အင်တာမီလန်အသင်း သည် တူရကီကလပ် ဂါလာတာ စာရေးမှ စွယ်စုံရ ဘရာဇီးကွင်း လယ်လူ မီလိုနှင့် ရိုးမားမှ ဆား ဘီးယား တိုက်စစ်မှူးလာဂျာဂျစ် တို့ကို ဈေးကွက်မပိတ်မီ အပြီး သတ် ခေါ်ယူနိုင်ခဲ့သည်။
၂၀၁၀ ကမ္ဘာ့ဖလားတွင် ဘ ရာဇီးအသင်း၌ ပါဝင်ခဲ့သည့် မီလို (၃၂) နှစ်သည် ထိုနောက်ပိုင်း တူရကီတွင် သွားရောက်ကစား ခဲ့ပြီး အင်တာသို့ ပြောင်းရွှေ့ ကြေး ယူရို ၃ ဒသမ ၅ သန်းဖြင့် ရောက်လာခြင်းဖြစ်သည်။
အင်တာသည် ရိုးမားတိုက် စစ်မှူး လာဂျာဂျစ် (၂၃) နှစ်ကို မူ တစ်ရာသီအငှားစာချုပ်၊ ယူရို နှစ်သန်းဖြင့် ခေါ်ယူခဲ့ကာ စွမ်း ဆောင်ရည် သဘောကျပါက ၂၀၁၆ တွင် ယူရို ကိုးသန်း ထပ် ဖြည့်ပေးပြီး ဝယ်ယူရန် အချက် ထည့်သွင်း ချုပ်ဆိုကာ ခေါ်ယူနိုင် ခဲ့ခြင်းဖြစ်သည်။
မီလိုနှင့် လာဂျာဂျစ်တို့ကို အင်တာက ခေါ်ယူခြင်းမှာ ကိုဗာ စစ်နှင့် ဟာနန်နက်စ်တို့ ထွက်ခွာ သွားခြင်းအတွက် အားဖြည့်ရန် ဖြစ်သည်။
အင်တာသည် ယခုရာသီ တွင် ပြင်သစ်ကွင်းလယ်လူ ကွန် ဒိုဘီယာ၊ ခရိုအေးရှားကွင်းလယ် လူ အီဗန်ပါရီဆစ်၊ နောက်ခံလူ မာရီလိုနှင့် မီရန်ဒါ၊ တိုက်စစ်မှူး ဂျိုဗက်တစ်နှင့် မာတင်မွန်တိုယာ တို့ကို ခေါ်ယူ အားဖြည့်ထား သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။