အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေမှ ရခိုင်လွှတ်တော်ကိုယ်စားလှယ်များကို ကြိမ်းမောင်း


၉-၂-၂၀၁၂ နေ့ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ဆွေးနွေးစဉ် မကွေးတိုင်းမဲဆန္ဒယ် အမှတ် (၁၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (ပြည်ခိုင်ဖြိုးပါတီ) က “အခု ကျနော် ပြောတာဟာ ပါတီကိုယ်စား ပြောတာပါ” ဟု အစချီပြီး “ရခိုင်ကိုယ်စားလှယ် ၅ ဦး ပြောရင် ၅ ဦးလုံး လျှပ်စစ်တောင်းတယ်၊ ကျောက်ဖြူ လူထုအစည်းအဝေးမှာတုန်းကလည်း ရွှေဂက်စ်က လျှပ်စစ်မရရင် လူထုဆန္ဒပြမယ်လို့ ပြောတယ်။

မိုးကုတ်က ကျောက်ထွက်လို့ မိုးကုတ်ကို ပေးရမလား၊ ရေနံချောင်းက ရေနံထွက်လို့ ရေနံချောင်းကို ပေးရမလား၊ ကိုယ့်ဒေသထွက်တိုင်း ပေးရမလား” လို့ နောက်လှည့် လက်ပြပြီး ဒေါမာန်အပြည့်နဲ့ ပြောသွားပါတယ်။ တကယ်တော့ ပြည်ထောင်စုလွှတ်တော် ဆိုတာဟာ ပါတီစည်းရုံးရေး စင်မြင့်မဟုတ်ပါဘူး။ နိုင်ငံတော်အကြီးအကဲများကလည်း (ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ၀ါဒစွဲ၊ ဘာသာစွဲ) မထားဖို့ အမြဲပြောနေတဲ့ကြားက ပါတီကိုယ်စား ပြောတာပါဆိုပြီး ဒေသအကျိုးအတွက် တင်ပြနေကြတဲ့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကို မဆီမဆိုင် ပေါ်တင်ကြီး ကြိမ်းမောင်းတာကို အံ့သြမိပါတယ်။ ပိုပြီး အံ့သြဖို့ကောင်းတာက ဒီလိုရမ်းကားတဲ့ လုပ်ရပ်ကို လွှတ်တော်နာယကကြီးက ဘာမှ ၀င်မတားတာပါပဲ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ သခင်ဖိုးလှကြီး ခေါင်းဆောင်တဲ့ ရေနံမြေသပိတ် ပေါ်ပေါက်ခဲ့တယ်။ ရေနံတူးတဲ့ ရေနံလုပ်သားတွေ မီးခွက်ထွန်းဖို့ ရေနံတောင်မရှိအောင် ဆင်းရဲကြလို့ သပိတ်တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ မြန်မာတမျိုးသားလုံးရင်ထဲမှာ ဒီရေနံမြေသပိတ်တိုက်ပွဲကို မတရားမှုကို ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ဂုဏ်ယူစွာဖြင့် သမိုင်းမှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီလို လွှတ်တော်မှာ ဒီမိုကရေစီနည်းလမ်းကျကျ တင်ပြဆွေးနွေးနေကြတာကို အဏာရှင်ဆန်ဆန် ကျင့်သုံးလိုတဲ့အပေါ် ကျုပ်ဖြင့် မြင်ရတာ ရင်လေးမိပါတယ်။

အမည်မဖေါ်လိုသူ
လွှတ်တော်စောင့်နတ်တဦး

Credit: : ဒေါက်တာလွဏ်းဆွေ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။