သံတွဲမြို့ရှိ ဒွါရဝတီဈေးကြီး မီးလောင်ခံရပြီး ကျပ်သိန်းပေါင်းများစွာ ဆုံးရှုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၂
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ဒွါရာဝတီဈေးကြီး၌မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ခုနရာကျော်နှင့် ကျပ် သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း စစ်တွေ မြို့နယ်မီးသတ်ဦးစီးဌာနကပြောသည်။
''လူအသေအပျောက် မရှိပါ ဘူး။ ၈ နာရီ ၁၅ မိနစ်မှာ မီးငြိမ်း သွားပါတယ်။ စုစုပေါင်း ဆိုင်ခန်း ၇၄ဝ ခန်း မီးလောင်သွားပါတယ်'' ဟု စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သံတွဲမြို့ရှိ ဒွါရဝတီ ဈေးကြီးကို ၁၉၅ဝ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ကာ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများရွှေငွေလက်ဝတ်ရတနာဆိုင်များအပါအ၀င်ဈေးအတွင်း၌ဆိုင်ခန်းစုစုပေါင်း၈၀၀ ၀န်းကျင်ခန့် ရောင်းချလျက်ရှိ ကြောင်းသိရသည်။ မြို့နယ်ဈေးကြီးတစ်ဈေးဖြစ်ပြီး ဈေးပတ်လမ်းတွင်ဖွင့်လှစ်ထားသောဆိုင်ခန်းများပါထည့်သွင်းရေတွက်ပါကဆိုင်ခန်းစုစုပေါင်း
တစ်ထောင် နီးပါးရှိကြောင်း သံတွဲမြို့ခံတစ်ဦးကပြောသည်။

''အခလိုမီးလောင်မှု ကြီးမားသွားတာဟာ သံတွဲမြို့နယ်မီးသတ်အဖွဲ့ရဲ့အားနည်းချက်နဲ့ ဈေး တာဝန်ခံတေါရဲ့ပေါ့ဆမှု ကအဓိကကျတယ်။ ကျွန်တော်တို့ သိရသလောက် ရှို့မီး လည်း မဟုတ်သလို လျှပ်စစ်ဝါယာရှော့ခ်ကြောင့်လောင်တဲ့မီးလည်း မဟုတ်ပါဘူး။ လူတွေက တော့ လျှပ်စစ်ဝါယာကြိုးပေါက်လို့ မီးလောင်တာလို့ ထင်ကြေးပေးပေမဲ့ လျှပ်စစ်မီးကတစ်ညလုံးပေးထားတာမှမဟုတ်တာ၊မနက် ၆ နာရီလောက်မှမီးစပေးတာလေ။ကျွန်တော်နောက်ပိုင်းသိရတာက မနက် စောစော ဆိုင်ဖွင့်ရင် ဘုရားမီး ဖယောင်းတိုင်နဲ့ ပူဇော်ကြတယ်။ အဲဒီ က စလောင်တယ်လို့ ယူဆရတယ်။ ကျွန်တော်တို့ သိရတော့ နံနက် ၅ နာရီခွဲ ၆ နာရီလောက် မှ သိရတော့ မီးကမနိုင်တော့ဘူး။ ကျွန်တော်က ကွမ်းယာနဲ့ ကွမ်းပစ္စည်းတွေ ဆိုင် ခန်းဖွင့်ထားတာပါ။ အားလုံးလောင် သွားပါတယ်'' ဟု ကျပ်သိန်းရာဂဏန်းခန့်ဆုံးရှုံးသွားသော ဆိုင်ခန်းပိုင် ရှင်တစ်ဦးက ပြောသည်။

မီးလောင်မှုကို သံတွဲမြို့နယ် ရေအားလျှပ်စစ်စီမံကိန်းမှ ရေသယ် ယာဉ် ၂ စီး၊ လေယာဉ်ကွင်းမှ ရေ သယ်ယာဉ် ၃ စီး အမေဇုန်ဟိုတယ် မှ ရေသယ်ယာဉ် ၂ စီး၊ အမရာ ဟိုတယ်မှ ရေသယ်ယာဉ် ၁ စီး၊ တောင်ကုတ်မီးသတ်ဦးစီးဌာနမှမော်တော်ယာဉ် နှင့် သံတွဲ မီးသတ်ဦးစီးဌာနမှမီးသတ်ယာဉ် ၃ စီး စုစုပေါင်း ၁၁ စီးမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာတွင် နံ နက် ၁၁ နာရီကျော်ခန့်တွင် အပြီးသတ် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

''စလောင်တဲ့ အချိန်တော့ မ သိပါဘူးကွယ်။ သွားကြည့်တော့ အန်တီ့ဆိုင်ခန်းတင်မကဘဲ တစ်ဈေး လုံး လောင်နေပါပြီ။ အန်တီဆိုင်ခန်း နှစ်ခန်း မီးထဲ ပါသွားပါတယ်။ စု စုပေါင်း သိန်းလေးဆယ် ငါးဆယ် ဖိုးရင်းထားတာပါ။ အခုလို အားလုံး မီးလောင်ဆုံးရှုံးတော့ စိတ်မကောင်း ပါဘူးကွယ်'' ဟု အထည်ဆိုင်ပိုင် ရှင် ဒေါ်ခင်စန်းမြင့်ကလည်း ပြော သည်။
အဆိုပါ ဒွါရဝတီဈေးကြီး မီးလောင်မှုသည် သံတွဲမြို့နယ်တွင် ဆုံးရှုံးမှုအကြီးမားဆုံး မီး လောင်မှုတစ်ခုဖြစ်ပြီး မီးဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များကြောင့်ယခုကဲ့သို့ဆုံးရှုံးမှုကြီးမားခဲ့ခြင်း
ဖြစ်ကြောင်း သံတွဲမြို့ရှိ ဈေးသူဈေးသား များက သုံးသပ်ကြကြောင်း မက်စင်ဂျာ ဂျာနယ် ဖေ့စ်ဘုတ် စာမျက်နှာမှာဖေါ်ထားပါသည်။
သံတွဲဈေးမီးလောင်နေပုံ -ဓါတ်ပုံ(ဖေ့စ်ဘုတ်)
...........
သစထူးလွင်
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။