မြောက်ဦးခရိုင်တွင် အသက်မပြည့်သေးသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးကို ရွေးကောက်ပွဲကော်မရှင် ပယ်ချ

 ရွေးကောက်ပွဲတွင် မြောက်ဦးခရိုင်မဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူနှစ်ဦးကို အသက် မပြည့်သည့်အတွက်  မြောက်ဦးခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ကြောင်း သတင်းရရှိ သည်။
ခရိုင်ရွေးကောက်ပွဲကော်မ ရှင်က ပယ်ချလိုက်သူနှစ်ဦးမှာ ကျောက်တော်မြို့နယ် မဲဆန္ဒနယ် မှ အမျိုးသားလွှတ်တော်တွင် ၀င် ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု တစ်ဦးနှင့် မြိုတိုင်းရင်းသား ဖွံ့ဖြိုး ရေးပါတီကိုယ်စားပြုသူ တစ်ဦး တို့ဖြစ်သည်။
‘‘အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲဥပဒေအရ ကိုယ်စား လှယ်လောင်းတစ်ဦးဟာ ရွေး ကောက်ပွဲကျင်းပမယ့်နေ့မှာ အ သက်(၃၀) ပြည့်ရမှာဖြစ်ပါတယ်။ အခုပယ်လိုက်တဲ့သူနှစ်ဦးက အ သက်မပြည့်တဲ့အတွက် ဖြစ်ပါ တယ်’’ဟု မြောက်ဦးခရိုင် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာ ၀န်ရှိသူတစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပယ်ချခံရသူကိုယ်စားလှယ် လောင်း ခြောက်ဦးရှိပြီဖြစ်ပြီး အ သက်မပြည့်သေး၍ နှစ်ဦးနှင့်ကျန် လေးဦးတို့မှာ ကိုယ်စားလှယ် လောင်းမွေးဖွားစဉ်၎င်း၏မိဘနှစ် ပါးမှာ နိုင်ငံသားများမဟုတ်၍ပယ် ချခံရခြင်းဖြစ်သည်။
မြောက်ဦးခရိုင်ရှိ ကျောက် တော်၊ မြောက်ဦး၊ မင်းပြားနှင့်မြေ ပုံမြို့နယ်မဲဆန္ဒနယ်မှ ရွေးကောက် ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ပါတီရှစ်ပါတီနှင့်  ပါတီကိုယ်စားပြုယှဉ်ပြိုင်ရန်  အမည်စာရင်းတင် သွင်းထားသူ၇၈ ဦး၊တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင် သွင်းထားသူ ၁၂ ဦးရှိကြောင်းခရိုင်ကော်မရှင်မှ   သတင်းရရှိ သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။