ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကူညီရန် ကန်ဒေါ်လာ ၇၅ သန်းခွဲလိုအပ်ဟု UNOCHA ထုတ်ပြန်

ပြိုကျသွားသော နေအိမ်များကို ကြည့်ရှုနေသည့် ဟားခါးဒေသခံနှစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရေဘေးဒဏ်သင့်ပြည်သူ ခြောက်သိန်းခန့် ဘဝပြန်လည် ထူထောင်ရေးအတွက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကူညီရန် အမေ ရိကန်ဒေါ်လာ ၇၅ သန်းခွဲလိုအပ် နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က အစီရင်ခံစာထုတ်ပြန်သည်။
အဆိုပါအဖွဲ့၏ရေဘေးတုံ့ ပြန်ကယ်ဆယ်ရေးကနဦးအစီအ စဉ်အရ သြဂုတ်မှ ဒီဇင်ဘာအထိ ငါးလတာအတွင်း လူ ၅၈၀,၀၀၀ ကျော်၏လိုအပ်ချက်ကို ဖြည့်တင်း ရန် ကန်ဒေါ်လာ ၇၅ ဒသမ ၅ သန်းလိုအပ်သည်ဟု ဆိုထားပြီး ယင်း ပမာဏမှာ ၂၀၁၁ က ထိုင်းနိုင်ငံ ကို အကြီးအကျယ်ထိခိုက်ခဲ့သော ရေဘေးဒဏ်ထက် ပိုများသော ကုန်ကျစရိတ်ဖြစ်သည်။
ထိုင်းတွင် ၂၀၁၁ က ရေဘေးကြောင့် လူ ၈၁၅ ဦး(သုံးဦးပျောက် ဆုံး)သေဆုံးခဲ့ပြီး လူပေါင်း ၁၃ ဒသမ ၆ သန်း ရေဘေးဒဏ်သင့် ခဲ့သည်။ ထိုရေဘေးကြောင့် စီး ပွားရေးပျက်စီးဆုံးရှုံးမှုမှာ အမေ ရိကန်ဒေါ်လာ ၄၅ ဒသမ ၇ သန်း ရှိသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း ခဲ့သည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ ကြီး၏အဆိုအရမူ ထိုင်းရေဘေး ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၄၀ ဒသမ ၈ သန်းရှိခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ရေ ဘေးကြောင့် လူ ၁၁၇ ဦးသေဆုံး ခဲ့ပြီး လူပေါင်း ၁ ဒသမ ၆ သန်း ကျော် နေရပ်စွန့်ခွာခဲ့ရသည်ဟု အစိုးရ၏အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။ ယခုလိုအပ် ချက်သည် လူဦးရေနှင့် ကယ်ဆယ်ရေးဦးစားပေးမှုများမှာ ပြုလုပ်နေ ဆဲအကဲဖြတ်မှုများအနက် ကနဦး တွေ့ရှိချက်များ၊ ရေဘေးပြင်း ထန်သော ဒေသများပြမြေပုံ၊ အ ချက်အလက်လေ့လာချက် စ သည်တို့အပေါ် အခြေခံ၍ ခန့်မှန်း တွက်ချက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
ရေဘေးဒဏ်အခံရဆုံးအ ဖြစ် အစိုးရက သတ်မှတ်ထား သော မြို့နယ် ငါးမြို့နယ်၊ နောက် တိုး ၁၂ မြို့တို့ရှိ စုစုပေါင်းလူဦးရေ မှာ ၂ ဒသမ ၅ သန်းရှိခဲ့သည်။ ထို့ ကြောင့် ထပ်ဆောင်းကယ်ဆယ် ရေးတုံ့ပြန်မှု၊ အကဲဖြတ်သတင်း အချက်အလက်များ နောက်ထပ် ရောက်ရှိလာမည်ဖြစ်၍ အထက်ပါအစီအစဉ်ကို အကောင်အထည်စတင်ဖော်ပြီးနောက် တစ်လ အကြာတွင် လိုအပ်သလို ပြန်လည် သုံးသပ်စိစစ်မည်ဟု ဆိုသည်။
အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ်(ADB)အနေဖြင့် မြန်မာရေ ဘေးပြန်လည်နာလန်ထူရေး အ တွက် ကန်ဒေါ်လာ ၃ သန်းကူညီ မည်ဟု သြဂုတ် ၂၅ ရက်က ကြေ ညာခဲ့သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။