အစိုးရသစ်နှင့်လွှတ်တော်သစ်အာဏာလွှမ်းမိုးမှု

နှင်းချိုလှိုင် (မြောက်ဦး)

မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ၂၀၁၀ ခုနှစ်ကစတင်ခဲ့သည်။နှ စ်ပေါင်း ၂၂ နှစ် ဖိနှိပ်အုပ်ချုပ်လာခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမိုင်းဝင်သော အာဏာလွှဲအပ်ခြင်းပင်ဖြစ်သည်။နို င်ငံတော်အာဏာသည် စစ်အစိုးရလက်အောက်မှ အရပ်ဖက်အစိုးရလက်အောက်သို့ရောက်ရှိလာခဲ့သည်။ သို့သော် စစ်မှန်သောအရပ်ဖက်အစိုးရကားမဟုတ်ပေ။ ယခင်စစ်အစိုးရ၏ အာဏာရှင်အရာထမ်းများကို အရပ်ဖက်အစိုးရတစ်ရပ်အဖြစ်ပြောင်းလဲလိုက်ခြင်းပင်ဖြစ်သည်။

၎င်းတို့ကလူဝတ်လဲကာအရပ်ဖက်အစိုးရအဖြစ်ဖန်တီးပြီး နာမည်အသစ်ဖြင့်တိုင်းပြည်ကိုလက်မလွတ်စတမ်း အုပ်ချုပ်နေခြင်းကိုလည်း တစ်နိုင်ငံလုံးအသိပင်ဖြစ်ပါသည်။ ထို့ကြောင့် အာဏာရှင်များကထပ်မံအုပ်ချုပ်နေသည့်အတွက် ၂၀၁၀ ခုနှစ်အစိုးရကို လူဝတ်လဲအစိုးရ။ ကြံ့ဖွံ့အစိုးရဆိုပြီးအမျိုးအမျိုးခေါ်ဝေါ်ကြသည်။ အားလုံးလည်းသိကြသည်။

ယခင်စစ်အစိုးရလက်ထက် အုပ်ချုပ်ပုံနှင့် ၂၀၁၀ အစိုးရအုပ်ချုပ်ပုံသည်အတူတူပင်ဖြစ်သည်။ အလွန်တရာပြောင်းလဲသွားသည်မဟုတ်။ စစ်တပ်၏အမိန့်အာဏာမှာ ပျောက်ပျက်မသွားသည့်အပြင် လွှတ်တော်အတွင်းသို့လိုက်လာခဲ့သည်။ လွှတ်တော်ထဲတွင်ြ ပည်သူ့ကိုယ်စားလှယ်များနှင့် စစ်တပ်မှတစ်မတ်သားတို့အားပြိုင်မှုများရှိသည်။ တိုင်းရင်းသားပါတီများမှ တက်လာသည့်ပြည်သူရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များတစ်ဖက် တစ်မတ်သားကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့မှတက်လာသည့်ကိုယ်စားလှယ် များကတစ်ဖက်ဖြစ်သည်။ တိုင်းရင်းသားပါတီများမှကိုယ်စားလှယ်များမှာ အရေအတွက်နည်းပါးသည့်အတွက် အားပြိုင်မှုတိုင်းတွင်ရှုံးနိမ့်ခဲ့ရသည်။

လွှတ်တော်သည် စစ်တပ်၏အာဏာကိုမလွန်ဆန်နိုင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် လွှတ်တော်ထဲတွင် စစ်တပ်နှင့်လူဝတ်လဲထားသောစစ်အာဏာရှင်များရှိနေသည့်အတွက်ကြောင့်ဖြစ်သည်။၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း လွှတ်တော်၏အခန်းကဏ္ဍမှာ မပီပြင်သောလွှတ်တော်သာဖြစ်သည်။ လွှတ်တော်သည်ပြည်သူလူထုရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည်။

