို အရင်ဦးချခဲ့ပြီး ရရှိလာတဲ့ ဆုငွေအားလုံးကိုလည်း မိခင်လက်ထဲကို အပ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
vq8MV3
သူက မိခင်ကောက်လာတဲ့ အမှိုက်တွေကို အမျိုးအစား ပြန်ခွဲပေးကြောင်း၊ မိခင်က အမှိုက်တွေကို ပြန်ရောင်းချကြောင်း၊ တနေ့ ဆွေမျိုးတယောက်ရောက်လာပြီး သူ့ကို သနားတဲ့အတွက် အလှမယ်ပြိုင်ပွဲဝင်ဖို့ အကြံပြုခဲ့ကြောင်း၊ ပြိုင်ပွဲနေ့မှာ သူများတွေ သူ့ထက်ငါအပြိုင် လှသထက်လှအောင် ပြင်ဆင်လာတာတွေ့ရလို့ သူဆုရမယ်လို့ လုံးဝ ထင်မထားကြောင်း၊ အခုလို မမျှော်လင့်ဘဲ ပထမဆုရတဲ့အတွက် အရမ်းဝမ်းသာတယ်လို့လည်း ပြောပါတယ်။

မိတ်ခနစ်ထားဟာ ဆယ်တန်းအောင်ထားပေမယ့် ငွေရေးကြေးရေး အကျပ်အတည်းကြောင့် တက္ကသိုလ် ဆက်မတက်နိုင်ပေမယ့် တချိန်ချိန်မှာ ပညာဆက်သင်နိုင်ဖို့  ကချေသည်လုပ်ပြီး ငွေစုနေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၄ ရက်က ဆမွတ်ပရကန်မြို့ ကုန်တိုက်မှာ ကျင်းပတဲ့ Miss Uncensored News Thailand 2015 အလှမယ်ပြိုင်ပွဲမှာ အမျိုးသမီးအဖြစ် လိင်ပြောင်းထားတဲ့ အလှမယ်တွေပါ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။

ဓာတ်ပုံ – siamupdate

http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။