အစိုးသစ်လက်ထက်တွင် အနောက်တံခါး လုံခြုံနိုင်ပါ့မလား

ခိုင်ခန့်အောင်(ဘူးသီးတောင်)

နှစ်ပေါင်း (၅၀)ကျော် အတိုက်အခံပါတီအဖြစ်ရပ်တည်လာပြီးမှ မကြာသေးမီ ရက်ပိုင်းအတွင်းက အစိုးရဖွဲ့နိင်ခဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံတကာကရော၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကပါ ချီကျုး ထောပနာ ပြုလိုက်ပါတယ်။ “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့စကားဟာ နှစ်ပေါင်း (၅၀)ကျော် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊လိုလားချက်တွေကို မျက်ကွယ်ပြုခဲ့တဲ့အစိုးရတစ်ရပ်အား ဘာလက်နက်မျှ သုံးစရာမလိုဘဲ မြန်မာပြည်သူတွေဟာ ဖြိုဖျက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ယခုတက်လာတဲ့အစိုးရရဲ့တာဝန်ဟာ အင်မတန်ကြီးသွားပါတယ်။ရာစုနှစ်တစ်ဝက်နီးပါး မရှင်းလင်းနိုင်ခဲ့တဲ့ မဟာအရှုပ်ထုပ်ကို အစိုးရသစ်ဟာ စတင်ရှင်းလင်း ရတော့မှာ ဖြစ်ပါတယ်။ဒါပေမဲ့ မြန်မာပြည်ပြည်မှာ အထိအခိုက်၊ အတိမ်းအစောင်း လုံးဝ သည်းမခံတဲ့ကိစ္စရပ်အမြောက်အမြား ရှိနေတဲ့အထဲက ရခိုင်အရေးနဲ့ မြစ်ဆုံစီမံကိန်းတို့ဟာ အရမ်း ထိချလွယ်ပါတယ်။

ရခိုင်အရေးကို မဆွေးနွေးခင် မြန်မာနိုင်ရဲ့အိမ်နီးရှင်းနိုင်ငံတွေအကြောင်းကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့မြောက်ဘက်တွင် ကမ္ဘာဆူပါလောင်းလျာ တရုတ်ရှိပါတယ်။ တရုတ်နယ်စပ်တစ်လျှေက်တွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားရဲ့(၈၅) ရာခိုင်နှန်းခန့် အခြေစိုက်တယ်။ဒါပြင် မြစ်ဆုံစီမံကိန်းလို ကျောက်ဖြုရေနက်ဆိပ်ကမ်းစီမံကိန်းလို စီပွားရေးတွေနဲ့ ထဲထဲဝင်ဝင် ဆက်စပ်နေတော့ တရုတ်ရဲ့အခန်းကဏ္ထဟာ မြန်မာနိုင်ငံအတွက် အင်မတန် အရေးပါနေတယ်။။