သို့သော်လွှတ်တော်တွင်အာဏာမရှိသည့်အတွက်ြ ပည်သူ့အကျိုးကိုလုပ်ပေးနိုင်စွမ်းမရှိခဲ့ပေ။ ဖွဲ့စည်းပုံအရလွှတ်တော်ကိုအာဏာပေးထား သော်လည်း လက်တွေ့တွင်အာဏာကိုအစိုးရက အများဆုံးကိုင်တွယ်ထားသည်ကိုတွေ့ရပေသည်။ ထို့ကြောင့်ပြီးခဲ့သော ပါတီစုံဒီမိုကရေစီအစိုးရလက်ထက်တွင် ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သည့် အမြင့်ဆုံးသောအာဏာပိုင်ဖြစ်သော လွှတ်တော်သည်ဥပတိရုပ်မကောင်းခဲ့ဟု သုံးသပ်မိပါသည်။ ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့်လွှတ်တော်ကြို ပန်လည်သုံးသပ်လိုက်ပါက လွှတ်တော်သက်တမ်းတစ်လျှောက်လုံးသည် အစိုးရ၏ထိမ်းချုပ်မှုအောက်တွင်သာ ပြုလုပ်နေခဲ့ရသည်ကိုတွေ့ရသည်။

လွှတ်တော်သည်အစိုးရကိုအပြန်အလှန်ထိမ်းကျောင်းနိုင်ခဲ့ခြင်းမရှိ။ အစိုးရ၏ခွင့်ပြုချက်များဖြင့်သာတောက်လျှောက်ကျင်းပလာခဲ့ခြင်းဖြသည်။ တကယ်တမ်းတွင် လွှတ်တော်သည်ဥပဒေပြုရေးအာဏာကိုရယူထားသည့်ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထာသော အဖွဲ့အစည်းဖြသည့်အတွက် ဖွဲ့စည်းပုံအရအမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သည်။

ထို့ကြောင့် အုပ်ချုပ်ရေးအာဏာကိုရယူထားသည့် အစိုးရအဖွဲ့နှင့်လွှတ်တော်တို့သည် တစ်ဦးကိုတစ်ဦးအပြန်အလှန်ထိမ်းကျောင်းနိုင်ရမည်။ ထိမ်းညှိပိုင်ခွင့်ရှိရမည်ဖြစ်သည်။ အစိုးရ၏မှားယွင်းသောလုပ်ရပ်များရှိသည်။ အမှန်ဆိုလွှတ်တော်မှ ယင်းသို့မှားယွင်းနေသောလုပ်ရပ်များကို ပြန်လည်တည့်မတ်ပေးနိုင်ရန် အစိုးရကိုထောက်ပြဝေဖန်မှုများ ပြုလုပ်ပေးနိုင်ရမည်။ လက်တွေ့တွင်ယင်းသို့ဖြစ်မလာခဲ့။ လွှတ်တော်သည်အစိုးရမှားယွင်းသောလုပ်ရပ်များကို ထောက်ပြနိုင်ခြင်းမရှိ။ေ ထာက်မပြဝံ့ခြင်းသည် လွှတ်တော်၏အားနည်းချက် ကြောင့်ဟုသုံးသပ်မိသည်။

လွှတ်တော်သည် ညံ့ဖျင်းသောလွှတ်တော်၊ သေးသိမ်သောလွှတ်တော်ဖြစ်သည့်အတွက် အစိုးရသည်လွှတ်တော်ကိုလေးလေးနက်နက်မစဉ်းစားပေ။ လွှတ်တော်ကိုယ်စားလှယ်များကနို င်ငံတော်အတွင်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ၊ ဥပဒေဆိုင်ရာ၊ တရးစီရင်ရေးဆိုင်ရာပြောင်းလဲမှုများ၊ အုပ်ချုပ်ပုံစနစ်ပြောင်းလဲမှုများ၊
စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ၊ စသည့်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ညှိနှိုင်းရေးဆွဲရသည်။ လွှတ်တော်မှရေးဆွဲအတည်းပြုပေးလိုက်သော လုပ်ငန်းစဉ်များကိုအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးရသည်။ သို့သော် ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း လွှတ်တော်များတွင် အတည်ပြုထားသည့်လုပ်ငန်းစဉ်များကို
အကောင်အထည်မဖော်သည့်အပြင် ကိုယ်စားလှယ်များ၏ တင်ပြတောင်းဆိုမှု၊ေ ဆွးနွေးမှု၊ အဆိုပြုမှုများကိုလည်း လွတ်လပ်စွာတင်ပြတောင်းဆိုဆွေးနွေးခွင့်မရရှိခဲ့ပါ။

