ဇေကမ္ဘာဝင်းအတွင်း မူးယစ်ဆေးအမှုနှင့် ၀ရမ်းထုတ်ထားသူများ၏ဓာတ်ပုံ ဖြန့်ဝေ

ရန်ကုန်မြို့ ဇေကမ္ဘာဝင်း အတွင်း ကမ္ဘာ့ဒုတိယပမာဏ အ များဆုံး WY မူးယစ်ဆေးဝါး ၂၆ သန်းကျော် ပိုင်ရှင်မဲ့ဖမ်းမိခဲ့ပြီး ယင်းအမှုနှင့်ပတ်သက်၍ ၀ရမ်း ထုတ်ထားသူများ၏ ဓာတ်ပုံများ ကို မြန်မာနိုင်ငံအတွင်းရှိ ရဲစခန်း များနှင့် ဟိုတယ်များတွင် တွေ့ရှိပါက အကြောင်းကြားပေးရန် အ ကူအညီတောင်းခံထားကြောင်း သတင်းရရှိသည်။
အဆိုပါ မူးယစ်ဆေးဝါးများ နှင့်ပတ်သက်ပြီး ကုလားတန်မြစ် ၀ှမ်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ နှင့် အာရကန်ဘေး (Araka Bay) ကုမ္ပဏီမှ လူများနှင့် ဆက်စပ်သူ ၁၃ ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း မူးယစ်ဆေးဝါးတားဆီးရေးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုမှာ ရေ လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ် ငန်းအဖြစ် တရားဝင်မှတ်ပုံတင် ထားသည့် ကုမ္ပဏီများဖြစ်သော် လည်း ယင်းနှင့်ပတ်သက်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိ သေးကြောင်း သိရသည်။
‘‘တရားခံတွေ အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့အတွက် တစ်နိုင်ငံ လုံးမှာရှိတဲ့ စခန်းတွေ၊ ဟိုတယ် တွေကို ဓာတ်ပုံတွေ ပို့ပေးထားပါ တယ်။ ပြည်သူတွေအနေနဲ့လည်း မသင်္ကာသူတွေ တွေ့တယ်ဆိုရင် နီးစပ်ရာ မြို့နယ်ရဲစခန်းတွေကို သတင်းပေးပြီး ကူညီစေချင်ပါ တယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ထွက်ပြေးလွတ်မြောက်နေ သည့် တရားခံ ၁၃ ဦး၏ ပိုင်ဆိုင် မှုများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေသိမ်းဆည်းနေပြီး တရားခံများ ဖမ်းဆီးရမိနိုင်ရန် ပြစ်မှုကျူးလွန် သူများ၏ ဓာတ်ပုံနှင့် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ပူးတွဲဖော်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
 ‘‘မူးယစ်တပ်ဖွဲ့ကတော့ တရားခံတွေ အမြန်ဆုံးမိနိုင်ဖို့အ တွက် လုပ်ဆောင်နေတယ်။ ဒီအ မှုကလည်း ပြည်သူတွေစိတ်ဝင် စားတဲ့ အမှုလည်းဖြစ်နေတယ်။ ရန်ကုန်လို နေရာမျိုးမှာ စိတ်ကြွ ဆေးသန်းချီမိတဲ့အမှုလည်း ဖြစ် တယ်။ တရားခံတွေ အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့အတွက်လည်း အဖွဲ့ အစည်းတွေ အကုန်ပေါင်းပြီး လုပ်ဆောင်နေပါတယ်’’ဟု အဆို ပါရဲအရာရှိက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက် က ရန်ကုန်တိုင်းဒေသကြီး ဇေ ကမ္ဘာဝင်းထဲရှိ ကုန်တင်ကားသေး တစ်စီးပေါ်တွင် ဆာလာအိတ်များ နှင့် ထုပ်ထားသည့် မူးယစ်ဆေး ပြား ၂၆ သန်းကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းမိပြီးနောက် မြောက် ဒဂုံမြို့နယ်တွင် မူးယစ်ဆေးပြားတစ်ဆယ့်ငါးသိန်းနှင့် သာကေတမြို့နယ်တွင် မူးယစ်ဆေးပြား ခြောက်သိန်းခန့် ဖမ်းဆီးရမိခဲ့သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။