မြန်မာနိုင်ငံရဲ့အနောက်ဘက်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံရှိတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့အကျယ်အဝန်းက မြန်မာနိုင်ငံထက် တော်တော် သေးပါတယ်။ဒေတာအရ မြန်မာနိုင်ငံက လူဦးရေ (၅၁)သန်းရှိပြီး ဘင်္ဂလားဒေရှ့်က လူဦးရေ (၁၅၈)သန်းရှိတယ်။ကမ္ဘာ့နိုင်ငံအသီးသီးရဲ့နယ်မြေအကျယ်အဝန်းစာရင်းမှာ မြန်မာက အဆင့်(၄၀)ရှိပြီး ဘင်္ဂလားဒေရှ့်က အဆင့်(၉၄) ရှိပါတယ်။ကမ္ဘာလူဦးရေသိပ်သည်းဆနိုင်ငံစာရင်းမှာ မြန်မာက အဆင့်(၁၂၅)ချိတ်ပြီး ဘင်္ဂလားဒေရှ့်က အဆင့်(၁၂)ချိတ်ပါတယ်။ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့လူဦးရေတိုးတက်မှုဟာ ၁၉၇၀ ခုနှစ်တွင် လူဦးရေ(၆၆) သန်းရှိရာကနေ ၂၀၁၄ ခုနှစ်တွင် လူဦးရေ (၁၅၈) သန်းထိ ကြောက်ခမန်းလိလိ တဟုန်းထိုး တိုးတက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေရှ့်နိုင်ငံဟာ မြစ်ကူးစစ်ဆင်ရေးတို့လို စစ်ရေးပြင်ဆင်ချက်တွေကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်ကိုယ်တိုင်ဦးစီးကာ အကြီးအကျယ်လုပ်ခဲ့တယ်။ဒါပြင် တရုတ်နိုင်ငံကနေ လက်နက်တွေနဲ့သင်္ဘောကြီးတွေကို ဝယ်ယူဖြည့်တင်း လိုက်သေးတယ်။ဒါက မြန်မာနိုင်ငံကို သွယ်ဝှက်ပြီးတော့ စိန်ခေါ်လိုက်တာပါ။ ဘင်္ဂလားဒေရှ့်အနေနဲ့ အိန္ဒိယကို ယှဉ်လို့မရပါဘူး။ဒါဆိုရင် မြန်မာဘဲရှိတော့တယ်။ဒါကြောင့် တိုင်းပြည်မှာ အမျိုးသားရင့်ကြားစေ့ရေးဟာ အသက်တစ်မျှ အရေးကြီးပါတယ်။ညီအစ်ကိုချင်း သွေးထွက်သံယိုမှုဖြစ်တာ နှစ်ပေါင်း(၅၀) ကျော်လာပြီမို့ ရပ်တန့်ပြီးတော့ စားပွဲဝိုင်းတွင် အဖြေရှာသင့်ပါပြီ။

မြန်မာနိုင်ငံမှာရှိတဲ့ဘင်္ဂလီတွေဟာ ကိုလိုနီခေတ်ကတည်းက စတင်၍ ဘင်္ဂလားဒေရှ့်ကနေ မြန်မာနိုင်ငံသို့ တဖြည်းဖြည်း လာရောက်အခြေချနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်လာရင် ဘင်္ဂလီအလုပ်သမားအများအပြားဟာ လုပ်သားရှားပါးတဲ့ရခိုင်ပြည်နယ်သို့ ကောက်ရိပ်သိမ်းရန် လာရောက်ကြပေမဲ့ မိုးဦးကာလကျရောက်လာခဲ့ရင် သူတို့တွေဟာ မိခင်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပြန်သွားလေ့ရှိပါတယ်။ဒါပေမဲ့ စူးအက်တူမြောင်းကို ဖွင့်လှစ်လိုက်တဲ့နောက်ပိုင်းတွင် ဘင်္ဂလီတွေဟာ ရခိုင်ပြည်နယ်ထဲမှာ စတင်အခြေချ နေထိုင်လာပါတော့တယ်။အဲဒီတုန်းက သိပ် များများစားစားလည်း မရှိခဲ့ပါဘူး။

ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီတွေတည်ထောင်ခဲ့တဲ့ ကျေးရွာအချို့လည်း ရှိပါတယ်။ဒါက ငြင်းလို့မရပါဘူး။ ဥပမာ ကာလာကျေးရွာ၊ဘော်ဒီကျေးရွာ၊ဇော်ဘော်ကျေးရွာ၊မူချီးကျေးရွာ၊အော်လီကျေးရွာ(ရခိုင်အခေါ် ဒုအိုးသည်မ)တို့ ဖြစ်ပါတယ်။ကာလာဆိုတဲ့ဘင်္ဂလီတည်ထောင်ခဲ့တဲ့တာမို့ ကာလာရွာလို့ ခေါ်ပါတယ်။ဘော်ဒီဆိုတဲ့ ဘင်္ဂလီတည်ထောင်ခဲ့တာမို့ ဘော်ဒီရွာလို့ ခေါ်ပါတယ်။အဲ့လိုလည်း နောက်ထပ် ရှိနိုင်ပါသေးတယ်။

