ဝဏ္ဍခွာညို
ရန်ကုန်၊ အောက်တိုဘာ ၃

(ရောဂါ ဖြစ်ပွားနေသူ ကလေးတစ်ဦးရဲ့ တင်ပါးကိုတွေ့ရစဉ်/ ဓာတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အရက်သည်မ ကျေးရွာအုပ်စု သာစည် ရွာသစ်ကျေးရွာမှ ရွာသား ၄၅ ဦးမှာ အရေအပြား ရောဂါကို ဆိုးရွားစွာ ခံစားနေရကြောင်း သတင်း ရရှိသည်။
ထိုရောဂါ ခံစားနေရသူ အရေအတွက်မှာ ရွာ၏ သုံးပုံ တစ်ပုံ လူဦးရေ ဖြစ်ကြောင်း၊ ရေဘေးအတွင်း ရေမြုပ်ခဲ့သော ရေကန်မှ ရေချိုးပီးနောက် ခန္ဓာကိုယ်တစ်လုံး အဖုအပိမ့်များ ထကာ အနာလုံးများ ပေါက်လာပြီး ယားယံမှု ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစား နေရကြရကြောင်း မြောက်ဦးမြို့နယ် ရေဘေး ကူညီ ထောက်ပံ့ရေး အဖွဲ့ ပြန်ကြား ရေဌာန ကိုထွန်းထွန်းမှ နိရဉ္စရာ သတင်းဌာသို့  ပြောသည်။
'' အဲဒီရွာမှာ ဒီလို အရေပြား ရောဂါဖြစ်နေတာ တစ်ပတ် လောက်ရှိပြီ လို့ ပြောတယ်။ ရွာကတာဝန်ရှိသူတွေ မနေ့ က ရောက်ပြီတော့ ဖြစ်နေ တဲ့ ရောဂါရဲ့ ဓာတ်ပုံ၊ ရေနမှုနာတွေယူ လာပြီးတော့ ကျွန်တော်တို့ ရုံးကို လာပြတယ်။ ဒါတွေကို သက်ဆိုင်မြို့နယ် ဆရာဝန်တွေ တင်ပြထားပြီးပြီ။ အခုလာဖို့ အပတ်မှာ အဲဒီရွာကို ကွင်းဆင်းလေ့လာ သွားမယ်။ အခုလောလောဆယ်တော့ အရေးပေါ် ရေသန့်ဆေးတွေ ပေးလိုက်တယ်” ဟု သူက ပြောသည်။
ယင်းရွာရှိ ရေကန်နှစ်ကန်မှာ ရေဘေးအတွင်းက မသန့်ရှင်းသော ရေများ ဖုံးလွှမ်းသွားပြီးနောက် ရေကန် တစ်ကန်ကိုသာ ရေစုပ် စက်ဖြင့် ရေစုပ် ထုတ်ပြီး သန့်ရှင်းနိုင်ခဲ့သည်ဟု သိရသည်။
မသန့်ရှင်းသော ကျန်ရေကန်အား ရွာသားမျာ အသုံးပြုရာမှ ခန္ဓာကိုယ်တွင် ယားယံမှု များဖြစ်ပေါ်လာပြီး အနာလုံးများ၊ အဖုအအပိမ့် များဖြစ်ပေါ်လာပြီး ဦးရေ ၄၅ ဦးမှာ ယင်းရောဂါခံစားနေရကြရခြင်း ဖြစ်သည်။
မြောက်ဦးမြို့နယ် ဆရာဝန် ဒေါက်တာ ခွန်မောင်အိုးသို့  နိရဉ္စရာသတင်းဌာနမှ မေးမြန်းရာ ကူးစက်ရောဂါဟုတ် မဟုတ် စစ်ဆေးသွားမည်ဟု ဆိုသည်။
''မနေ့ က အဲ့ဒီရွာကလူတွေလာပြီးတော့ ဓာတ်ပုံနဲ့ တကွ သတင်း လာပို့ ပါတယ်။ ကျွန်တော်ဘက်က သေချာ စစ်ဆေး နေတုန်း ပါပဲ။ ရွာကရေကြီးထားတဲ့ ဒေသ ဖြစ်နေတဲ့အတွက်ကြောင့် ကူးစက်ရောဂါ များ ဖြစ်နေမလား ဆိုတာ စစ်ဆေးမှုတွေ လုပ်ရမှာပေါ့လေ။ မနေ့ ညက ရီပုတ် တက်လာတယ်ဆိုတော့ ဒီတစ်ရက် နှစ်ရက် လောက်မှာပဲ အဲဒီရွာကို စစ်ဆေးဖို့ သွားရမှာပါဟု''ဒေါက်တာ ခွန်မောင်အိုးက ပြောသည်။
မြောက်ဦးမြို့နယ် အရက်သည်မ ကျေးရွာအုပ်စု သာစည်ကျေးရွာတွင် လူဦးရေ ၁၅၀ဦးရှိပြီး အိမ်ထောင်စု ၃၁ သာရှိကြောင်း သိရသည်။
ယခင်ကလည်း ရေဘေးသင့် ဒေသအချို့တွင် မသန့်ရှင်းသော ရေသုံးစွဲမှုနှင့် ဆက်စပ်သော အရေပြား ရောဂါများ၊ ၀မ်းရောဂါများ ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။
___Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။