ရန်ကုန်တိုင်းဒေသကြိံးတွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ၉ နေရာ ၀င်ရောက် ယှဉ်ပြိုင်မည်

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊ဩဂုတ် ၁၈

၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင် အမျိုးသားပါတီမှ ရန်ကုန်တိုင်းဒေသကြိံး၌ ကိုယ်စားလှယ်လောင်း ၉ ဦး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြိံး ရခိုင်အမျိုးသား ပါတီရုံး မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြိံးတွင် ရခိုင်အမျိုးသားပါတီမှ ၀င်ရောက် ယှဉ်ပြိုင် ကြမည့် ကိုယ်စားလှယ် လောင်းများမှာ ၁။ ဦးရဲလင်းတင် - ပြည်သူ့ လွှတ်တော် (ရန်ကင်းမြို့နယ်) ၂။ ဒေါ်ခင်လှမြိုင် - အမျိုးသား လွှတ်တော် အမှတ် (၁၁) (လိုင်သာယာ) ၃။ ဦးသင်္ခါကျော်- ပြည်သူ့လွှတ်တော် (လှိုင်သာယာ) ၄။ဦးထွန်းမောင် - တိုင်းဒေသကြိံး လွှတ်တော် အမှတ်(၁) (လှိုင်သာယာ) ၅။ဦးခင်မောင်အေး - တိုင်းဒေသကြိံး လွှတ်တော် အမှတ်(၂) (လှိုင်သာယာ အမှတ် ၂ နယ်မြေ) ၆။ဦးအေးကျော် - ပြည်သူ့လွှတ်တော် (ရွှေပြည်သာ) ၇။ ဦးလှမောင် - တိုင်းဒေသကြိံး လွှတ်တော်အမှတ် (၁)ရွှေပြည်သာ ၈။ ဦးလှထွန်းအောင် -တိုင်းဒေသကြိံး လွှတ်တော် အမှတ်(၂) (ရွှေပြည်သာ) ၉။ ဦးဇော်အေးမောင် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြိံး နေရာတို့ ဖြစ်ကြောင်း သိရသည်။

"သက်ဆိုင်ရာမဲဆန္ဒနယ်တွေ မှာ နေထိုင်တဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ မဲတွေကိုလည်း
မျှော်လင့် ပါတယ်။ တိုင်းရင်းသားစိတ်ဓာတ် ၊ ပြည်ထောင်စု စိတ်ဓာတ် ဘယ်လောက် ရှိကြသ လဲဆိုတာ သိချင်လို့ပါ"ဟု ရန်ကုန်တိုင်းဒေသကြိံး ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးအေးမောင်က နိရဉ္စရာသို့ ပြောသည်။

၂၀၁၀တွင် ရခိုင်ပါတီသည် ရန်ကုန်တိုင်းဒေသကြိံးတွင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြိံးတစ် နေရာသာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ယခု ၂၀၁၅တွင် မူ ရန်ကုန်တိုင်းဒေသကြိံးတွင် ပါတီဝင်အင်အား ၅၀၀ကျော် ခန့်သာ ရှိသော်လည်း မဲပေးခွင့်ရှိသည့် ရခိုင်လူမျိုးများနှင့် တိုင်းရင်းသားမဲဆန္ဒရှင်များစွာ ရှိသောကြောင့် ၉နေရာ ထိ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

_____Ref: Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။