စစ်တွေတွင် လုံခြုံရေး တိုးမြှင့်


ထွန်းထွန်း
----------
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် ဆန္ဒပြပွဲများ မပေါ်ပေါက်ရအောင် လုံခြုံရေးကို တိုးမြှင့်ချထားကြောင်း သတင်း ရရှိသည်။

မျက်မြင် တစ်ဦးက လုံခြုံရေး တိုးမြှင့်ထားကြောင်းကို ယခုလို ပြောသည်။


sittwe-municipal-market,-Arakan မပြောင်းမလဲ တည်ရှိနေသော စစ်တွေမြို့မဈေးကြီး ( ဓါတ်ပုံ- နိရဉ္စရာ)
" အခု လမ်းဆုံ လမ်းခွတွေနဲ့ အရေးကြီးတဲ့ နေရာတွေမှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။ အဓိကတော့ ရဲတွေကို ယူနီဖေါင်းတွေနဲ့ အတူ နံပတ်တုတ်တွေကိုင်ပြီး ချထားတာကို တွေ့ရပါတယ်။ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အတွက် ဖြစ်ပါတယ်" ဟု ပြောသည်။

လုံခြုံရေး တိုးမြှင့်ထားချထားသော နေရာများမှာ မြို့တော်ခန်းမ (ယခု ရခိုင်ပြည်နယ် လွှတ်တော်)၊ ဦးဥတ္တမ ပန်းခြံ၊ လောကနန္ဒာ စေတီ၊ မင်းဗာကြီး လမ်းတလျှောက်၊ လမ်းမတော် (တောင်)၊ ကုန်တန်း လမ်းဆုံတို့တွင် ဖြစ်ကြောင်း သိရသည်။

၎င်းပြင် အရပ်ဝတ် ထောက်လှမ်းရေးများလည်း လမ်းသွား လမ်းလာများကို အနီးကပ် စောင့်ကြည့်နေပြီး ရခိုင်က ဂတ်စ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် ဦးဆောင် လူပ်ရှားသူများကို ရှာဖွေမူများ ပြုလုပ်နေကြောင်း သူက ဆက်ပြောသည်။

" အခုက လုံခြုံရေးနဲ့ အတူ ဦးဆောင် လူပ်ရှားသူတွေကို လိုက်ရှာနေတယ်လို့ သိရတယ်။ နိုဝင်္ဘာ ၂၀ နေ့က လူငယ် တချို့ အဖမ်းခံရတာကလွဲပြီး နောက်ထပ် ဖမ်းဆီးသံတွေတော့ မကြားရသေးဘူး။ အများစုကတော့ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။"

လူပ်ရှားရာတွင် ပါဝင်သူ လူငယ် တစ်ဦးကလည်း လုံခြုံရေး တင်းကျပ်ထားမူကြောင့် နိုဝင်္ဘာလ ၂၁ ရက်နေ့က သူတို့ ဆန္ဒပြရန် စီစဉ်ထားသည့် အစီအစဉ် ပျက်ပြားသွားကြောင်း ယခုလို ပြောသည်။

" ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် ဆန္ဒပြ တောင်းဆိုမယ်ဆိုတဲ့ သတင်းက တမြို့လုံး ပျံ့နေတော့ အာဏာပိုင်တွေက လက်ဦးမူ ယူပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တမြို့လုံး အနှံ့ချထားလိုက်တဲ့ အတွက် ကျွန်တော်တို့ အစီအစဉ်က ပျက်ပြားသွားခဲ့ရပါတယ်။ ဒါပေမယ့် အခွင့်သာတာနဲ့ ဆက်လက် လူပ်ရှား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု လူပ်ရှားသူ လူငယ် တစ်ဦးက ပြောသည်။

ရခိုင်က ထွက်သော သဘာဝ ဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး တောင်းဆိုမူကို ရခိုင် လူထု တရပ်လုံးက ထောက်ခံပြီး ထိုအထဲတွင် ရခိုင်တွင် အမတ်နေရာ အများဆုံး အနိုင်ရထားသော ရတပ နိုင်ငံရေး ပါတီသာမက ကြံ့ခိုင်ရေး ပါတီဝင်များ၊ အစိုးရ ၀န်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။



---------------- နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။