သန်းလှိုင်(စစ်တွေ)
၁၈ - ၈-၂၀၁၅ နေ့ Daily Eleven သတင်းစာပါ ဆောင်း

ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားမြို့နယ်သည်လည်းရေဘေးသင့်ဒေသတစ်ခုဖြစ်ခဲ့သည်။ ယင်းအတွက် မြို့ ပေါ်အခြေအနေများထက် မြို့ပြင်ကျေးရွာများ၊ မြို့နယ်အတွင်းရှိကျေးရွာများတွင် လိုအပ်ချက်များစွာရှိနေခဲ့သည်။ထို လိုအပ်ချက်များမှာ ဆန်၊ဆီ၊ဆား အစရှိသော စားကုန်များအပြင် သောက်သုံးရေ ရရှိရေးနှင့် အိုးမဲ့အိမ်မဲ့များတွက် အ ဆောက်အဦများပင်ဖြစ်သည်။
လက်ရှိကာလတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းရပ်ဆိုင်ရာများကိုလုပ်ဆောင်နေကြပြီဖြစ်သကဲ့သို့ ကူ ညီ ထောက်ပံ့ရေးလုပ်ငန်းများကိုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားမှ လူမှုအဖွဲ့အ စည်းများ၊ ရခိုင်ပြည်နယ်အတွင်းမှ တခြားသောမြို့နယ်အသီးသီးတို့ကလည်းတတ်သမျှ ကူညီပံ့ပိုးမှုများပြုလုပ်လျက် ရှိသည်ကိုလည်းတွေ့နေရသည်။
သို့သော်လည်း ကဏ္ဍအလိုက်လိုအပ်ချက်များရှိနေသေးသည်ကိုလည်းတွေ့ရသည်။ နေအိမ်ပျက်စီးသွား သောမိသားစုများအတွက် နေအိမ်များပြန်လည်ဆောက်လုပ်ပေးနိုင်ရေးမှာလည်းအရေးကြီးသောကဏ္ဍတစ်ခုအဖြစ် တွေ့နေရသည်။ အိမ်ပေါင်း ၁၂၀၀ ခန့် ပျက်စီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေရ သောမိသာစု ၇၅၀ ကျော်ရှိကြောင်းသိရသည်။ ယင်း တို့သည် လက်ရှိတွင် သီးခြားနေထိုင်နိုင်မှုမရှိသည့်အတွက် မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းကြားတွင်နေထိုင်ကြရ သည်ကိုလည်းတွေ့ရသည်။
“မိသားစုတွေနဲ့ ကလေးတွေနဲ့ဆိုတော့ ကျွန်တော်တို့ အဖေ့အိမ်မှာ ကပ်
ခိုနေရတယ်။ ကိုယ့်အိမ်က ကမ်းပါး ပြိုတဲ့အထဲပါသွားလို့ မရှိတော့ဘူး။ ပြည်နယ်ဝန်ကြီးချုပ်မင်းပြားကိုလာတော့ အိမ်တွေ ဆောက်လုပ်ပေးမယ်လို့ လည်းပြောတယ်။ အဲဒါကိုလည်း ရွှေသံလွင့်ကုမ္ပဏီက အကုန်ကျခံဆောက်လုပ်မယ်လို့ပြောသွားတယ်။ အခုထိ တော့ ဘာမှထပ်မကြားသေးဘူး။ အိမ်မရှိတော့ လုပ်ကိုင်စားသောက်ဖို့လည်းအဆင်ပြေဘူး၊ နေထိုင်ဖို့လည်း အဆင်မပြေဘူးပေါ့။ ဒါကြောင့်အမြန်ဆုံးဆောက်လုပ်ပေးစေချင်ပါတယ်။ အခုက မိုးရာသီဆိုတော့ ပိုးဆိုးတာပေါ့”ဟု အမ်းသားကျေးရွာမှ ဦးအောင်ဇံဝေက ပြောကြားခဲ့သည်။

မရှိမဖြစ်လိုအပ်သော နေထိုင်ရေးအတွက်အိမ်များမရရှိသေးသကဲ့သို့ ပျက်စီးသွားသော မျိုးစပါးများအ တွက်လည်းမျိုးစပါးလိုရှိနေကြသည့်အတိုင် လယ်သမားများလက်ထဲသို့ မျိုးစပါးများမရောက်နိုင်သေးကြောင်း ကို လည်းသိရှိရသည်။ မျိုးစပါးရှိမှသာ လယ်သမားများအတွက် ပျိုးထောင်နိုင်မည်ဖြစ်သည်။