၎င်းမှာအစိုးရသည်ပွင့်လင်းမြင်သာမှုမရှိသောကြောင့် အစိုးရ၏ထိန်းချုပ်မှုအောက်၌ ရပ်တည်နေရသောလွှတ်တော်သည် မိမိ၏လုပ်ပိုင်ခွင့်အာဏာကိုပြည့်ပြည့်ဝဝအသုံးမချနိုင်ခြင်းပင် ဖြစ်သည်။ ခြုံပြောရလျှင်လွှတ်တော်သည် အစိုးရအပေါ်တွင်အာဏာသက်ရောက်မှု၊ အာဏာလွှမ်းမိုးမှုမရှိခြင်းပင်ဖြစ်သည်။
အစိုးရ၏အာဏာလွှန်းမိုးမှုများပြားလွန်းသည့်အတွက် လွှတ်တော်၏အခန်းကဏ္ဍသည် ပီပီပြင်ပြင်အကောင်အထည်မဖော်နိုင်ခဲ့ပါ။ လွှတ်တော်မှအတည်ပြုဆုံးဖြတ်ထားသော ကိစ္စရပ်များကို ကတိကဝတ်ပေးထားပြီး ပျက်ကွက်မှုများအများအပြားရှိသည်။

တချို့ကဏ္ဍများကိုခေါင်းစဉ်ပြောင်းလဲအသုံးချလိုက်ခြင်းများလည်းရှိသည်။ ယင်းသည်အစိုးရ၏အပြစ်များသာဖြစ်သည်။ ပြီးခဲ့သည့်အစိုးရသည် စစ်အာဏာရှင်များလူဝတ်လဲပြီး ဖွဲ့စည်းထားသောကြံ့ခိုင်ရေးအစိုးရ။ ယခု၂၀၁၆ ခုဖေဖော်ရီတွင်စတင်မည့် အစိုးရသစ်သည်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD
အစိုးရဖြစ်သည်။ NLD သည် ၁၉၈၈ ခုနှစ်ကတည်းက လူထုထောက်ခံမှု၊ အားပေးမှုကို အများဆုံးရရှိထားသည့်ပါတီကြီးတစ်ခုဖြစ်သည်။ NLD သည်ပြည်သူလူထု၏ အားကိုးရာ မှီခိုရာအစိုးရတစ်ရပ်ပင်ဖြစ်ပေသည်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသည် အပြာင်းအလဲတစ်ရပ်ကိုပြုလုပ်လာပေလိမ့်မည်။

အပြောင်းအလဲလည်းရှိကိုရှိရမည်ဖြစ်သည်။ NLD သည်လည်းအပြောင်းအလဲဘက်သို့ ဦးတည်နေသည်ကိုတွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်ြးေ ပာင်းလဲမှုများကိုပြုလုပ်ဖို့အတွက် ပြောဆိုနေမှုများကိုတွေ့နေရသည်။ သို့သော်မည်မျှပြောင်းလဲနိုင်မည်နည်း။ မည်သို့ပြောင်းလဲပေးမည်နည်း။ပြည်သူနှင့်တိုက်ရိုက်သက်ဆိုင်သည့်ပြောင်းလဲမှုမျိုးကိုလုပ်ပေးနိုင်မည်လား။ေ စာင့်ကြည့်ရဦးမည်ဖြစ်သည်။ပြောင်းလဲမှုတော့ရှိလာနိုင်သည်။ NLD သည် ယခင်ကြံ့ခိုင်ရေးအစိုးရလျှောက်ခဲ့သည့်လမ်းအတိုင်းတော့ သူလျှောက်လိမ့်မည်မဟုတ်ဟုယုံကြည်သည်။ NLD သည် စနစ်တစ်ခုကိုအသွင်ပြောင်းလဲဖို့လိုအပ်သည်။ ပြောင်းလဲနိုင်မည်လား။

