မောင်အေး
-------------
ရခိုင်ပြည်နယ် ကျောက်ဖြူတွင် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ချို့ လုပ်ငန်းခွင်တွင် ထိခိုက်မူများကြောင့် သေဆုံးမူများ ရှိနေကြောင်း သတင်း ရရှိသည်။
တရုတ်သို့ တင်ပို့မည့် သဘာဝဓါတ်ငွေ့ ပိုက်လိုက်လိုင်းများ တည်ဆောက်နေစဉ် မတော်တဆ ဖြစ်ပွားမူများကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံ လူငယ် တစ်ဦးက ပြောသည်။
" အခု သေဆုံးသူတဲ့သူက ဖိလစ်ပိုင်နိုင်ငံသားများ ဖြစ်တယ်လို့ သိရပါတယ်။ ရေအောက် ပိုက်လိုင်း တွေကို ဆက်နေတဲ့ အချိန်မှာ အောက်စီဂျင် ပြတ်ပြီး သေဆုံးသွားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ဒီသတင်းကို အပြင် မပေါက်ရအောင် တင်းကျပ် ထားပါတယ်။"
ဖိလစ်ပိုင် အလုပ်သမားမှာ ယခု ရက်ပိုင်းအတွင်း သေဆုံးခြင်း ဖြစ်ပြီိး လွန်ခဲ့သော ရက်အနည်းငယ်ကလည်း နိုင်ငံခြား အလုပ်သမား တစ်ဦး သေဆုံးခဲ့ကြောင်း သူက ပြောသည်။
"မနေ့က တယောက်သေတာကလည်း နိုင်ငံခြားသားလို့ ပြောပါတယ်။ ဒီနေ့လည်း တယောက်သေတယ်။ သူက ဖိလစ်ပိုင် ဖြစ်ပါတယ်။ ရေအောက်မှာ ပိုက်လုံးဆက်တဲ့အခါ အောက်စီဂျင် ပြတ်ပြီးသေတယ်လို့ပြောတယ်။ ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ ရဟတ်ယာဉ်နဲ့ ကျောက်ဖြူကို ယူလာတယ်။ ဒီကလူတွေကို တယောက်ကိုမှ ၀င်မကြည့်ရဘူး။ အခုသေတဲ့သူတွေက တက်ကနက်ရှင်တွေလို့ ပြောတယ်။"
ယခုကဲ့သို့ အလုပ်သမားများ သေဆုံးသည့်သတင်းကို သက်ဆိုင်ရာမှ ထိန်ချုပ်ထားပြီး သေဆုံးသူအလာင်း ထားရှိသည့် အနီးအနားသို့ ဒေသခံများ သွားရောက်ခြင်းကို ပိတ်ပင်ထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် ဖိလစ်ပိုင်နိုင်ငံသား ၂၀ ခန့်ရှိပြီး ကျောက်ဖြူမြို့တောင်ဘက် ၇ မိုင်ခန့်အကွာ ပင်လယ် ပြင်တွင် ရေအောက် ပိုက်လုံးဆက်သည့် လုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း သိရသည်။
"ဒီနေ့ ဘုန်းကြီးတပါးသွားပြီး သရဏာဂုံတင်ပေးတယ်လို့ပြောတယ်။ ဘယ်နိုင်ငံသားဆိုတာမသိဘူး။ ပင်လယ် ပြင်ကို လိမ့်ကျပြီး သေတာလို့ပြောတယ်။ မနေ့က သေတဲ့လူကိုတော့ ရန်ကုန်ယူသွားပြီ" ဟု တခြား မြို့ခံ လူငယ်တဦးကလည်းပြောသည်။
တခြားကျောက်ဖြူ မြို့ခံတဦးကလည်း လူသေဆုံးမှုရှိသည်မှာ ဟုတ်မှန်ပြီး မည်သည့်နိုင်ငံသားဆိုသည်ကို သူ့ အနေနှင့် အသေအချာ မသိရှိကြောင်း ပြောသည်။
သေဆုံးသွားသူများ၏ အလောင်းများကို ကျောက်ဖြူမှ ရဟတ်ယာဉ်ဖြင့် ရန်ကုန်သို့ယူဆောင်သွားပြီး ရန်ကုန်မှတဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွဲပြောင်းပေးမည်ဟု အဆိုပါ မြို့ခံများကပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်ဖြူ ရဲစခန်းကို ဖုံးဖြင့် ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိဘဲ ဖုံးချသွားခဲ့သည်။

--------------
.: နိရဉ္စရာ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။