၁၉၄၂ ခုနှစ်တွင် ဘင်္ဂလီတွေ မောင်ပိုင်စီးသွားတဲ့ ရခိုင်ကျေးရွာအများအပြားလည်း ဘူးသီးတောင်၊မောင်တောမြို့နယ်တွင် ရှိနေပါတယ်။ ဥပမာ ပြင်ဖြူချောင်း၊မြို့သစ်ချောင်း၊စံပယ်ပင်ရင်း၊အင်းဒင်၊စပ်ချကုန်း၊ငတိုး၊အလယ်သံကျော်၊ငစံဘော်၊မောင်နှမ၊ဒိုးတန်း၊ မာန်အောင်၊သာစည်၊ရွာမ၊ပုလဲတောင်၊ဒါးပိုင်ဆရာ၊ကြာညိုပြင်၊ဥယျာဉ်သာ၊လက်ဝဲဒက်၊စေတီတောင်၊ကင်းတောင်၊သပိတ်တောင်၊သိမ်တောင်၊တပ်ရာ၊ကျောင်းတောင်ကျေးရွာတွေ ဖြစ်ပါတယ်။

ဒါပြင် ၁၉၅၅-၅၆ ခုနှစ် ဖဆပလအစိုးရ ဦးနုလက်ထက်မှာ ကြီးမားတဲ့ အမှားတစ်ခုကို လုပ်ခဲ့ပါတယ်။အဲဒါက ဦးနုဟာ မဲရလိုဇောနဲ့ တဖက်နိုင်ငံမှဘင်္ဂလီတွေကို မြန်မာနိုင်ငံထဲသို့ လွယ်လွယ်ကူကူ ပေးဝင်ခွင့်ပေးခဲ့ပြီး နိုင်ငံသား လက်မှတ်တွေ၊ မှတ်ပုံတင်တွေကို ထုတ်ပေးကာ ရွေးကောက်ပွဲတွင် မဲပေးခွင့်ပြုခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ ၁၉၆၀ ပြည့်နှစ်တွင် ဘူးသီးတောင်၊မောင်တောနဲ့ ရသေ့တောင်ဒေသတွေမှာ ဘင်္ဂလီလူဦးရေ ငါးသိန်းခန့် ကြောက်ခမန်းလိလိ တိုးတက်လာတာကို တွေ့ရပါတယ်။ဒါကြောင့် ၁၉၆၆ ခုနှစ်တွင် မြတ်မွန်စစ်ဆင်ရေး၊၁၉၇၄ ခုနှစ်တွင် စပယ်ရှယ်စစ်ဆင်ရေးနဲ့ ၁၉၇၈ ခုနှစ်တွင် နဂါးမင်းဆင်စစ်ဆင်ရေးတို့ဖြင့် ဘင်္ဂလီစာရင်းကောက်ခံမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ထိုအထဲမှာ နဂါးမင်းဆင်စစ်ဆင်ရေးဟာ အပြင်းထန်ဆုံးဖြစ်တာကြောင့် ဘင်္ဂလီ တစ်သိန်းငါးသောင်းကျော် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားပါတယ်။

နိုင်ငံတကာဖိအားကြောင့် မြန်မာအစိုးရဟာ ထွက်ပြေးသွားတဲ့ဘင်္ဂလီတွေကို ဟင်္သာစီမံချက်ဖြင့်ု ဘင်္ဂလီ တစ်သိန်းကိုးသောင်းကျော် ပြန်လည်လက်ခံခဲ့ရတယ်။တနည်းအားဖြင့် ဘင်္ဂလီလူဦးရေ လေးသောင်းကျော်ကို အဆစ်ရလိုက်ပါသေးတယ်။ မိအေး နှစ်ခါနာ ဆိုသလိုမျိုး သမိုင်းမှာ အရုပ်ဆိုး အကျဉ်းတန်သွားပါတယ်။ဒါကြောင့် ယခုတက်လာတဲ့အစိုးရဟာ နိုင်ငံတကာဖိအားကိုခံနိုင်တဲ့အစိုးရတစ်ရပ်ဖြစ်နေဖို့ အရေးကြီးတယ်။သမိုင်းမှာဦးနုလို အမှားမျိုး ထပ်မကျူးလွန်ဖို့ အလွန် အရေးကြီးပါတယ်။

