စီးရီးအေချန်ပီယံ ဖြစ်နိုင်သေးဟု ဂျူဗင်တပ်နည်းပြ ပြောကြား



တူရင်- စနေနေ့က နာပိုလီကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး အဆိုးရွားဆုံး ရာသီအစကို ဆက်လက်ရင်ဆိုင်နေရသော်လည်း ဂျူဗင်တပ်အသင်းသည် စီးရီးအေချန်ပီယံဖြစ်နိုင်ဆဲ ဟု နည်းပြအယ်လီဂရီက အခိုင်အမာပြောသည်။ နာပိုလီအတွက် လိုရန်ဇိုနှင့် ဟီဂူအင်တို့က ဂိုးများသွင်းယူခဲ့ပြီး ဂျူဗင်တပ်မှာ ယခုရာသီ ၎င်း တို့၏ တတိယရှုံးပွဲကို ကြုံခဲ့ရသည်။ သို့သော်အယ်လီဂရီကမူ ဂျူဗင်တပ်အသင်းသည် မကြာမီ ဇယားထိပ်ပိုင်းသို့ ပြန်ရောက်လာမည်ဟု ပြောကြားပြီး အသင်းမှ အဓိကကစားသမားများ ဒဏ်ရာရနေသဖြင့် အတွေ့အကြုံနည်းသူများနှင့် ကစားနေရသောကြောင့် အသင်းအတွက် ခက်ခဲနေသည်ဟု ၎င်းက ပြောသည်။

‘‘ခက်ခဲတဲ့ အချိန်ပါ။ ဒါပေမဲ့လည်း ပြိုင်ပွဲက ရှည်ကြာတယ်။ ချန်ပီယံလို စိတ်ဓာတ်နဲ့ ကစားရမယ်။ ထိပ်ဆုံးနေရာကို တိုက်ပွဲဝင်ဖို့ ဂျူဗင်တပ်ပြန်လာပါမယ်။ အခက်အခဲက ရုန်းထွက်ရမယ်။ ဒဏ်ရာရနေတဲ့ ကစားသမားတွေ ပြန်ပါလာရင်တော့ အတွေ့အကြုံရင့်ကစားသမားတွေနဲ့ ပြန်ကစားနိုင်ပါလိမ့်မယ်’’ဟု အယ်လီဂရီက ပြောသည်။ နာပိုလီနှင့် ပွဲတွင် ကစားပုံ မဆိုးသော်လည်း တစ်ဖက်အသင်းက တန်ပြန်တိုက်စစ် အလွန်ကောင်းခဲ့သည်ဟု အယ်ရီဂရီက ပြောသည်။    

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။