စပါးစိုက်ပျိုးမြေ ဧက ၅၅၀၀၀ ကျော်ရေနစ်မြုပ် ပျက်စီးခဲ့ ကြောင်း ပဏမ ကောက်ယူထားသော စာရင်းများအရသိရှိရပြီး ပြန်လည်စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ယင်းသို့နစ်မြုပ်ခဲ့သော်လည်း မျိုးစပါးများပေး လျှော်ခြင်း သြဂုတ်လ ၁၂ ရက်နေ့အထိမရရှိသေးဖြင့်ရရာ စပါးများကို ကြဲပက်လိုက်ရသည်။ လုပ်ဆောင်ချက်၊ ဆောင်ရွက် များ နှောင့်နှေးကြံ့ကြာမှုများကြောင့် လယ်သမားတို့၏ ဘ၀သည် ရေနစ်ရုံသာမက ဘ၀ပါနစ်ခဲ့ရသည်။ ကျွဲနွားများ သေ ဆုံးခဲ့သည့်အတွက်လည်း ပြန်လည်ထွက်ယက်ရန် ခဲခက်မှုများကို ရင်ဆိုင်ခဲ့ရသည်။
ကျွဲ ၃၆၅ ကောင်၊ နွား ၇၈၂ကောင်၊ ဆိတ် ၁၅၀ ခန့်တို့သေဆုံးခဲ့သည့်အပြင် လှေများလည်းနစ်မြုပ်ပျက် စီးခဲ့ရသည်များရှိခဲ့သည်။ မူလက ပျက်စီးစာရင်းတွင် လှေပျက်စီးစာရင်းမပါဝင်ခဲ့သော်လည်း လှေပျက်စီးခဲ့သော အမျိုးသမီးတစ်ဦးက ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်တင်ပြ တောင်းဆိုခဲ့သဖြင့် လှေပျက်စီးစာရင်းကို ပြန်လည်ကောက်ယူရန် ပြင်ဆင်လျက်ရှိသည်။ သို့သော်လည်း လှေပျက်စီးစာရင်းမှာ နည်းပါးလှကြောင်း လည်းသိရသည်။
“ကျွန်မတို့က လယ်သမားတွေဆိုတော့ ကျွဲ၊ နွားမရှိရင်နေလို့မရတဲ့အခြေအနေပါ။ ရိတ်သိမ်းချိန်ဆိုရင် လည်းကျွဲ၊နွား တွေကိုအားထားရပါတယ်။ အခုဘာမှမကျန်တော့ဘူး။ ဘယ်လိုလုပ်စားမလဲ။လယ်သမားဘ၀က မတိုးတက်တဲ့အပြင် အခုလိုမျိုးဖြစ်သွားတော့ ဘ၀ကိုရင်နာတယ်။ ကျွဲ၊နွားဆိုတာလည်း ပိုင်ဆိုင်မှုဖြစ်ပေမယ့် အခု တော့ ဘာမှမကျန်တော့ပါဘူး။ ဒါကြောင့် ကျွဲ၊နွားတွေ ပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။ သူတို့မရှိရင် လုပ် စားလို့မဖြစ်တော့ပါ”ဟုလည်း မြစ်နားကျေးရွာမှ ဒေါ်လှသာနုက ပြောပါသည်။
ပုစွန်မွေးမြူရေးကန် ၆၂၅၅ ဧကကျော်ပျက်စီးခဲ့ပြီးယင်းတို့အားပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် မဖြစ်နိုင် တော့ကြောင့် ရွှံ့နစ်များပြည့်သွားသည့်အတွက် ယင်းရွှံ့အနယ်များကို ပြန်လည်ထုတ်ပစ်ရန်မှာ ခက်ခဲလှသော လုပ် ရပ်တစ်ခုဖြစ်ကြောင်းလည်း ဒေသခံ ပုစွန်လုပ်ငန်းရှင်များက ဆိုသည်။
မင်းပြားမြို့နယ်အတွင်း လူ ၁၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ယင်းသို့ သေဆုံးမှုတွင်မြစ်နားရွာမှ မိသား စုတစ်ခုတွင် ၆ သေဆုံးခဲ့ရသည်။ အသက်ရှင်ဖို့ လှေဖြင့်ပြေးလွှားရင်း လယ်ကွင်းကိုဖြတ်တိုက်လာသော ရေလှိုင်း က ဘ၀များစွာကို သတ်ဖြတ်လိုက်သည်။ လှေတိမ်းမှောက်သွားခဲ့ပြီး တစ်ခါတည်း ၈ ဦးသေဆုံးခဲ့ရသည်။ အသိ ပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများမရှိသည့်အတွက် ထိုသို့ သေဆုံးခဲ့ရခြင်းဖြစ်ပေသည်။ ယုံကြည်ချက်မှားယွင်း ခြင်း များအပြင် ဆုံးဖြတ်ချက်များကို အချိန်တိုအတွင်းဆုံးဖြတ်ခဲ့ကြရသည့်အတွက် ပြန်ပြင်လို့မရနိုင်ခဲ့သူများပင်ဖြစ် သည်။

