သမ္မတလွတ်ငြိမ်းမှ ပေးသောဒုက္ခ


သတင်း(၁) - ရန်ကုန်တိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ် မြောက်လာသူတစ်ဦးက လွတ်မြောက်ပြီး ရက်ပိုင်းအတွင်းမှာပင်   ရပ်ကွက်ရှိ ရာအိမ်မှူးကို ဓားဖြင့် ဝင်ခုတ်-

သြဂုတ်ဆန်းက လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူက သြ ဂုတ် ၂၀ ရက်တွင် ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးနှင့် အချေအတင်ဖြစ်ရာမှ ရာအိမ်မှူးရုံးသို့ လာ၍ ဓားဖြင့် ဝင်ခုတ်သွားခဲ့သည်။ အခင်းဖြစ် ပွားချိန်တွင် ကျူးလွန်သူမှာ အ ရက်သောက်ထားကြောင်းနှင့် ပြစ် မှုကျူးလွန်ပြီး ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်သက်သေများ က ပြောသည်။ 
သတင်း(၂)- မန္တလေးတိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ် မြောက်လာသူက ရက်ပိုင်းအတွင်းမှာပင် ဓားထောက်၍ ငွေခြိမ်းခြောက်တောင်းခံမှုဖြစ်ပွား-
ဇူလိုင်လကုန်က မန္တလေးမြို့တွင် လွတ်ငြိမ်းဖြင့်လွတ်လာသူက သြဂုတ်အတွင်းမှာပင် လူငယ်တစ်ဦးကို မိသားစုဝင်များရှေ့မှာတင် ဓားထောက်၍ ခြိမ်းခြောက်ငွေ တောင်းခဲ့သည်။ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့ ရာ ကျောင်းသားကို ဓားစာခံလုပ် ပြီး ထွက်ပြေးသွားခဲ့ကြောင်း  ပြည် ကြီးတံခွန်မြို့နယ်ရဲစခန်းမှ အ တည်ပြု ပြောကြားသည်။ 

သတင်း(၃)- ရန်ကုန်တိုင်းအတွင်း ညဘက်အချိန် ပုံမှန်လှည့်ကင်းများ လှည့်လည်စစ်ဆေးရာမှ မသ င်္ကာဖွယ်လူတစ်ဦးကို မေးမြန်းစစ် ဆေးရာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာပြီး နေစရာမရှိ၍ လျှောက်သွားနေခြင်းဟုထွက်ဆို-
သြဂုတ်ပထမပတ်က မသင်္ကာဖွယ်လူကို တွေ့ရှိခဲ့ပြီး စစ်ဆေးရာ နေပြည်တော်ထောင်မှ လွတ်လာပြီး ပြန်စရာ အိမ်မရှိဖြစ်ကာ လမ်းမပေါ်တွင် လျှောက်သွားနေသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း  ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ 
 အထက်ပါ သတင်းသုံးပုဒ်တွင် တူညီစွာ ပါဝင်လာသော စကားလုံးမှာ ‘‘လွတ်ငြိမ်းချမ်းသာခွင့် ဖြင့်လွတ်မြောက်လာသူ’’ဟူ၍ဖြစ် ပါသည်။ ထောင်မှထွက်လာပြီး ပြန်လည်ကျူးလွန်သော ပြစ်မှုအ ချို့ကို ဥပမာထုတ်နုတ်ထားခြင်း ဖြစ်ပြီး ထိုထက်ပိုသော၊ လူမသိ လိုက်သော၊ စာမျက်နှာပေါ်မ ရောက်ခဲ့သော ‘‘လွတ်ငြိမ်း’’ဖြင့် လွတ်မြောက်လာသော ထောင် ထွက်အချို့၏ မှုခင်းများလည်း ကျိန်းသေရှိနေလိမ့်မည်ဟု ဥပဒေ ပညာရှင်အများစုနှင့် ရဲတပ်ဖွဲ့ဝင် များကပါ တညီတညွတ်တည်း ပြောကြသည်။ 
  သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် (၁၇) ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ဇူလိုင် ၃၀ တွင် အကျဉ်းသားခုနစ်ထောင်ခန့် လွှတ်ပေးခဲ့ခြင်းမှာ မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုမဟုတ်ကြောင်း ဥပဒေပညာရှင်များ နှင့် ပညာရှင်များက သုံးသပ်ကြ သည်။ ဆန္ဒပြလယ်သမားများ၊ ကျောင်းသားများ၊ အလုပ်သမားများ တက်ကြွလှုပ်ရှားသူများနှင့်ယုံကြည်ချက်အကျဉ်းသားများကို ချန်လှပ်၍ ထောင်ဒဏ်တစ်သက် ကျခံနေရသည့် သစ်ခိုးထုတ် တရုတ်နိုင်ငံသားများကို ရက်ပိုင်းအတွင်း ပြန်လွှတ်ခြင်းအပေါ် အားလုံးက ဝေဖန်ကြသည်။ (၁၇) ကြိမ်မြောက် အထွေထွေလွတ်ငြိမ်းသည် လွတ်ငြိမ်းချမ်းသာခွင့် သက်တမ်းတစ်လျှောက်၌ စည်းစနစ်မကျဆုံးနှင့် တရားဥပဒေကို စိန်ခေါ်မှုများအား သယ်ဆောင်လာမည့် လွတ်ငြိမ်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင် ဇော်(မရမ်းကုန်း)က အဓိပ္ပာယ်ဖွင့် သည်။ 
‘‘လွှတ်ပေးလိုက်တဲ့လူတွေနဲ့ ပတ်သက်ပြီး မူဝါဒရယ်၊ ရည်ရွယ် ချက်ရယ်၊ စီမံချက်ရယ် ဘာကိုမှ အတိအကျမသိရဘူး။ တရုတ်ကို လွှတ်ပေးချင်ဇောမှာ တရုတ်ရောင်တော်ပြန်နဲ့ရောလွှတ်တဲ့ အကျဉ်းသားခုနစ်ထောင်နီးပါးမှာ အများစုဟာ ပြစ်မှုကျူးလွန်ဖို့ ဝန်မလေးသူ တွေဖြစ်တယ်။ ဒါဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ’’ဟု ၎င်းက ပြောသည်။ 
ဇူလိုင် ၃၀ လွတ်ငြိမ်းချမ်းသာခွင့်မှာ အစိုးရက သစ်ခိုးထုတ်သူ များကို လွှတ်ပေးလိုပြီး တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်း သားများကိုလည်း ထောင်အတွင်း ဆက်ထားလို၍ ဆန္ဒနှစ်ခုစလုံးကို အကောင်အထည်ဖော်လိုက်ရာ တွင် ပြစ်ဒဏ်ခံရန် လိုအပ်နေသေး သော၊ ပြစ်မှုထပ်မံမကျူးလွန်ရန် အတွက် ထောင်တွင်းလေ့ကျင့်ရေး များ မပြည့်စုံသေးသော လူများစွာ အပြင်ရောက်လာကြောင်း ဥပဒေ ပညာရှင် ဦးကိုနီက သုံးသပ်သည်။
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသော နိုင်ငံ ရေးအကျဉ်းသားများကို ဦးစားပေးလွှတ်ပေးသင့်ပြီး အကယ်၍ ပြစ် ဒဏ်ကျသူ လူမိုက်များကို လွှတ် ချင်လျှင် ရက်ခြား၍၊ လခြား၍ လျှော့ရက်ဖြင့် လွှတ်သင့်ကြောင်း ဦးကိုနီက ဆက်လက်ပြောသည်။ 
‘‘အခုက သုံးလနေမှ ငါးလ နေမှ လူမိုက်တစ်သုတ်လွတ်မယ့် နေရာမှာ ဝုန်းဆိုအုပ်စုလိုက်ကြီး လွှတ်ချလိုက်တယ် အေးရော’’ဟု ၎င်းက ဆက်လက်ပြောသည်။ 
နိုင်ငံတကာလွတ်ငြိမ်းများတွင် ထောင်တွင်းပြစ်ဒဏ် ထပ်မ ကျူးလွန်သူ၊ ကျူးလွန်ခဲ့သည့်ပြစ် မှုများမှာ ကိုယ်ကျင့်တရားနှင့်မ ပတ်သက်သော လူ့အဖွဲ့အစည်း ကို ထိခိုက်သော ပြစ်မှုမကျူးလွန် ခဲ့သည်များကို ဦးစားပေးစဉ်းစား ကြောင်း ဦးခင်ဇော်(မရမ်းကုန်း) ကလည်း ပြောသည်။ လွတ်လာလျှင်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ကို ပုံမှန်သတင်းပေးပို့ရပြီး စောင့် ကြည့်သူများရှိကြောင်း ၎င်းက ပြောသည်။ ‘‘မြန်မာနိုင်ငံ မှာက ကံစမ်းမဲဖောက်နေသလိုပဲ’’
