ကျောက်ဖြူမြို့တွင် တစ်နေ့တည်း လူ ၁၁ ဦး ခွေးရူးကိုက်ခံရပြီးနောက် မြို့ပေါ် ရပ်ကွက်များရှိ ခွေးလေခွေးလွင့်များကို စည် ပင်ဌာနနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ အဆိပ်ကျွေးရှင်းလင်းရေး လုပ် ဆောင်နေသည်ဟု သတင်းရရှိ သည်။
ကျောက်ဖြူမြို့နယ် ဆား ပြင်ကွင်းရပ်ကွက်တွင် သြဂုတ် ၂၈ ရက်ညနေက မူလတန်း ကျောင်းသား လေးဦး ခွေးရူး ကိုက်ခံရပြီးနောက် အဆိုပါခွေးရူး ကို သတ်ရန်ကြိုးစားသည့် အမျိုး သားလေးဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ၁၁ ဦး ခွေးရူးကိုက်ခံ ရခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့ နယ်စည်ပင်သာယာရေးဦးစီးဌာန နှင့် အရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။
‘‘ကျောင်းသားလေးယောက် အကိုက်ခံရတယ်။ လမ်းဘေးမှာ ဆော့နေချိန်မှာ ခွေးရူးက၀င်ကိုက် တာ။ အဲဒီခွေးရူးကို လူကြီးတွေက ၀ိုင်းရိုက်တော့ မည်းမည်းမြင်ရာလိုက်ကိုက်ရင်း ၁၁ ယောက်အကိုက်ခံရတာပါ’’ဟု ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်ကပြောသည်။ အကိုက်ခံရသည့် လူ ၁၁ ဦးကို ကျောက်ဖြူမြို့နယ် ဆေးရုံ တွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခဲ့ပြီး အားလုံး၏ အခြေအနေစိုးရိမ်စရာ မရှိတော့ဟု ဦးသိန်းလွင်ကပြောသည်။
အဆိုပါ ခွေးရူးကို သတ် လိုက်သည့်အပြင် ယင်းခွေးရူးက ထပ်မံကိုက်ခဲ့သည့် ရပ်ကွက်ထဲမှ ခွေးနှစ်ကောင်ကိုပါ ထပ်မံသတ်ခဲ့ ရကြောင်း ၎င်းကဆက်လက်ပြော သည်။
ခွေးရူးအကိုက်ခံရသူများကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးရန် ကျောက်ဖြူမြို့နယ်ဆေးရုံတွင် ဆေးလုံလောက်မှုမရှိသော ကြောင့် ရန်ကုန်မြို့သို့ လေယာဉ် ဖြင့်မှာ၍ ထပ်မံထိုးပေးခဲ့ရသည် ဟု ကျောက်ဖြူမြို့မှ ဒေသခံ ဦး ထွန်းထွန်းနိုင်ကပြောသည်။
ကျောက်ဖြူမြို့နယ် စည်ပင် သာယာရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးလှပေါ်စံက လူ ၁၁ ဦးကို ခွေးရူးကိုက်သွားသည့် ဖြစ်စဉ်နှင့်အတူ မြို့ပေါ်တွင် ခွေး လေခွေးလွင့်များနေသောကြောင့် အဆိပ်ချ ရှင်းလင်းရေး လုပ် ဆောင်နေသည်ဟုပြောသည်။
ပြီးခဲ့သည့်လကလည်းကျောက်ဖြူမြို့နယ်ဆားပြင်ကွင်း ရပ်ကွက်နှင့် အုန်းတောကျေးရွာတွင် ခွေးရူးကိုက်ခံရသောကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့ပြီး စည်ပင်သာယာရေးဦးစီးဌာန အနေဖြင့် ယင်းအချိန်က ခွေးလေခွေးလွင့်များကို ရှင်းလင်းမှု အားနည်းကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထားသည်။ စည်ပင်ကမူ ပြီးခဲ့သည့်လက ခွေးလေခွေးလွင့်များ ကို စီမံချက်ဖြင့် ရှင်းလင်းမှုလုပ်ခဲ့ သည်ဟု တုံ့ပြန်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။