တအုံအုံ တဆွေးဆွေးဖြစ်နေတဲ့ ရခိုင်အရေးကို ဖြေရှင်းဖို့ကတော့ ၁၉၈၂ ဥပဒေဖြင့် နိုင်ငံသားရသင့်ရထိုက်သူတွေကို ဥပဒေကြောင်းအရ အခွင့်အရေးပေးဖို့ လိုအပ်ပါတယ်။သူတို့တွေလည်း လူသားဖြစ်တာမို့ လူအခွင့်အရေးရှုထောင့် ကနေ ထည့်သွင်း စဉ်းစားရပါလိမ့်မယ်။

“၁၉၈၂ ခု နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်းဆောင်ရွက်ပြီးမှသာလျှင် ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်မှု၊မဖြစ်မှုကို သတ်မှတ်နိုင်ပါမယ်။ဒီလိုစုံစမ်း စစ်ဆေးမှုကို ဘာတစ်ခုမျှ မလုပ်ဆောင်ဘဲ နိုင်ငံသားဖြစ်မှုပေးမယ်ဆိုရင် ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်သွားပါမယ်။ဒီနေ့ လွှတ်တော်အခင်းအကျင်းကနေ ကျွန်တော်တို့လည်း ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ခဲ့တာလည်း ရှိပါတယ်။အစိုးရဟာ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်သင့်ပါတယ်။တကယ်လို့ အစိုးရအဖွဲ့ကသာ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၈၂ ဥပဒေကို သွယ်ဖယ်၍ လုပ်ဆောင်လာခဲ့ရင် ကျွန်တော်တို့က Check and Balance လုပ်ဆောင်ရပါ့မယ်။ပြီးတော့ လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ လွှတ်တော်နိုင်ငံရေးတို့ ပူးပေါင်း လုပ်ဆောင်သွားမယ့် အစီအစဉ်တွေလည်း ကျန်တော်တို့မှာ ရှိပါတယ်။”လို့ ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင် ဘူးသီးတောင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

၁၉၈၂ ဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ အစိုးရသီးသန့် မဟုတ်ဘဲ ဌာနေတိုင်းရင်းသားတွေရော လူမှုအဖွဲ့အစည်းတွေကိုပါ ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရပါမယ်။ အစိုးရကပဲ သူတို့အလိုကျ ဖွဲ့စည်းသွားမယ်ဆိုရင် ကျွန်တော်တို့က လက်မခံပါဘူးလို့ သူကဆက်ပြောပါတယ်

“၁၉၈၂ ဥပဒေ အကောင်အထည်ဖော်ရေးကော်မတီဖွဲ့တဲ့အခါ ဒေသတွင်းတိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အရပ်ဖက်လှုမှုအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ စီစစ်ပြီးမှ လက်ခံပါမယ်။ဒီလိုမဟုတ်ဘဲ အကောင်ဖော်မယ်ဆိုရင် မြေပုံမှာ ဖြစ်သလိုမျိုး ဖြစ်သွားပါမယ်။”