“ရေက ဒီလောက်ထိဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြဘူး။ အယင်ကလည်းဒီလိုမကြီး တော့ ရေတက်လာရင်လည်း အိမ်မှာဘဲ နေကြတယ်။ နောက်တော့ ထွက်ပြေးလို့မရဖြစ်သွားရတာမျိုးတွေလည်း ရှိခဲ့တယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာ ၅၅ ယောက်သေဆုံးခဲ့တယ်ဆိုတော့ သိပ်များလွန်းတယ်။ စိတ်မကောင်းစရာ ပါ။ ဒါတွေဟာ အားလုံးအတွက်သင်ခန်းစာပါပဲ”ဟုလည်း ဖုံသာချောင်းမှ အသက် ၆၀ အရွယ်အဘိုးကဆိုသည်။
လက်ရှိတွင်ရေရရှိရေးအတွက် အရေးတကြီးလိုအပ်နေသကဲ့သို့ ခြင်ထောင်နှင့်ဆန်များကိုလည်း လိုအပ် ကြောင်းဒေသခံများကဆိုသည်။ အိုးအိမ်များပျက်စီးခဲ့ရာတွင် ခြင်ထောင်များမရှိသည့်အတွက် ကလေးငယ်များ ခြင် ကိုက်ခံနေရကြောင်းလည်း ပွင့်ထီးကျေးရွာသားတစ်ဦးက ဖုန်းဆက်ပြောဆိုခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း အရေးပေါ်စားဝတ်နေရေးအတွက်ကို ပိုမိုအလေးထား ထည့်တွက်စဉ်းစားခဲ့ကြရသည့် အတွက် ခြင်ထောင်ကူညီပေးသူနည်းပါးခဲ့ကြောင်းလည်းသိရှိရသည်။
တစ်ချို့သော ကျေးရွာများဖြစ်သည့် မြို့နှင့်ဝေးသော ကျေးရွာများတွင် စာသင်ကျောင်းများရှိပါလျက်နှင့် ကလေးငယ် အနည်းစုသာ ပညာသင်ကြားနိုင်ပြီး ကျောင်းမနေနိုင်သောကလေးငယ်များ ပြားနေသည်ကို လည်း တွေ့ရသည်။ မင်းပြားမြို့နယ်အတွင်း စာသင်ကျောင်း ၁၀၇ ကျောင်းရေနစ်မြုပ်ခဲ့ပြီး ကျောင်းပေါင်း ၁၇ ကျောင်းမှာ ပျက်စီးသွားခဲ့သည့်အတွက် ယင်းပျက်စီးကျောင်းများမှ ကျောင်းသူ/သားများကိုဘုန်းတော်ကြီးကျောင်းများတွင်ပညာ သင်ကြားနိုင်ရေးစီစဉ်လျက်ရှိကြောင်းလည်းသိရှိရသည်။ သို့သော်လည်း ကျောင်းအချို့မှာဖွင့်လှစ်ပညာသင်ကြား နိုင်ခြင်းမရှိသေးကြောင်း၊ ကျောင်းများဖွင့်လှစ်ထားသော်လည်းကျောင်းသားများအပြည့်အရောက်သေးကြောင်း လည်းသိရသည်။
“ရွာမှာမူလတန်းကျောင်းရှိတယ်။ ဒါပေမယ့် ကလေးအများစုက ကိုယ့်အောက်က ကလေးတွေကိုထိန်း နေ ရတယ်။ မိဘတွေကလည်း မနက်လင်းရင် ဟင်းရှာ ဟင်းခူးသွားကြရတယ်။ နေ့စားသွားလုပ်ရတယ်ဆိုတော့ ကျောင်းနေဖို့မအားဘူးပေါ့။ ဒါကြောင့် ကလေးတွေအများစုစာမသင်နိုင်တာပါ။ ဆင်းရဲတာလည်းကြောက်စရာ ကောင်းပါတယ်။ အနာဂတ်ကိုတည်ဆောက်မယ့် ကလေးငယ်တွေကို ပညာသင်ခွင့်ရအောင်ကြိုးပန်းသင့်တယ်”ဟု လည်း ဒုံးသားကျေးရွာမှ ကျောင်းဆရာတစ်ဦးကဆိုသည်။
