Arakan New Generation Network
ဘီဘီစီသတင်းဌာန၏အင်္ဂလိပ်ပိုင်းအစီအစဉ်တွင် Anna Jones က ရခိုင်လူမျိုးများနေထိုင်သည့် ရခိုင်နယ်မြေပြ မြေပုံတွင် ဘင်္ဂလားဒေ့ရှ်မှဝင်ရောက်လာကြသည့် ဘင်္ဂါလီလူမျိုးများပုံကို ထည့်သွင်းထားသဖြင့် ကမ္ဘာတ၀ှန်းရှိ မြန်မာလူမျိုးများအနေဖြင့် များစွာဒေါသထွက်လျက်ရှိကြရာ
ဘီဘီစီသတင်းဌာနနှင့်ကမ္ဘာတ၀န်းရှိဗြိတိသျှသံရုံးများရှေ့ တွင် ကန့်ကွက်ပွဲများပြုလုပ်လျက် ရှိကြသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဗြိတိန်သျှသံရုံးရှေ့မှာ ဆန္ဒပြနေကြပုံ (ဓာတ်ပုံ Arakan New Generation Network)
ယနေ့(24.11.2011)နံနက်(၁၀)နာရီတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အန်ပန်းရှိ ဗြိတိသျှသံရုံးရှေ့ တွင်မလေးရှားရောက်ရခိုင်လူမျိုးများမှ ဘီဘီစီသတင်းဌာနအားကန့်ကွက်ပွဲကိုကျင်းပခဲ့ရာ စုစုပေါင်းအင်အား(၁၀၀)နီးပါးပါဝင်ခဲ့ကြသည်။ ဆန္ဒပြ သူများမှ ဗြိတိသျှသံအမတ်ကြီးထံလိပ်မူကာ
အဆိုပါသတင်းအားရှံ့ချကြောင်းနှင့် သတင်းမှားကြောင်း ကမ္ဘာ့ လူထုက မိမိတို့
အပေါ်နားလည်မှုလွဲမှားမှုမျိုးကိုမဖြစ်စေလိုကြောင်း၊အန်နာဂျုံး အနေဖြင့် တရားဝင်တောင်းပန် ရမည်ဖြစ်ကြောင်း၊မိမိတို့အနေဖြင့် လူ့အခွင့်အရေးကိုလက်ခံပြီးလေးစားပါကြောင်း၊ သို့ရာတွင် လူ့အခွင့်အရေးကိုအကြောင်းပြုပြီး မိမိတို့ဘိုးဘွားပိုင်နယ်မြေကိုလုယူရန် လိမ်လည်သတင်းဖြန့်ချီမှုကိုမူလုံးဝလုံးဝ ရှံ့ ချပါကြောင်း ရေးသားထားသည့်စာကိုပေးပို့ခဲ့သည်။
သံရုံး၏ပထမ အတွင်းဝန်ဆိုသူအမျိုးသမီးတစ်ဦး မှ အဆိုပါစာကို သံအမတ်ကြီးကိုယ်စား
လက်ခံယူခဲ့ပါသည်။
အဆိုပါ ဆန္ဒပြရာသို့ မလေးရှားရဲ တပ်ဖွဲ့ မှ အနီးကပ်စောင့်ကြပ်မှုများရှိခဲ့ ပါသည်။
(၁)အန်နာဂျုံး -ချက်ချင်းဖြုတ်)၂
(၂)လုပ်ကြံသတင်းမှား -အလိုမရှိ)၂
(၃)ရခိုင်မြေသည် -ငါရို့ မြေ )၂
စသည့်ကြွေးကြော်သံများကြွေးကြော်ကာ ဆန္ဒပြပွဲကို နံနက်(၁၁)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။