နှစ်ပေါင်းများစွာရှုပ်ထွေးပွေလီနေသည့် နိုင်ငံရေးအခြေအနေကိုေ ဒ်ါအောင်ဆန်းစုကြည် ဖြေရှင်းနိုင်မည်လား။ တကယ်တမ်းသာ မပြောင်းလဲနိုင်ပါကNLD သည် စနစ်ဟောင်းနောက်သို့ဖြေးဖြေးချင်းလိုက်နေမည်လား။ရေစုံမျောခံမည်လား။ သူ့မှာစုံလုံးကန်တွန်းလှန်နိုင်ဖို့မဖြစ်နိုင်သည်ကအမှန်ပင်ဖြစ်သည်။
ပြန်လည်ဆန်းစစ်ဖို့လိုအပ်သည်။ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်းမှာ မပြီးပြတ်ခဲ့သောပြဿနာများကို NLD
ကဖြေရှင်းနိုင်မည်လား။ အစိုးရယန္တရားထဲတွင်ယင်းသို့မပြီးပြတ်ခဲ့သောပြဿနာများ။ မဖြေရှင်းရသေးသောပြဿနာများအမြာက်အများရှိနေသည်။ ဤပြဿနာများကိုဖြေရှင်ရန်အတွက် အဓိကအခြေခံကျသည့် မြို့နယ်/ခရိုင်စသည့် အဆင့်ဆင့်တို့မှ တရားစီရင်ရေးကိုစတင်ပြောင်းလဲဖို့လိုအပ်သည်။

တရားဥပဒေစိုးမိုးရေးကိုသာအကောင်အထည်မဖော်နိုင်ပါကလှပသောပြောင်းလဲမှုတစ်ရပ်ဖြစ်လာမည်မဟုတ်ပေ။ ပြည်နယ်အဆင့်ဝန်ထမ်းများကိုသာမထိန်းကျောင်းနိုင်ပါကယင်းပြဿနာများကိုဖြေရှင်းနိုင်မည်မဟုတ်သည်ကသျေချာသည်။ပြည်နယ်အဆင့် ဌာနဆိုင်ရာအရာရှိများနှင့် ဝန်ထမ်းများသည်အစိုးရအဖွဲ့အပေါ်တွင်အလေးထားဆောင်ရွက်ရန်လိုအပ်သည်။ ဌာနဆိုင်ရာကိုမထိန်းနိုင်ပါက လုံးဝပြောင်းလဲ၍ရနိုင်မည်မဟုတ်၊
တရားဥပဒေစိုးမိုးမှုလည်းရှိလာလိမ့်မည်မဟုတ်ဟုထင်မြင်မိပါသည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်နယ်အဆင့်အစိုးရအဖွဲ့သည်ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို
ဖွဲ့စည်းပုံပါတိုင်း အကူအညီပေးမှုများကိုသာလုပ်ကိုင်ခဲ့ရသည်။

ပြည်ထောင်စုအစိုးရ၏လုပ်ငန်းစဉ်များကိုလိုက်ပါကူညီနေသည့်ပြည်နယ်အဆင့်အစိုးရအဖွဲ့ကို ဌာနဆိုင်ရာအရာထမ်း၊ဝန်ထမ်းများကလုံးဝ အလေးမထားကြသည်ကိုတွေ့ရသည်။ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီးများ၊လွှတ်တော်အဖွဲ့ဝင်များဖြစ်သည့် အမတ် (ပြည်သူ့ကိုယ်စားလှယ်)များကိုအသိအမှတ်ပြုမှုအားနည်းခြင်းတို့ကိုတွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် မည်မျှပင်ရခိုင်ပြည်နယ်အစိုးရ၊ရခိုင်ပြည်နယ်လွှတ်တော်များကိုဖွဲ့စည်းထားရှိသော်လည်း အစိုးရနှင့်လွှတ်တော်တို့မှာပြည်ထောင်စုအစိုးရ၏စီမံမှုအောက်တွင်သာရှိနေသည့်အတွက်တရားဥပဒေစိုးမိုးရေးကိုအကောင်အထည်မဖော်နိုင်ခြင်းဖြစ်သည်။

