ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် ယှဉ်ပြိုင်မည့် ANP လွှတ်ကိုယ်စားလှယ် ဒေါ်ခင်လှရီ အမ်းမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးစတင်

စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၎



ရခိုင်လူထု အထူးစိတ်ဝင်စားနေသည့် အမ်းမြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်မြေတွင် ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မာင်အုန်းနှင့် ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်လှရီသည် သူမ၏ မဲဆွယ်စည်းရုံးကို အောက်တိုဘာ လ ၄ ရက်နေ့က စတင်လိုက်ပြီဟု သတင်း ရရှိသည်။

“ကျွန်တော်တို့ရဲ့ ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စား လှယ်လောင်း ဒေါ်ခင်လှရီရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးကျော်သန်းလှိုင် ရယ် ဒီနေ့ ကစုကိုင်းအုပ်စုနဲ့ ဒလက်အုပ်စုကို မဲဆွယ် စည်းရုံးရေး စဆင်းပါပြီ”ဟု ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ် ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်မင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီသည် အမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေရာ ကျေးရွာများအားလုံးသို့ သွားရောက်ပြီး မဲဆွယ်စည်းရုံးသွားမည်ဟု သိရသည်။

“ကျွန်မအနေနဲ့ လူထုယုံကြည်မှုကိုတော့ ရထားပါပြီ။ ရခိုင်ပြည်နယ်ပြောင်းလဲပြီး ဖွံ့ဖြိုး တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သဘောတရားတွေနဲ့ ဟောပြောနေပါတယ်။ အခုတစ်ခေါက်ဆိုရင်တော့ အမ်းမြို့နယ်ထဲမှာ လူထုနဲ့ထိတွေ့မှုက ၁၀ ခေါက်မြောက်ဖြစ်ပါတယ်။ အောင်နိုင်ရေးက ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ စည်းရုံးရေးကတော့ ရေလွှမ်းခံရပြီး တောက်လျှောက် ဆင်းခဲ့ပါပြီဟု” အမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ၀င်ရောက်အရွေးခံမည့် ဒေါ်ခင်လှရီက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ဒေါ်ခင်လှရီမှ သူမ အနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံမှုကို သုံးသပ်၍လည်းကောင်း၊ ပြည်သူလူထု ထောက်ခံကြိုဆိုမှုကို ကြည့်၍လည်းကောင်း နိုင်မည်ဟု အပြည့်အ၀ယုံကြည်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ အောက်တိုဘာလ ၅ ရက်နေ့မှာ ရှောက်ခြုံကျေးရွာ မှာ ဟောပြောဖို့ စီစဉ်ထားပါတယ်။ ဟောပြောတဲ့နေရာ မှာ ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှာဝင်ပြိုင်မယ့် ဒေါ်ခင်လှရီနဲ့ ပြည်သူ့ လွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်သန်းလှိုင်တို ဖြစ်ပါတယ်”ဟု ဦးဇော်မင်း ကပြောသည်။

အောက်တိုဘာလ ၈ရက်နေ့မှ ၁၀ ရက်နေ့ထိ ဗဟိုအောင်နိုင်ရေးကော် မတီမှ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ဦးခိုင်ပြည်စိုးနှင့် တို့ လာရောက် အားဖြည့် ဟောပြောမည်ဟု သိရသည်။


http://www.narinjara.com/

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။