ကွယ်လွန် မင်းပြား လွှတ်တော် အမတ် ဦးအောင်စိန်သာ အောက်မေ့ဖွယ် အခမ်းအနား စစ်တွေတွင်ပြုလုပ်

ထွန်းထွန်း
-------------
မတ်လ ၇ ရက်နေ့က နေပြည်တော်၌ ကွယ်လွန် သွားခဲ့သော မင်းပြားမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးအောင်စိန်သာ အောက်မေ့ဖွယ် အခမ်းအနား တစ်ခုကို စစ်တွေမြို့တွင် ပြုလုပ် ခဲ့သည်။


Aung-Sein-Tha-RNDP
အခမ်းအနားအား မတ်လ ၁၀ရက် နေ့လည် နေ ၁နာရီခွဲမှ ညနေ ၃နာအထိ ရတပ ဗဟိုရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က အခမ်းအနား ကျင်းပရခြင်းကို ယခုလို ပြောသည်။

" အဓိကနစ်နာဆုံးရှုံးတာက မင်းပြားမြို့နယ် တခုလုံးအတွက် ပြောလို့ရတယ်။ လက်ရှိ မင်းပြား မြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ ပြည်သူလူထုတွေရဲ့ လိုလားချက်တွေ ကို သူ့အနေနဲ့ ရှေ့က မားမားမတ်မတ် ရပ်တည်ပြီးတော့ လွှတ်တော်မှာ တောင်းဆိုတင်ပြနေတဲ့ အချိန်မှာ ခုလို ဆရာကြီး ကွယ်လွန် သွားတဲ့အတွက် သူ့နေရာမှာ ကိုယ်စား ပြောပေးမဲ့သူ မရှိတော့ပါဘူး။ ပထမအဆင့်အနေနဲ့ မင်းပြားမြို့နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ အသံကို များများပြောနိုင်မဲ့ အခွင့်အရေးတခု ဆုံးရှုံးသွားတဲ့ သဘောမျိုးလဲ ဖြစ်သွား ပါတယ်" ဟု ပြောသည်။

အဆိုပါ အခမ်းအနားအတွင်း ဦးအောင်စိန်သာအား ဂုဏ်ယူအလေးပြုခြင်း၊ ၀မ်းနည်းခြင်း သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ ချီးကျူးစကားများ ပောာပြောခြင်းနှင့် ပေးပို့လာသော ကဗျာစာစောင် အသီးသီးများကို ရွတ်ဖတ်ခြင်းများ ပြုလုပ် ခဲ့ကြသည်။

အခမ်းအနားသို့ သူ၏ လုပ်ဖေါ် ကိုင်ဖက်များနှင့် ရတပပါတီမှ အဖွဲ့သားများ စုစုပါင်း ၆၀ ကျော်ခန့် တက်ရောက်ခဲ့သည် ဟုဆိုသည်။


-----------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။