ယခုအစိုးရသစ်လက်ထက်တွင် ပြုလုပ်မည့်အပြောင်းအလဲသည်အကောင်အထည်ကိုကောင်းစွာမဖော်နိုင်ပါက အစိုးရသာပြောင်းလဲပြီး၊လူပြောင်းလဲခြင်းသက်သက်ထက် အုပ်ချုပ်မှုယန္တရားကိုမပြောင်းလဲနိုင်ပါက
ပြီးခဲ့သည့်ငါးနှစ်တာကလ( ကြံ့ခိုင်ရေးအစိုးရ)အုပ်ချုပ်ပုံသာဖြစ်ပေလိမ့်မည်။ယင်းထက်ပြောင်းလဲမှုရှိလိမ့်မည်မဟုတ်ဟုသုံးသပ်မိပါသည်။နို င်ငံတစ်နိုင်ငံ၏အပြောင်းအလဲတစ်ခုသည် အစိုးရပြောင်းလဲသွားရုံဖြင့်
ပြောင်းလဲခြင်းဟုမဆိုနိုင်ပေ။ ပြိုပျက်နေသည့်စနစ်၊ဝန်ထမ်းများ၏အုပ်ချုပ်ပုံနှင့် အကျင့်များကိုပြောင်းလဲနိုင်မှသာလျှင်ပြောင်းလဲမှုဟုခေါ်ဆိုခြင်းဖြစ်သည်။ အမှန်တကယ်ပြောင်းလဲဖို့အတွက် NLD ဦးဆောင်သောအစိုးရအဖွဲ့သည် စစ်အုပ်ချုပ်ရေးလက်ကျန် အကျင့်ပျက်ဝန်ထမ်းများကို အောင်းမွန်သော၊ လိမ်မာသော၊
တိုင်းပြည်နှင့်နိုင်ငံတော်အပေါ်စေတနာရှိသော ဝန်ထမ်းကောင်းများဖြစ်လာအောင်
ပြုပြင်ပေးဖို့လိုအပ်ပေသည်။

ယင်းသို့ဖြစ်လာဖို့၊ ပြောင်းလဲလာဖို့အတွက် အဓိကသော့ချက်မှာ အာဏာပိုင်ဆိုင်မှုအပိုင်းအခြားပင်ဖြစ်သည်။ လက်ရှိအနေအထားအတိုင်းအာဏာကိုဗဟိုအစိုးရဟုခေါ်သော ပြည်ထောင်စုအစိုးရကသာ ဆက်လက်ချုပ်ကိုင်ထားပြီြး ပည်နယ်အဆင့်အစိုးရအဖွဲ့နှင့် အာဏာခွဲဝေမှုမရှိပါကလုံးဝပြောင်းလဲလိမ့်မည်မဟုတ်ဟု တပ်အပ်ပြောနိုင်သည်။ စစ်မှန်သောဒီမိုအရေစီစနစ်တစ်ခု၊ ဖယ်ဒရယ်အုပ်ချုပ်မှုစနစ်တစ်ခုမှန်ကန်ပါက
လွှတ်တော်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဤမဏ္ဍိုင်ကြီးသုံးရပ်သည်တန်းတူသောအာဏာပိုင်ဆိုင်ရမည်။ သူ့အာဏာနှင့်သူဖြစ်ရမည်။

တစ်ခုကတစ်ခုကိုဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရ။ တစ်ခုကတစ်ခုကိုအာဏာသက်ရောက်မှုမရှိရ။ မလွှမ်းမိုးရ။ ချုပ်ကိုင်မှုမပြုလုပ်ရ။ ထိုအချက်များနှင့်ဆန့်ကျင်သောအုပ်ချုပ်မှုစနစ်သည် စစ်မှန်သောဖယ်ဒရယ်ဒီမိုကရေစီဟုယုံကြည်၍မရနိုင်။ အာဏာရှင်ဒီမိုကရေစီသာဖြစ်သွားနိုင်သည်။ သို့သော် နိုင်ငံရေးသည် တိကျသော၊
သေချာသောလုပ်ငန်းစဉ်မဟုတ်။ မတိကျမှုများ၊ မခိုင်မာမှုများကိုစမ်းသတ်လုပ်ကိုင်ရသောအလုပ်မျှသာဖြစ်သည်။

အစိုးရတိုင်းသည်လည်းအပြောအတိုင်း အကောင်အထည်ဖော်ရန်မလွယ်ကူသည်ကိုနားလည်ပါသည်။ မည်သည့်အတွက်ကြောင့်ဆိုသော်နိုင်ငံရေးသည်သေချာမှုကင်းမဲ့သည့်အလုပ်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

နှင်းချိုလှိုင် (မြောက်ဦး)

___Development News Journal 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။