လူသာကျော် (ရခိုင်)
စစ်တွေ၊ စက်တင်ဘာ ၁၅

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နိုင်ငံရေး ပါတီ ၂၁ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်တဆင့် သိရှိရသည်။
ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီများမှာ ( ၁) ရခိုင်အမျိုးသားပါတီ ANP (၂) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ( ၃)တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ NUP (၄) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ( ၅) ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ ( ၆) မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (၇) ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ( ၈) အချိုချင်း အမျိုးသားပါတီ ( ၉)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ (၁၀) မြိုတိုင်းရင်းသားပါတီ (၁၁) ကမန်အမျိုးသား တိုးတက်ရေးပါတီ (၁၂)ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (၁၃) မြိုအမျိုးသားဒီမိုကရေစီပါတီ (၁၄) ရခိုင်မျိုးချစ်ပါတီ (၁၅) ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (၁၆) မြန်မာနိုင်ငံလုံးဆိုင်ရာ ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (၁၇) ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (၁၈) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ( ၁၉) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (၂၀) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (၂၁) တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ဖြစ်ကြသည်။
ရခိုင်ပြည်နယ်တွင် မဲပေးနိုင်သူပေါင်း ၁၄၇၅၈၃၀ ဦးရှိပြီး ထိုအထဲတွင် တပ်မတော်သား ၂၂၆၁၅ ဦးရှိပြီး ရဲတပ်ဖွဲ့ဝင်ပေါင်း ၆၇၉၅ ဦးရှိသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် မဲရုံပေါင်း ၂၅၅၀ ကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး မဲရုံဝန်ထမ်း ၃၃၉၁၄ ယောက်ကို ခန့်အပ် တာဝန်ပေးသွားမည်ဟု သိရသည်။
___Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။