နိုင်ငံတကာသတင်းဌာနကြီးတွေကလည်း ဘင်္ဂလီအရေးနဲ့ ပတ်သတ်လာရင် လော်ဘီလုပ်တာ ရှေ့တန်းတင်လွန်းပါတယ်။ပြည်တွင်းအခြေစိုက်သတင်းဌာနကြီးတွေတောင် ဘင်္ဂလီသတင်းတစ်ခုတည်းကို မြန်မာလိုတင်တဲ့သတင်းနဲ့ အင်္ဂလိပ်လိုတင်တဲ့သတင်း မတူညီပါဘူး။အထူးသဖြင့် အင်္ဂလိပ်လိုတင်တဲ့သတင်းတွေမှာ အခုလို စကားစုတွေကို အမြဲလိုလို တွေ့ရပါတယ်။ ( Rohingya faces discrimination and violence in mostly Buddhist Burma.The Government does not recognize them as citizens and many rohingya are excluded from heathcare,education and employment) ဒါက အမျိုးသားအကျိုးစီးပွားထက် ဒေါ်လာအကျိုးစီးပွားကို ဦးစားပေးတာ ဖြစ်ပါလိမ့်မယ်။တနည်းအားဖြင့် မီဒီယာကျင့်ဝတ်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာလည်း ဖြစ်ပါတယ်။

တကယ်တော့ ဘူးသီးတောင်၊မောင်တောမြို့တွေမှာ အမှန်တကယ် လုံခြုံရေး လိုအပ်နေတာဟာ ဒေသခံတိုင်းရင်းသား လူနည်းစုတွေဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသားမိန်းကလေးတွေဟာ ဘင်္ဂလီတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေကို နေ့စဉ်နဲ့အမျှ နဖူးတွေ့ဒူးတွေ ခံစားနေရပါတယ်။ ဒါကြောင့် ဘူးသီးတောင်၊မောင်တောမြို့တွေမှာ တိုင်းရင်းသားတွေရဲ့လုံခြုံရေးအတွက် ပြည်သူစစ်ပုံစံမျိုးဖွဲ့စည်းပေးစေချင်တယ်လို့ ဒိုင်းနက်တိုင်းရင်းသားတိုးတက်ရေးပါတီ(DNDP)မှ ဥက္ကဌ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“အထူးသဖြင့် ဘူးသီးတောင်၊မောင်တောဒေသတွင် မှီတင်းနေထိုင်ကြတဲ့ရခိုင်မျိုးနွယ်စုဝင်တွေဟာ လုံခြုံရေးသတိ အမြဲ ကပ်ထား ရှိရပါမယ်။ကျွန်တော်တို့က ဒီဒေသမှာ လူနည်းစုဖြစ်နေတယ်ဆိုတော့ သွားတာ လာတာတွေမှာ အထူးသတိထားရမယ်။လုံခြုံရေးအနေအထားအရ ပြောရရင် နယ်ခြားစောင့် ရဲတွေ ဘယ်လောက်ဘဲ ရှိနေပါစေ လုံခြုံရေး အပြည့်အဝ မပေးနိုင်ပါဘူး။တစ်ခုခုကို သွားမယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှုကို အသိပေးသွားတာမျိုး လုပ်ဆောင်သင့်တယ်။ပြီးတော့ အစိုးရက ကျွန်တော်တို့တိုင်းရင်းသားတွေကို ပြည်သူစစ်ပုံစံမျိုး ဖွဲ့ပေးမယ်ဆိုရင် ကျွန်တော်တို့က ပိုလုံခြုံသွားသလိုမျိုး ခံစားရပါမယ်။”

အနောက်တံတိုင်းဖြစ်တဲ့ဘူးသီးတောင်၊မောင်တောဒေသခံတွေဟာ ၁၉၈၂ ဥပဒေကို အကောင်အထည်ဖော်ဆောင်ပေးရန် ဆန္ဒရှိနေကြပါတယ်။ပြီးတော့ ဘူးသီးတောင်၊မောင်တောမြို့နယ်အတွင်းမှာ ဘင်္ဂလီတွေဟာ အိပ်ခြေရာခြေများကို တိုးချဲ့ဆောက်လုပ်နေတဲ့ကိစ္စဟာလည်း အရမ်းသိသာလှပါတယ်။ တကယ်တော့ ခြစားမှုရှိတဲ့မြန်မာအစိုးရဝန်ထမ်းတွေကို ဘင်္ဂလီတွေက ပိုက်ဆံပေး ဝယ်တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဒါကြောင့် တရားဥပဒေစိုးမိုးရေး၊နယ်မြေလုံခြုံရေးတို့ကို အလွန်အရေးကြီးပါတယ်လို့ ခမီတိုင်းရင်းသူ ဒေါ်ခင်မာလာက ပြောပါတယ်။

