ဘုန်းကြီးနှင့် သီလရှင်အယောင်ဆောင် လိမ်လည်အလှူခံသည့် အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျူးကျော်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင်ငှားရမ်းနေထိုင်ပြီး သင်္ကန်းများ၊ သီလရှင်ဝတ်စုံများဝတ်ဆင်၍ လိမ်လည်အလှူခံနေသည့် အမျိုးသားရှစ်ဦးနှင့်အမျိုးသမီးသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ပြင်ဦးလွင် မြို့မရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

မိုးကုတ်ကျောင်းဆရာတော် နှင့် အခြားသံဃာတော်များက ကျူးကျော်ရပ်ကွက်တွင် ငှားရမ်း နေထိုင်သူများကို သွားရောက် ဖမ်းဆီး၍ ရဲစခန်း လာရောက်ပို့ ဆောင်ခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စ ခန်းမှ အကြီးတန်းရဲအရာရှိတစ်ဦး ကပြောသည်။

‘‘ကျွန်တော်တို့ ဖမ်းတာမ ဟုတ်ဘူး။ မိုးကုတ်ကျောင်းဆရာ တော်ကနေ ဖမ်းဆီးပြီး စခန်းကို လာပို့တယ်။ ရဲအရေးမပိုင်မှုဖြစ် တဲ့အတွက်တရားရုံးကို ဦးတိုက် လျှောက်ထားပြီး စခန်းမှာချုပ် ထားတယ်’’ဟု ၎င်းကထပ်မံပြော ကြားသည်။

ယင်းအမှုတွင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ကို ပြင် ဦးလွင်မြို့နယ်တရားရုံးတွင် စက် တင်ဘာ ၂၃ ရက်က ဦးတိုက် လျှောက်ထားခဲ့ရာ ပြစ်မှု ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် လက်ခံထားရှိကြောင်း  ပြင်ဦးလွင် မြို့မရဲတပ်ဖွဲ့စခန်းမှ ထပ်မံစုံစမ်းသိရသည်။

        အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာမျှသိရှိခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။