ရေနစ်မြုပ်ခဲ့သည့်အတွက်လူတိုင်းတွင် ဆုံးရှုံးမှုများပြားခဲ့သကဲ့သို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးအပိုင်းအား ပြန်လည်ထူထောင်ရန်အချိန်များစွာကြာအုံးမည်ဖြစ်ကြောင်းနှင့် အချိန်ယူလုပ်ဆောင်ရမည်ဖြစ်သည့်တိုင် မူလ အတိုင်းဖြစ်ရန်မလွယ်ကူလှကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ၏ လုပ်ဆောင်ချက်သည် ရေရှည်တွင်လုပ်ကိုင် နိုင်ခြင်းမရှိပါက ကျေးလက်ဒေသခံများပိုမိုဆင်းရဲမွဲတေသွားနိုင်ကြောင်းတို့ကိုလည်း ဒေသခံအချို့ကသုံးသပ်ပြော ဆိုကြပါသည်။
မိစားစုတိုင်းလုံခြုံစိတ်ချရသော အနေအထားတွင်နေနိုင်ရေး၊ အမိုးအကာအောက်တွင် ကိုယ့်အိမ်ကိုယ်ဟာ နှင့်နေထိုင်နိုင်ရေးတို့မှာ ပြန်လည်တည်ဆောက်ရေး၏ အစသာရှိအုံးမည်ဖြစ်ကာ စိတ်ပိုင်းဆိုင်ရာထိခိုက်စိုးရိမ် ခဲ့မှုများကိုလည်း ပြယ်ပျောက်စေသော အားပေးကူညီမှုလုပ်ငန်းများ၊ ရေရှည်တွင် သန့်ရှင်းသောရေးကို အသုံးပြု နိုင်ရေးလုပ်ဆောင်ချက်များကိုလည်း စီမံဆောင်ရွက်ပေးသွားရအုံးမည်ဖြစ်သည်။
“ရေကနောက်ကျိနေသော အဲဒါကိုသုံးလို့ရအောင် လက်လုပ်ရေစစ်အိုးတွေ၊ ပုံးတွေနဲ့ လုပ်ဆောင်ပေးမယ် ဆိုရင်ပိုအကျိုးရှိမယ်။ အမြဲတမ်းရေသန့်ပေးဖို့အတွက်လည်းမလွယ်ဘူးလေ။ ရေသန့်အောင်လုပ်တဲ့ နည်းစနစ်တွေ နဲ့မမူနာလုပ်ဆောင်ပေးသွားမယ်ဆိုရင် သူတို့အတွက်လည်းကောင်းသွားမယ်။ အကူညီပေးတဲ့အပိုင်းကလည်း ပေါ့ သွားမယ်ပေါ့။ ဒါကြောင့်ရေစစ်ဘူးတွေကိုအဓိကထားလုပ်ဆောင်ပေးသွားဖို့လိုတယ်လို့မြင်ပါတယ်”ဟုမင်းပြားမြို့ မှ ကိုကျော်ဆန်းက ပြောကြားခဲ့ပါသည်။
စားသောက်ရေးအတွက် ရုန်းကန်လှုပ်ရှားရအုံးမည့် မင်းပြားမြို့နယ်အတွင်းက ကျေးလက်ဒေသခံပြည်သူ များအနေဖြင့် ပြန်လည်ထူထောင်ရေးကို အာရုံစိုက်ရန်အားနည်းနေအုံးမည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ကူညီမှု အစိုးရ၏ ကူညီထောက်ပံ့မှုများကို အပြည့်အ၀ ရရှိရန်လိုအပ်နေသည်မှာ ထင်းရှားပေါ်လွင့်နေပေသည်။
အင်တိုက်အားတိုက်မဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်လိုမှု၊ အမြတ်ထုတ်လိုမှုများကို လုပ်ဆောင်နေမည် ဆိုပါက ဖွံ့ဖြိုးတိုးတက်လာမည်မဟုတ်ဘဲ ပြည်သူများ၏ ဘ၀သည်နစ်သထက်နစ်မြုပ်သွားမည်ဖြစ်ကာ ရေပြည့်လျှံ နစ်မြုပ်မှုထက်ပိုမိုဆိုးရွားသော ဘ၀များသို့ ရောက်ရှိသွားမည်ဖြစ်သည်ကို တွေ့မြင်လာနိုင်ဖွယ်ရာရှိနေပါသည်။
ခြုံ၍ ဆိုရသော ပျက်စီးသွားသော အိမ်ထောင်စုများအတွက် နေအိမ်များဆောက်လုပ်ပေးနိုင်မှုအနေအထား ကိုလျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုအပ်လှသကဲ့သို့ သေဆုံးသွားသူ များအတွက် ကျန်ရစ်သူ မိသားစုများကိုလည်းကူညီထောက်ပံ့မှုများဖြင့် ဖေးမကာ စိတ်ရင်းမှန်စေတနာမှန်ဖြင့်လုပ်ဆောင်ရန်လိုအပ်ပါ ကြောင်း……။
သန်းလှိုင်(စစ်တွေ)
____Ref: Eleven Media Group

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။