ရခိုင်ပါတီနှင့် ကြံ့ခိုင်ရေး မျက်စေ့ဝေနာရှင်များကို အပြိုင်ဧည့်ခံ ကျွေးမွေး


ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော ရခိုင်ဆရာတော် အိန္ဒဘာလ နှင့် ဖါးကန့်မှ ရခိုင်သူဌေး ဦးမျိုးဇေယျာမင်းတို့၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မျက်စေ့ လူနာရှင် ၃၀၀ ကျော်ကို ခွဲစိတ်ကုသ ပေးနေရာ ရခိုင်ပါတီ RNDP နှင့် ကြံ့ခိုင်ရေး USDP တို့မှ အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံကာ ပြည်သူလူထုအား အပြိုင်စည်းရုံးနေကြကြောင်း သတင်း ရရှိသည်။

" မျက်စေ့ ဝေဒနာရှင်တွေကို မနေ့က ရခိုင်ပါတီက လဘက်ရည် မုန့်တွေနဲ့ နံနက် တစ်ကြိမ်၊ နေ့လည် တစ်ကြိမ် တည်ခင်း ဧည့်ခံ ကျွေးမွေးပါတယ်။ အခုတစ်ခါ ကြံ့ခိုင်ရေး ပါတီကလည်း အားကျမခံ နိုဝင်္ဘာလ ၂၄ ရက်နေ့မှာ မျက်စေ့ ဝေဒနာရှင်တွေကို လဘက်ရည် မုန့်တွေနဲ့ တည်ခင်း ဧည့်ခံ ကျွေေးမွးမယ်လို့ သိရပါတယ်" ဟု ကျောက်ဖြူမှ လူငယ် တစ်ဦးက ပြောသည်။

ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သော ရခိုင်ဆရာတော် အရှင် အိန္ဒဘာလ နှင့် ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာမှ ကျောက်အောင်၍ သူဌေး ဖြစ်လာသူ ဦးမျိုးဇေယျမင်းနှင့် ဇနီး ဒေါ်ဇောင်လမ် မိသားစုတို့၏ ကမကထ ပြုမူကြောင့် မျက်စေ့ဝေဒနာရှင် ၃၀၀ ကျော်ခန့်အား ကျောက်ဖြူမြို့တွင် ခွဲစိတ်ကုသ ပေးနေကြောင်း သိရသည်။

" ခုလို ကျွေးမွေး ဧည့်ခံတာက ကောင်းပါတယ်။ နိုင်ငံရေး ရည်မှန်းချက်မပါဘဲ လုပ်ကြရင်တော့ ကောင်းပါတယ်။ အခုက ရခိုင်ပါတီက ကျွေးမွေးတော့ ကြံ့ခိုင်ရေးလည်း ကျွေးမွေးမယ်ဆိုပြီး ဖြစ်လာတော့ အပြိုင်လုပ်တဲ့ သဘောဖြစ်နေတာကြောင့် လူတွေရဲ့ ဝေဖန် ပြောဆိုမူ ထွက်လာပေါ်လာတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ မျက်စေ့ ဝေဒနာရှင်များအား အခမဲ့ နိုဝင်္ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကုသပေးမည် ဖြစ်ကြောင်းနှင့် ယခုအခါ ဒေါက်တာ အေးထွန်း ဦးဆောင်သော ဆရာဝန်များမှ ကျောက်ဖြူ ဆေးရုံတွင် မျက်စေ့ဝေဒနာရှင်များအား ကုသပေးနေကြောင်း သိရသည်။

အဆိုပါ အခမဲ့ မျက်စေ့ ခွဲစိတ်ကုသပွဲသို့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်ဘက်မှ မျက်စေ့ ဝေဒနာရှင် ၄၀၀ နီးပါး ရောက်ရှိနေကြောင်း သိရသည်။

မျက်စေ့ဝေဒနာရှင်များ အတွက် ကုန်ကျစရိတ်နှင့် အစားအသောက် စရိတ်များကို ဆရာတော် အိန္ဒဘာလနှင့် ဦးမျိုးဇေယျာမင်း မိသားစုမှ ထောက်ပံ့ ကူညီမည် ဖြစ်သော်လည်း ကျောက်ဖြူ ဒေသခံများကလည်း တတ်နိုင်သလောက် ပါဝင် လှူဒါန်း ကူညီနေကြကြောင်း သတင်း ရရှိသည်။


---------------နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။