ရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် ကျောက်တော်-ပုဏ္ဏားကျွန်း ရထားလမ်းပိုင်းတစ်နေရာ (ဓာတ်ပုံ − မောင်ကံ)
ရခိုင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီး သွားသည့် ကျောက်တော်-ပုဏ္ဏားကျွန်းလမ်းပိုင်းရှိ ရထားလမ်းကို ယခု ပွင့်လင်းရာသီ၌ ပြန်လည် ပြုပြင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မိုးတွင်းကာလဖြစ်တဲ့ အတွက် စက်ယန္တရားတွေ သွားလာဖို့ အခက်အခဲရှိပါတယ်။ လာမယ့်နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်ဆိုရင်တော့ ရထားလမ်း တာပေါင် ပြန်လည်ပြုပြင်တာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောလောဆယ် ပျက်စီးမှုနည်းတဲ့အပိုင်းတွေကိုတော့ ချက်ချင်းပြုပြင်ပြီးတော့ ရထားပြေးဆွဲနေတာလည်းရှိပါတယ်’’ဟု ရထားစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သို့သော် ကျောက်တော် - ပုဏ္ဏားကျွန်း ရထားလမ်းပိုင်းရှိ ရထားလမ်း ပျက်စီးမှုကြောင့် ရထားပြေးဆွဲမှု ရပ်နားထားရသဖြင့် ကျောက်တော်မှစစ်တွေမြို့သို့ ဟင်းသီးဟင်းရွက်သွားရောက်ရောင်းချနေသူများ အဆင်မပြေဖြစ်နေကြောင်း ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှ ကိုဇော်ဝင်းဌေးက ပြောကြားသည်။
‘‘ရထားမဆွဲတော့ ဟင်းသီး ဟင်းရွက် ရောင်းတဲ့သူတွေနဲ့ ထင်းရောင်းတဲ့သူတွေ အဆင် မပြေဖြစ်ကြပါတယ်။ ကားနဲ့သွား ဖို့က စရိတ်ကြီးတာကြောင့် ရထားအမြန်ပြန်ဆွဲဖို့ လိုလားနေကြပါ တယ်’’ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်အတွင်းက ရေကြီးနစ်မြုပ်မှုကြောင့် ရထားလမ်း၊ ကားလမ်း များလည်း ပျက်စီးခဲ့ပြီး ကျေးလက်လမ်းများ ပျက်စီးမှု များပြားခဲ့ကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။