“အခုတက်လာမယ့်ဒီမိုကရေစီအစိုးရဟာ ဖယ်ဒရယ်ပြည်ထောင်စုကျင့်သုံးမယ်လို့ ကြွေးကြော်ထားတော့ တရားမျှတသွားလိမ့်မယ်လို့ ယုံကြည်တယ်။ လုံခြုံရေးဆိုတဲ့နေရာမှာလည်း အကုန်လုံးကို သိမ်းကျုံးပြီးတော့ လုပ်ဆောင် ပေးနိုင်ရမယ်။ ပြီးတော့ ဘင်္ဂလီတွေဟာ ကလေးအကန့်အသတ်မရှိမွေးဖွားနေတာကိုလည်းပဲ ဥပဒေကြောင်းအရ ရပ်တန့်ပေးစေချင်ပါတယ်။”

တိုင်းရင်းသားကျေးရွာသစ်တွေကိုတိုးချဲ့ခြင်းဖြင့် ဘင်္ဂလီလူဦးရေအချိုးအစားကွာခြားချက်ကို အတိုင်းအတာတစ်ခုထိ လျော့ချပေးနိုင်ပါတယ်။ဗိုလ်ချုပ်ခန်ညွန့်လက်ထက်က ဘူးသီးတောင်၊မောင်တော မြို့နယ်တွင် နတလကျေးရွာသစ်တွေ ထူထောင်ပေးခဲ့တာကိုတွေ့ရပါတယ်။ဥပမာ မောင်တောမြို့နယ်တွင် အောင်သပြေကျေးရွာ၊လောင်းဒုံကျေးရွာ၊သရေကုန်းဘောင်ကျေးရွာ၊ခရေမြိုင်ကျေးရွာ၊မောရဝတီကျေးရွာ၊ရွှေရင်အေးကျေးရွာ၊ဝေသာလီကျေးရွာနဲ့ ဘူးသီးတောင်မြိုနယ်တွင် အင်ကြင်းမြိုင်ကျေးရွာ၊သရဖီကျေးရွာ၊ဂန္ဓမာကျေးရွာ၊ဒုံးသိမ်ကျေးရွာ ဘုရားပြင်အောင်ပကျေးရွာ တို့ဖြစ်ပါတယ်။ဒီလိုမျိုးလုပ်ဆောင်ခြင်းဟာလည်း အနောက်တံခါးကို အထိုက်အလျှောက် လုံခြုံနိုင်လာပါတယ်။အပြည့်အဝ မဟုတ်ပါဘူး။

“နတလ ကျေးရွာသစ်တွေကိုတည်ဆောက်ပေးတာလည်း ကောင်းပါတယ်။ဒါပေမဲ့ တည်ဆောာက်ပေးတာသက်သက်နဲ့ အလုပ်မဖြစ်ပါဘူး။သူတို့တွေရဲ့ ပညာရေး၊ကျမ္မရေး၊စီးပွားရေးတွေကိုလည်း စောင့်ရှောက်ပေးရပါမယ်။နတလကျေးရွာဆိုပေမဲ့ ဗမာပြည်ကနေ အခြေနေမဲ့လူတန်းစားတွေထက် တကယ့်နေထိုင်မယ့်ဒေသခံတိုင်းရင်းသားတွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ကျမမြင်ပါတယ်။” လို့ ဘူးသီးတောင်ဒေသခံ ဒေါ်လှအေးခင်က ပြောပါတယ်။

