ရန်ကုန်၊ မတ် ၁၃
ရခိုင်အမျိုးသားပါတီဧ။် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ခြောက်ဦးကို ပါတီမှ ထုတ်ပယ်လိုက်သည်ဟု ရခိုင်အမျိုးသားပါတီမှ ဦးခင်သန်းက ပြည်သူ့ခေတ်ကို ပြောသည်။
“ဟုတ်တယ်။ ဒီနေ့ပဲ စိစစ်ပြီးထုတ်လိုက်တာ။ ပါတီက ညွှန်ကြားချက်တွေ ကြေညာချက်တွေကို ကန့်ကွက်တယ်။ ကိုယ့်သဘောနဲ့ကိုယ် သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ ပါတီကို သင်းကွဲအောင်လုပ်တယ်။ ဒီကိစ္စကို စိစစ်ဖို့ ခေါ်တော့လည်း မလာဘူး။ဒီလူတွေနဲ့ ရှေ့ဆက်လို့မရတော့ဘူး။နောက်နောင်ကို ခွင့်လွှတ်လို့ မရတော့တဲ့အတိုင်းအတာမို့ ဗဟိုကော်မတီဝင်တွေ အကုန်လုံးဆုံးဖြတ်ပြီး အခုလို ထုတ်ပယ်လိုက်တာပါ” ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခြောက်ဦးကို ပါတီစည်းကမ်းလိုက်နာမှုမရှိဘဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့မှုနှင့်ကြေညာချက် ထုတ်ပြန်ခဲ့မှုများကို အရေးယူရန်အတွက် မတ်လ ၁၂ရက်နှင့်၁၃ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာတွင် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်ခဲ့သောကြေညာချက်နှစ်စောင်သည် တရားမ၀င်ကြောင်းနှင့်လက်မခံနိုင်ကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် မတ်လ ၆ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထုတ်ပယ်ခံခဲ့ရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခြောက်ဦးမှာ ဦးကျော်မြင့်၊ဦးမျိုးဆွေ၊ဦးဦးလှမြင့်၊ဦးမျိုးကျော်၊ဦးထွန်းရွှေသိန်းနှင့်ဦးသန်းနိုင်မြင့်တို့ ဖြစ်သည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)တို့ကို ၂၀၁၄ခုနှစ်တွင် ပေါင်းစည်းခဲ့ပြီး ရခိုင်အမျိုးသားပါတီကိုတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် တတိယအများဆုံးပါတီ ဖြစ်သည်။
____People's Age News
မကောင်းသူကိုပယ် ကောင်းသူဆည်ဗျာယ် ရခိုင်အမျိုးသားအကျိုး ဆက်သည်ပိုးဖို့ ရွက်လွှင့်နိန်သည် ANP. အပြောနန့်အလုပ် တမဟုတ်ချင်း ဆက်လက်ကြိုးစားနိန်သည် ANP. ပြည်သှူ့ဆန္ဒ နှလုံးထက်တွင် ကပျဉ်းတင်သည် ANP. အမှောင်အတိ လွမ်းခြုံဖိသည့် ရက္ခမြီးအား လင်းဇီသောကြောင့် ပြည်သားပြည်သူအားကိုယူလျက် ဆက်လက်ရီးနှင်မည် ANP---------------------
ReplyDelete