သံတွဲဈေးကြီး မီးလောင်မူကြောင့် ဆိုင်ခန်းပေါင်း ၇၀၀ ကျော် မီးထဲပါ


ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ နံနက်က လောင်ခဲ့သောမီးကြောင့် သံတွဲ မြို့ မြို့မဈေးတွင် ဆိုင်ခန်းပေါင်း ၇၄၀ ကျော် မီးထဲပါသွားကြောင်း သံတွဲ မီးသတ်ဌာနက အမျိုးသမီး ၀န်ထမ်း တစ်ဦးက ပြောသည်။


 Thandway-fire
" မီးလောင်တဲ့ အထဲမှာ ဆိုင်ခန်းပေါင်း ၇၄၀ ကျော်မီးထဲ ပါသွားတယ်လို့ လက်ရှိ စာရင်းအရ သိရပါတယ်။ ဒါပေမယ့် ဆုံးရှုံးမူ စာရင်းအတိအကျတော့ မရသေးဘူး။ ဆုံးရှုံးမူ တန်ဖိုးကတော့ အထူးများပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ အတိအကျ ဘာမှ မပြောနိုင်သေးပါ" ဟု ပြောသည်။

မီးသည် သံတွဲ ဈေးကြီ၏ ငါးဈေးတန်းမှ နံနက် (၅) နာရီကျော်တွင် စတင် လောင်ကျွမ်းခြင်း ဖြစ်သည်ဟု သိရသည်။

" လောင်တာက နံနက် ၅ နာရီ ကျော်ကျော်မှ လောင်တာ ဖြစ်ပါတယ်။ နံနက် ၇ နာရီ ၄၅ မိနစ်မှ မီးကို ငြိမ်းသတ်နိုင်ပါတယ်။ ဈေးထဲက ဗလီက ရေကို ရေပုံးတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်း သယ်ပြီး ငြိမ်းသတ်ကြရပါတယ်။ မီးသတ်ကားတွေလည်း ရောက်ပါတယ်။ အကုန်လုံး ၀ိုင်းသတ်မှ မီးက ငြိမ်းသွားတာပါ" ဟု မျက်မြင် အမျိုးသမီး တစ်ဦးက ပြောသည်။

ဈေးကြီး တစ်ခုလုံး မီးထဲပါသွားသဖြင့် ဆုံးရှုံးမူတန်ဖိုး အထူးများပြားကြောင်းနှင့် လောလောဆယ် ခန့်မှန်းရန် မလွယ်ကူကြောင်း သူမက ပြောသည်။

 Thandway-fire
" ဈေးဆိုင်ပိုင်ရှင်တွေက ငိုသူငို၊ ပြေးသူပြေးနဲ့ တော်တော့ကို ပူပန်နေကြတာကိုတွေ့ရပါတယ်။ တမြို့လုံးက စိတ်မကောင်း ဖြစ်နေကြပါတယ်။ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး" ဟု သူမက ဆက်ပြောသည်။

ယခုကဲ့သို့ မီးအကြီးအကျယ် လောင်ကျွမ်းခြင်းမှာ မီးပေါ့ဆမူ အပြင် မီးဘေးကာကွယ်ရေး ကြိုတင် ပြင်ဆင်မူများ မရှိခြင်း၊ မီးသတ်ကားများ အလုံအလောက် မရှိခြင်း နှင့် ဘေးဘေးကာကွယ်ရေး စနစ် ညံ့ဖျင်းခြင်း တို့ကြောင့် ဖြစ်ကြောင်း တစ်ခြား အမျိုးသား တစ်ဦးကလည်း ပြောသည်။

သံတွဲမြို့မဈေးကြီး တစ်ခုလုံး မီးလောင်သွားသဖြင့် မြို့သူ မြို့သားများကိုလည်း အထူး ထိခိုက်စေပြီး ကုန်ဈေးနုန်းများလည်း ချက်ချင်း မြင့်တက်သွားကြောင်း သူက ပြောသည်။

သံတွဲမြို့ ဈေးမီးလောင်မူသည် သုံးလအတွင်း ရခိုင်ပြည်နယ်၌ ဒုတိယ အကြိမ်မြောက် ဈေးကြီး တစ်ဈေး မီးလောင်ခြင်း ဖြစ်ပြီး နိုဝင်္ဘာလ ၁၂ ရက်နေ့ကလည်း မင်းကြီးဈေးကြီး မီးလောင်မူကြောင့် ဆိုင်ခန်းပေါင်း ၅၆၇ ခန်းမီးထဲ ပါသွားကာ သိန်းပေါင်း သောင်းချီ၍ ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။



------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။