အောင်တံခွန် သင်္ဘောပေါ်မှ ခရီးသည် ၃၂၀ ဘေးမသီရန်မခဘဲ ကယ်တင်နိုင်


ကျောက်ဖြူ အရှေ့တောင်ဘက် နောင်တော်မြစ်တွင် ကျောက်ဆောင်နှင့် တိုက်မိပြီး သောင်တင်သွားခဲ့သော အောင်တံခွန် အမှတ် (၂) သင်္ဘောပေါ်မှ ခရီးသည် ၃၂၀ ကို ဘေးမသီ ရန်မခဘဲ ကယ်တင်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

" ခရီးသည်က စုစုပေါင်း ၃၂၀ ဖြစ်ပါတယ်။ ကျောက်ဖြူက စက်လှေ ၄ စီးနဲ့ ရေတပ်သင်္ဘော ၃ စီးနဲ့ သွားရောက် ကယ်တင်ခဲ့ရပါတယ်။ တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိပါဘူး"ဟု ကယ်ဆယ်ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ခရီးသည် ၃၂၀ ထဲတွင် ၁၅၀ မှာ မြေပုံမြို့မှ လိုက်ပါသော မျက်စေ့ ခွဲစိတ်မည့် မျက်စေ့ ဝေဒနာရှင်များ ဖြစ်ကြကြောင်း သူက ဆိုသည်။

" ခရီးသည်တွေ အထဲမှာ ၁၅၀ က မြေပုံမြို့နယ်က မျက်စေ့ဝေဒနာရှင်တွေ ဖြစ်ကြပါတယ်။ သူတို့က ကျောက်ဖြူမှာ မျက်စေ့ အခမဲ့ ခွဲစိတ်ကုသပေးနေတဲ့ အတွက် ကုသဖို့ လိုက်ပါလာတဲ့သူတွေ ဖြစ်ကြပါတယ်။ အခုတော့ သူတို့ အားလုံးကို စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေရာချပေးထားပါတယ်။"

အဆိုပါ သင်္ဘောသည် နိုဝင်္ဘာလ ၂၁ ရက်နေ့ ညနေ (၆) နာရီတွင် စစ်တွေမြို့မှနေ တောင်ကုတ်သို့ ထွက်ခွာလာသော သင်္ဘော ဖြစ်ပြီး ကျောက်ဖြူဘက်အခြမ်း နောင်တော်မြစ်အတွင်း နိုဝင်္ဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ကျောက်ဆောင်နှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

" နံနက်ပိုင်း ဝေလီဝေလင်းဆိုတော့ သင်္ဘောမာလိန်က သတိလက်လွှတ်ဖြစ်သွားပြီး ကျောက်ဆောင်နဲ့ ၀င်တိုက်မိတာ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ဘောက ၀မ်းဗိုက်ကွဲသွားပြီး ချက်ချင်း သောင်ပြင်ပေါ် ထိုးတင်လိုက်ရတယ်။ ဒါကြောင့် ရေထဲ မနစ်ဘဲ လူတွေကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

အခင်း ဖြစ်ပွားခဲ့သော ရခိုင်ကမ်းရိုးတန်းက နောင်တော်မြစ်မှာ လိုင်းကြီး လေထန်ပြီး ပင်လယ်ဝတွင် တည်ရှိသဖြင့် သတိမထားလျှင် ယခုကဲ့သို့ မတော်တဆမူများ မကြာခဏ ဖြစ်တတ်သော နေရာ ဖြစ်ကြောင်း သိရသည်။


-----------------နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။