ဓညဝတီရေတပ်စခန်းဌာနခွဲမှ လယ်ယာမြေသိမ်းပိုက်မှုအပေါ် ဒေသခံပြည်သူတွေ မကျေနပ်မှုတိုးပွား

ကျောက်ဖြူမြို့နယ် ကလန်တဲ ကျေးရွာအုပ်စု မုရွင်း ကျေးရွာအနီးတွင်
ဓည၀တီရေတပ် စခန်းဌာနချုပ်၏ ဌာနခွဲတစ်ခု
စခန်းချထားသည်မှာလေးနှစ်နီးပါးရှိပါပြီ။ ထိုဌာနခွဲသည် ရေတပ်စခန်း၏ အမှတ်
(၁၆) ရေယာဉ်အုပ်စုမှဖြစ်သည်။ ၄င်း ဌာနခွဲတွင် ယခင်က စစ်သား ၃၀
ခန့်ရှိခဲ့ပြီးယခုအခါစစ်သား (၅၀) ကျော်ရှိကြောင်း သိရှိရပါသည်။
ထိုဌာနခွဲကို ကြက်ဆူဆီ စိုက်ပျိုးရန်ဖြစ်သည်ဟု စစ်ဘက်အာဏာပိုင်များက
အကြောင်းပြလျှက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဒေသခံများ
လုပ်ကိုင်စားသောက်နေကြသည်။ စပါးစိုက် လယ်ဧက ၅၀၀ ကျော်ကို ကြက်ဆူဆီ
စိုက်ပျိုးရန်ဟု အကြောင်းပြလျက် ရေတပ်က အဓမ္မသိမ်းပိုက်ခဲ့ပါသည်။
“အာဏာပိုင်တွေက ကြက်ဆူဆီစိုက်ဖို့လို့ ပြောတာကတော့ သက်သက်
အကြောင်းပြတာပေါ့ဗျာ၊ အမှန်မှာတော့ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာလဲပါတယ်။
စစ်တပ်ချရခြင်းရဲ့ အကြောင်းတစ်ရပ်ကတော့ ဒေသခံ ရခိုင်အမျိုးသမီးတွေကို
ဗမာစစ်သားတွေနဲ့ အိမ်ထောင်ကျစေချင်တာလဲ ပါတယ်။ ဒီရွာတစ်ဝိုက်မှာ
ဗမာစစ်သားမယား ဖြစ်သွားတဲ့ မိန်းကလေးတွေလဲ အများကြီး ရှိနေပြီလေ။
ဗမာစစ်အစိုးရဟာ လူမျိုးပြန်းတီးမျိုး ဖြုတ်ရေးအတွက် မဟာဗျူဟာမြောက်
သက်သက်လုပ်ဆောင်နေတာပါ ။ ဒေသခံတွေကတော့ အဲဒီအတွက် ဒေါသထွက်နေကြတယ်”
ဒေသခံတစ်ယောက်က ပြောပြသည်။


“စစ်တပ်က သိမ်းပိုက်ထားတဲ့မြေကို ရွာသားတွေ အသုံးပြုခွင့်လုံးဝ
မရှိဘူးလို့ အမိန့်ထုတ်ထားတယ်။ အဲဒီရေတပ်အခြေစိုက်အ၀င်ဝမှာ
ဆိုင်းဘုတ်နှစ်ခုရှိ ပါတယ်။ တစ်ခုကအနီရောင်ဖြစ်ပြီး "မ၀င်ရ၊သေနတ်ဖြင်
ပစ်ခတ် ဖမ်းဆီးခြင်းခံရမည်" ဟုစာလုံးအကြီးဖြင့် ရေးသားထားပါတယ်။
ဒီလိုရေးသားထားချက်ဟာ ပုဒ်မ ၁၄၄-ထုတ်ပြန်ထားတဲ့
သဘောသက်ရောက်ပါတယ်။အဲဒီမြေဧရိယာထဲကို ၀င်ရင် သတ်ပစ်မယ်ပြောတယ်။
ရွာသားတွေကိုလဲ နည်းအမျိုးမျိုးနဲ့ နှိပ်စက်နေကြတယ်။ ပြီးခဲ့တဲ့
နှစ်လလောက်က ရွာသားအချို့ကို ကန်ကျောက်တာ၊ သတ်ပုတ်တာတွေရှိတယ်။
ကိုမျိုးလင်း၊ကိုဘုတ်ကျော်၊ ကိုမောင်မြင့်ဦး ၊မလှကြည် နဲ့
အခြားဒေသခံတွေဟာ စစ်သားတွေရဲ့ ပုံစံအမျိုးမျိုးညှန်းပန်းနှိပ်စက်မှုတွေကို
ခံခဲ့ကြရပါတယ်။
ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဆက်ကြေးကောက်နဲ့တကွ
နည်းမျိုးစုံနဲ့ အနှောက်အယှက်ပေးလျက်ရှိပါတယ်။ စက်လှေသမားတွေမှာလည်း
စက်လှေထွက်မည်ဆိုက စစ်တပ်ကိုငွေပေးပြီးမှ ထွက်ရပါတယ်။ ဒေသခံတွေဆီကလည်း
ကြက် နှင့် အစားအသောက်များတောင်းခံကြောင်း၊ မပေးက ဒါဏ်ပေးခံရကြောင်း
သိရပါသည်။ ဗမာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက ဘာလဲလို့ မေးခွန်းထုတ်စရာ
ဖြစ်နေပြီ။"

ယခုအခါ ဒေသခံ များစွာတို့က ရေတပ်၏ ယခုကဲ့သို့ လုပ်ဆောင်ချက်များကို
များစွာဒေါသထွက်လျက်ရှိကြောင်း သိ
ရသည်။

............
Arakan Thein
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။