အောင်တံခွန် သင်္ဘော ကျောက်ဆောင်တိုက်မိခြင်း နောက်ဆက်တွဲ သတင်း

နိုဝင်္ဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ခွဲခန့်တွင် အောင်တံခွန် အမှတ် (၂) သင်္ဘောမှာ နောင်တော်မြစ်အတွင်း ရေလယ် ကျောက်ဆောင် တစ်ခုကို တိုက်မိပြီး အဆိုပါ ကျောက်တန်းပေါ်တွင် သောင်တင်သွားခြင်း ဖြစ်ကြောင်း သိရသည်။


passengers-ferry-ship-collided-with-a-rock-Nondaw-River-in-Kyauk-Pru-Township ကျောက်တန်းပေါ် တင်သွားသော သင်္ဘောကို တွေ့မြင်ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
" အဲဒီ သင်္ဘောက နောင်တော်မြစ်က အစိုင်ကြီးကျွန်း အနီးက မုဆိုးမ ကျောက်တန်းကို တိုက်မိတာ ဖြစ်ပါတယ်။ သင်္ဘောက အဲဒီကျောက်တန်းမှာ သောင်တင်သွားပါတယ်။ အခုထက်ထိ ဆွဲချလို့ မရသေးပါဘူး" ဟု မျက်မြင် ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ အောင်တံခွန် သင်္ဘော အမှတ် (၂) မှာ တောင်ကုတ်မြို့မှ သူဌေး ဦးကျောက်တောင်မှ အစိုးရထံမှ ကန်ထရိုက် ရယူပြီး လုပ်ကိုင်နေသော သင်္ဘော ဖြစ်သည်။

" လူတွေက အရမ်းကို ကံကောင်းတယ် ဆိုပြီး ပြောနေကြပါတယ်။ ဒီလို ကျောက်တန်း တစ်ခုကို သင်္ဘော တိုက်မိခဲ့ပေမယ့် လူ တစ်ဦးတယောက်မှ အသေအပျောက် မရှိသလို ဒဏ်ရာ ရတာလည်း မရှိတဲ့ အတွက် ခရီးသည်တွေရော ဒေသခံပြည်သူတွေကတွေကရော ဘုရားမတယ်။ နတ်ကောင်း နတ်မြတ်တွေ မတယ်ဆိုပြီး ပြောဆိုနေကြပါတယ်" ဟု သူက ဆက်ပြောသည်။

မြန်မာ အစိုးရထုတ် သတင်းစာများက အဆိုပါ သင်္ဘောပေါ်တွင် ရဟန်းတော် ၁၀ ပါး၊ ကျား ၁၅၃ ဦး၊ မ ၁၇၂ ဦး၊ ကလေး ၂၀၊ သင်္ဘောဝန်ထမ်း ၂၀ စုစုပေါင်း ၃၇၅ ဦးပါဝင်ကြောင်းနှင့် ထိုအထဲတွင် မြေပုံမြို့မှ ကျောက်ဖြူသို့ မျက်စိအခမဲ့ကုသရန်လိုက်ပါလာသူ ၈၀ ပါဝင်ကြောင်း ရေးသား ဖေါ်ပြသည်။

အဆိုပါ သင်္ဘောသည် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရေနီကြီး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် ရေကြောင်း ခရီးစဉ်ကို ပြေးဆွဲနေသည့် သင်္ဘော ဖြစ်သည်။ ရေလမ်းကြောင်းလွဲချော်ပြီး ကျောက်ဆောင်အား ၀င်တိုက်မိသဖြင့် သင်္ဘော ဦးပိုင်းပေါက်ကွဲ သွားကြောင်းသိရသည်။

အောင်တံခွန်(၂) သင်္ဘောမှာ စစ်တွေ မြို့မှ နိုဝင်္ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် တောင်ကုတ် မြို့သို့ ထွက်ခွာလာရာ ၂၂ ရက်နေ့ နံနက် ၄ နာရီခွဲတွင် ကျောက်တန်းကို တိုက်မိကာ သောင်တင်သွားခဲခြင်း ဖြစ်သည်။
passengers-ferry-ship-collided-with-a-rock-Nondaw-River-in-Kyauk-Pru-Township
အဆိုပါ သင်္ဘော ခရီးစဉ်နှင့် ပတ်သက်ပြီး Eleven ယခုလို ဖေါ်ပြသည်။

၂၁.၁၁.၂၀၁၁ ရက် တနင်္လာ နေ့ နံနက်(၆) နာရီမှ စတင် ထွက်ခွာလာသည့် ကျွန်းပတ်သင်္ဘောမှာ မင်းပြားမြို့နယ် ကျွဲရီပြင် ကျေးရွာ အနီးတွင် နံနက် (၉) နာရီ (၃၀) မိနစ် အချိန် သောင်တင်နေခဲ့ပြီး ည (၅)နာရီ အချိန်မှ စတင်လွတ်မြောက် လာကာ မင်းပြားမြို့ သို့ ည (၆)နာရီတွင် ဆိုက်ကပ် နိုင်ခဲ့ပါသည်၊ (၆)နာရီ (၃၀) မိနစ်တွင် ပြန်လည် ထွက်ခွာလာကာ ည(၁၀း၀၀) နာရီ တွင် မြေပုံမြို့သိုရောက်ရှိပါသည်၊ ကုန်တင် ၊ကုန်ချများပြုလုပ်ပြီး ည(၁၁း၃၀) အချိန်တွင် ကျောက်ဖြူသို့မောင်းနင်လာရာ င/ပသုံ ကျေးရွာ အနီး နောင်တော်မြစ်ကို ဖြတ်မောင်း လာစဉ် သံသမကျောက် (ဒေသခေါ်- ကျွဲရွီ)ကျောက်တန်းကို (၂၂ .၁၁.၂၀၁၁) အင်္ဂါနေ့ အာရုံ တက် ချိန် (၀၄း၃၀) အချိန်တွင် ရေကြောင်း လွဲချော်ပြီး ၄င်းကျောက်တန်းကို ၀င်တိုက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

သင်္ဘောပေါ် ပါလာသူများကို အနီးအနားမှ ငါးဖမ်း စက်လှေများနှင့် ရေတပ်သင်္ဘောများက ကယ်တင်ခဲ့ရသည်။
passengers-ferry-ship-collided-with-a-rock-Nondaw-River-in-Kyauk-Pru-Township



----------
 နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။