အနောက်တံခါးလုံခြုံရေးနဲ့ ပတ်သတ်လာရင် တပ်မတော်ဟာ တိုင်းရင်းသားတွေအပေါ်မှာ သဘောထားကြီးပြဖို့တော့ လိုပါတယ်။တိုင်းရင်းသားလက်နက်ပထိပက္ခချုပ်ငြိမ်းရေးဟာ အနောက်တံခါးဝမှာနေထိုင်တဲ့တိုင်းရင်းသားတွေအတွက် အသက်တမျှ အရေးကြီးပါတယ်။ဒါကြောင့် တိုင်းပြည်မှာ သေနတ်သံတိတ်ဆိတ်ပြီးတော့ ငြိမ်းချမ်းရေးချိုးငှက်လေးဟာ သံလွင်ခက်လေးသယ်ဆောင်လာချိန် တန်ပြီလေ။

အနောက်တံခါး လုံခြုံးရေးနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင်က သမဂ္ဂဂျာနယ်သို့ အခုလို သူရဲ့အမြင်ကို ဖွင့်ဟထားပါတယ်။“ရခိုင်နယ်မြေလုံခြုံရေးအတွက် ဖြစ်နိုင်ရင် ရခိုင်တပ်မတော်ကို ဒီနယ်စပ်မှာချပေးမယ်ဆိုရင် ပိုပြီးတော့လုံခြုံမယ်လို့ မြင်တယ်။”

တကယ်တမ်း ပြဿနာစဖြစ်ကြပြီဟေ့ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြဿနာဖြစ်တဲ့နေရာဆီသို့ ဆယ်မိနစ်အတွင်းရောက်အောင် မသွားနိုင်ပါဘူး။လမ်းပန်ဆက်သွယ်ရေးခက်ခဲတာဟာ အဓိက ကျတယ်။ ဆယ်မိနစ်ဆိုတဲ့အချိန်တိုအတွင်းမှာ ကျေးရွာတစ်ရွာ ဒါမှမဟုတ် ကျေးရွာတော်တော်များများကို ဘင်္ဂလီတွေဟာ ၂၀၁၂ ခုနှစ်ကလို ရွာလုံးကျွတ်မီးရှို့လို့ ရပါတယ်။ဘာဖြစ်လဲဆိုတော့ တိုင်းရင်းသားလူဦးရေအချိုးနဲ့ ဘင်္ဂလီလူဦးရေအချိုးအစားဟာ မမျှတလွန်းတာကြောင့် ဖြစ်တယ်။

ဒါကြောင့် ဒီပြဿနာကို ပြေလည်သွားအောင် ၁၉၈၂ ဥပဒေ ဖြင့် ဖြေရှင်းရပါမယ်။ ဒီလို ဖြေရှင်းအဖြေရှာမှသာ ပြည်ထောင်စုရဲ့ အနောက်တံတိုင်းကြီးဖြစ်တဲ့ရခိုင်ပြည်နယ်ဟာ လုံခြုံသွားမယ်။ ပြီးတော့ ဘူးသီးတောင်၊မောင်တောဒေသမှ တိုင်းရင်းသားပြည်သူတိုရဲ့လူနေမှုဘဝကို မြင့်တင်ပေးခြင်း၊ကျေးရွာလုံခြုံရေးအတွက် ပြည်သူစစ်ဖွဲ့စည်းပေးခြင်း၊ တိုင်းရင်းသားကျေးရွာသစ်တွေ ထူထောင်ပေးခြင်းတို့ဖြင့်လည်း အနောက်တံခါးဟာ အသင့်အတင့် လုံခြုံလာပါမယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် သြဇာတိက္ကမကြီးမားသူမို့ သူအနေနဲ့ ရခိုင်အရေးကို ရှင်းရလွယ်ပါလိမ့်မယ်။ဒါကြောင့် အနောက်တံခါးလုံခြုံပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကို ပြယ်ပျောက်သွားအောင်ျဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရသစ်က ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ သုံးသပ်မိတယ်။

ခိုင်ခန့်အောင်(ဘူးသီးတောင်)

Development News Journal (15-2-2016)နေ့ထုတ်ဂျာနယ်တွင် ဖော်ပြပါရှိတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။