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဖြစ်သူ ဦးမင်းဇေယျကလည်း လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ ‘‘အစိုးရပေးတဲ့လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးအသုံးချဖို့ သက်သက်ဖြစ်နေတာ။ ကျွန်တော်တို့ ထောင်ထဲမှာ ကိုရာဇ၀တ်အကျဉ်းသားတွေရဲ့ အမြင်သဘောထား တော်တော်ကြားခဲ့ရတယ်။ ရာဇ၀တ်အကျဉ်းသားတွေကိုယ်တိုင်ပြောတာ ရှင်းရှင်းလေး။ သူတို့က မကြာခင်လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာပါမှာပဲတဲ့။ အဲဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ကိုမျှော်ပြီးရာဇ၀တ်မှုကျူးလွန်နေသလို ဖြစ်နေတယ်ဆိုတာ တွေ့ခဲ့ရတယ်’’ ဟု မှတ်ချက်ပြုသည်။
လမ်းမတော်မြို့နယ်ရှိ အ ထည်ဆိုင်တစ်ခုတွင် သူခိုးဝင် ခိုးသောကြောင့်  ရဲစခန်းသို့အမှု သွားဖွင့်ရာ ရန်ကုန်တိုင်းအတွင်းမှာပင် လူထောင်ကျော်လွတ်လာ ၍ ပြစ်မှုမှတ်တမ်းရှိသူများကို ခန့် မှန်းထောက်လှမ်းရန် မလွယ်ကူ တော့ကြောင်း ရဲစခန်းကတုံ့ပြန်ခဲ့ သည်ဟု အထည်ဆိုင်ပိုင်ရှင်အမျိုး သမီးကပြောသည်။ရာဇ၀တ်မှုတစ်ခုကို ရှာဖွေ ဖော်ထုတ်ရာတွင် မျက်မြင်သက် သေများနှင့်အတည်ပြုသူများမရှိလျှင် ယခင်ပြစ်မှုမှတ်တမ်းများကို ခန့်မှန်းစုံစမ်းရသည်မျိုးရှိသည်။ ထို့ကြောင့် ယခင်ပြစ်မှုရှိသူများနှင့် လွတ်လာသူများပေါင်းလျှင် ပြစ်မှု မှတ်တမ်းရှိသူများ များပြားလာ သောကြောင့် စုံစမ်းရန်မလွယ်ကူ တောကြောင်းလမ်းမတော်ရဲစခန်း မှ အရာရှိတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းတွင် ဇူလိုင် ၃၀ ရက်၌ လွတ်ငြိမ်းဖြင့်လွတ်မြောက် လာသူများအနက် ခိုးမှု၊လုယက်မှု၊ ခြိမ်းခြောက်ငွေတောင်းခံမှု၊ နာ ကျင်စေမှုကျူးလွန်သူ ခြောက်ဦး ရှိသည်။ အိမ်ပြန်ရန်စရိတ်မရှိ၍ ၁၃(၈) မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးခံ ရသူနှစ်ဦးရှိကြောင်းရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှရရှိသော စာရင်း ဇယားများအရသိရသည်။
ရန်ကုန်သာမက မန္တလေးမြို့ တွင်လည်း တစ်လအတွင်းလွတ် ငြိမ်းများမှ ပြစ်မှုကျူးလွန်မှု လေးမှုရှိသည်။ အများစုမှာ ဆိုင်ကယ် ခိုးမှုကျူးလွန်ကြောင်း မှုခင်းမှတ် တမ်းများတွင်တွေ့ရသည်။ 
နေပြည်တော်လည်းတစ်လ အတွင်း လွတ်ငြိမ်းဖြင့်လွတ်ခဲ့သူတို့က ခိုးမှုနှင့်မှောင်ရိပ်ခိုမှုနှစ်မှု ဖြစ်ပွားခဲ့သည်။
ထင်ရှားသောလွတ်ငြိမ်းပြစ် မှုမှာသြဂုတ် (၂၈) ရက်က ကြည့် မြင်တိုင်တစ်ဖက်ကမ်းရှိရွာတွင် အရက်မူးနေသူလွတ်ငြိမ်းက ရဲ တပ်ဖွဲ့ဝင်များကို ဓားရှည်ဖြင့်ဝင် ရောက်ခုတ်ခဲ့မှုဖြစ်သည်။
အခြားပြည်နယ်နှင့်တိုင်းဒေ သကြီးများတွင်လည်း ပြန့်ကျဲနေ သော လွတ်ငြိမ်းပြစ်မှုများ ရဲစခန်း တွင် အမှုမဖွင့်လျှင်ပင် ကျိန်းသေ ရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့မှုခင်းတိုက်ဖျက်ရေး (ဗဟို)မှ အကြီးတန်းရဲအရာရှိကြီးတစ်ဦးက ပြောသည်။
သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့်သည် ရဲတပ်ဖွဲ့အတွက်လည်း ကောင်းသောလက္ခဏာမဖြစ်ခဲ့ပါ ဟု အထက်ပါရဲအရာရှိကပြော သည်။
‘‘ဒါက ၈၈ တုန်းကလို အဖြစ် အပျက်မျိုးတွေ ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ခြေရှိတဲ့အခြေအနေ တစ်ခုကို ဖန်တီးနေသလိုဖြစ်နေ တယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့က လွတ်ငြိမ်းတွေကို ပြန်လွတ်လာပြီး စောင့်ကြည့်ပါတယ်။ သတင်းယူ ပါတယ်။ မြို့နယ်၊ တိုင်းအလိုက် လွတ်ကတည်းက စလုပ်ခိုင်း တယ်။ စစ်တမ်းတွေအရ လူဦးရေ ၃,၅၀၀ ကိုရဲတစ်ယောက်နှုန်းနဲ့ ပြစ်ချက်ရှိ လူမိုက်အယောက် ၆၀ ကျော်ကို ရဲတစ်ယောက်နှုန်းနဲ့ထိန်း နေရတယ်ဆိုတော့ ဘယ်လိုမှ အ ဆင်မပြေနိုင်ဘူးလေ’’ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းတွင်မူ လွတ် ငြိမ်းများလွတ်လာပြီးချိန်မှစ၍ မှု ခင်းများထိန်းချုပ်ရန်နှင့် စောင့် ကြည့်ရန် ကျားနက်စီမံချက်ကို စတင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကဆိုသည်။ ထို့အပြင် ရန်ကုန် တိုင်း၏ ခိုးဆိုးနှိုက်များပေါများနှုန်း နှင့် မှုခင်းဖြစ်ပွားမှုအခြေအနေကို အနီရောင်အဆင့်သတ်မှတ်ထား သည်။
‘‘လွတ်ငြိမ်းချမ်းသာတွေကို ဘာလို့စိတ်ပူနေလဲဆိုတော့ ကျွန် တော်ထင်တယ်။ လွတ်လာတဲ့သူအချို့လက်ရဲဇက်ရဲနဲ့ သေမထူး နေမထူးတွေဗျ။ ထောင်ထဲမှာ ခုနစ်နှစ်နေရမှာကို ငါးနှစ်လောက်နဲ့လွတ်လာတယ်။ အဲဒီတော့ သူကဘာကို ကြောက်တော့မှာလဲ။ ထောင်ကျတော့လည်းဗျာ ဘောလုံးကန်လိုက်၊ ခြင်းခတ်လိုက်နဲ့ပြီးသွားတာပဲ’’ဟု လူရိုက်မှုဖြင့် မော်လမြိုင်အကျဉ်းထောင်တွင် ရှစ်လနေခဲ့ရပြီး ၂၀၁၄ ဇန်န၀ါရီ၌ လွတ်ငြိမ်းဖြင့် လွတ်လာကာ လက်ရှိမြောက်ဥက္ကလာပတွင်ဆိုင် ကယ်ကယ်ရီဆွဲနေသူကိုဇော်အေး ကပြောသည်။
 ဥပဒေပညာရှင်ဦးကိုနီက ပြစ်ဒဏ်ကျိန်းသေကျခံရမည့် လူ များ၊ အပြစ်မှလွတ်ရန်မလုံ လောက်သေးသူများကို အဆင်ခြင်မဲ့စွာ ပြန်လည်လွှတ်ပေးလိုက်ခြင်း မှာ အဆိုပါပြစ်မှုကျူးလွန်သူများ ကို ဖမ်းဆီးပေးနေသည့် ရဲတပ်ဖွဲ့ နှင့် တရားရေးအသိုင်းအ၀ိုင်းကို မထီမဲ့မြင်ပြုခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်သည်။ ‘‘ငွေကြေးတွေအ ကုန်ခံ၊ ဦးနှောက်တွေအခြောက်ခံ ပြီး တကယ့်လူ့အဖွဲ့အစည်းတွေကို ထိခိုက်နိုင်တဲ့ တရားခံတွေကို ထောင်ထဲထည့်ထားရတာ။ အခု ဟာက ခဏခဏ လွတ်တယ်။ရမ်း  သမ်းလွှတ်တယ်။ တကယ်အ သက်စွန့်အလုပ်လုပ်နေတဲ့ရဲတွေ ဘယ်အလုပ်လုပ်ချင်တော့မလဲ’’ ဟု ဦးကိုနီကပြောသည်။
တရားလွတ်တော်ရှေ့နေဦးတင်မောင်စိုးကလည်း ‘‘ဟိုတစ်လောက ဘုရင့်နောင်မှာ ပိုက်ဆံလုတဲ့အမှုမှာဆိုရင် ကျူးလွန်သူ၁၀ ယောက်တည်းမှာ ရှစ်ယောက်လောက်က လုယက်မှုပြစ်ဒဏ်နဲ့ပြန်လွတ်လာ သူတွေဖြစ်နေတယ်’’ဟုဆိုလေသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။