မလေးရှားတွင် ရခိုင်အချင်းချင်း ဓါးထိုးမူ ဖြစ်


ခိုင်မောင်ဦး (မလေး)
--------------------
မလေးရှားနိုင်ငံတွင် အလုပ်လာလုပ်နေကြသော ရခိုင် လူငယ် နှစ်ဦးအကြား ဓါးထိုးမူ ဖြစ်ပွားရာ ဓါးထိုးခံရသူ လူငယ်မှာ ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရကြောင်း သတင်းရရှိသည်။


Khin-Mg-Win-hospitalize ဆေးရုံပေါ်မှ ဓါးထိုးခံရသူ ခင်မောင်ဝင်း
ဓါးထိုးမူမှာ မလေးရှားနိုင်ငံ အီပို့မြို့နယ် ဘာကာလန်ဆာတုစ် အလူမီနီယံ စက်ရုံတွင် အတူ အလုပ် လုပ်ကိုင်နေသော လူငယ်နှစ်ဦး အကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" သူတို့နှစ်ယောက်က အလူမီနီယံစက်ရုံမှာ အလုပ် အတူလုပ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဖြစ်ပွားတာ ကတော့ ဖေဖေါ်လ ၃ ရက်နေ့ ညဥ့် ၁၀ နာရီမှာ အရက် အတူတူ သောက်ကြရာကနေ အချင်းချင်း စကားများကြပြီး စိုးသန်းဝင်း ဆိုသူက ကျွန်တော့်ညီ ခင်မောင်ဝင်းကို ဓါးနဲ့ ထိုးသတ်တာဖြစ်ပါတယ် "ဟု ဓါးထိုးခံရသူ ကိုခင်မောင်ဝင်း၏ အစ်ကိုဖြစ်သူ ဦးကျော်လှိုင်က နိရဉ္စရာသို့ ပြောသည်။

ဓါးဖြင့် ထိုးသတ်သူက သေပြီး အထင်နှင့် ပစ်ထားခဲ့ရာမှ အသက်မသေဘဲ ကိုခင်မောင်ဝင်းကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု သူက ပြောသည်။

" စိုးသန်းဝင်းက ညဥ့် ၂ နာရီခွဲမှာ စကားများတာကို မကျေနပ်လို့ အိမ်သုံး အသားလှီး ဓါးကိုယူလာပြီးတော့ ကိုခင်မောင်ဝင်းကို ၀မ်းဗိုက်ကို ၅ ချက်၊ နောက်ကျောကို ၅ ချက် မသေမချင်း ထိုးသတ်ပါတယ်မ။ သေပြီလို့ ယူဆပြီး ခင်မောင်ဝင်းကို အိမ်ရှေ့ ကား လမ်းဘေးမှာ လွင့်ပစ် ထားခဲ့ပါတယ်။ ခင်မောင်ဝင်းက အသက်မသေဘဲ ဟစ်အော် အကူအညီ တောင်းခံရာကနေ မလေးရှား ရဲတွေ ရာက်ရှိလာပြီး အီပို့ဆေးရုံသို့ ပို့ပေးခဲ့တဲ့ အတွက် အခုအခါ အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်" ဟု သူ့အစ်ကို ဖြစ်သူက ဆက်ပြောသည်။

ဓါးထိုးခံရသူ ကိုခင်မောင်ဝင်းမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင် ရွာမှ ဖြစ်ကာ အသက် ၂၆ နှစ်ရှိပြီ ဖြစ်သည်ဟု သိရသည်။

ဓါးဖြင့် ထိုးသတ်သူ စိုးသန်းဝင်း (အသက်၂၅ နှစ်) ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းက မလေးရဲများက အဆိုပါ မြို့တွင်ပင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ စိုးသန်းဝင်းသည် ပေါက်တောမြို့နယ် ပြင်မရွာမှ ဖြစ်ကြောင်း သိရသည်။



------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 comments:

  1. အရက်ကို နွားသောက်ကျွဲသောက် သောက်ခြင်းကို ယိုင်ကျေးမှု တစ်ခုအဖြစ်မြတ်နိုးဂုဏ်ယူနိန်ကတ်တေ ယိုင်ကျေးမှုအဆင့်မြင့်ရေလို ကိုယ်ကိုကိုယ်ပြောနိန်ကတ်တေ- သမိုင်းအစိုင်အလာကြီးရေလို့ အသလွတ်ဘ၀င်ကိုင်နိန်ကတ်တေ-အာရီယန်ဆိုပြီးကေ ကိုယ်ကိုကိုယ်ခံယူးထားကတ်တေ- ကျွန်တော်ရို့ရခိုင်သားတိအတွက် အခြားတိုင်းရင်းသာတိအကြားမှာ ကကောင်း ရှက်ဖို့ကောင်းရေ ဂုဏ်သိက္ခာကျရေ ဖြစ်စိုင်တစ်ခုပါ။

    ReplyDelete

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။