ဆောင်းပါးရှင်- နန်းဆိုင်ဖူး
ဖေဖော်ဝါရီ ၂၂ ရက် ၂၀၁၆
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ တွင် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား ဒေသအသီးသီးမှ တိုင်းရင်းသားမီဒီယာ များနှ င့် ပြည် တွင်းပြည်ပ သတင်းမီဒီယာများ ပညာရှင်များ သည် ရန်ကုန်မြို့တွင် စုရပ်ကာ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ တိုင်းရင်းမီဒီယာ ညီလာခံအတွက် စတင်ခရီးထွက်ခဲ့သည်။
ကားပေါ်လိုက်ပါလာသည့် သတင်းထောက်များက ဗမာလိုပြောနေကြသော် လည်း သျှမ်းသံဝဲ၀ဲ၊ ကယားသံပါပါ၊ ချင်းသံပေါက်ပေါက်၊ မွန်သံရော ထွက်နေသည့်အတွက် ပြည်ထောင်စုရနံ့ သင်းပျံ့ သည့် ခရီးစဉ်ဖြစ်သည်။
သျှမ်းသတင်းဌာနကိုယ်စားပြုသည့် ကျမတို့အဖို့ တောင်ကြီးမြို့မှ ရန်ကုန် မြို့သို့ဆင်းရန် ဖယ်ရီ ကားက ၁၁ ရက်နေ့ ညနေ ၄ နာရီ အတိတွင်လာကြို သည်။ တောင်ကြီးမြို့ပတ်ပြီး ဟိုဝင်ဒီထွက် ခရီးသည်ကို လိုက်ကောက် သည်။ တောင်ကြီးမြို့မှ ညနေ ၅ နာရီခွဲတွင် စထွက်ပြီး ရန်ကုန်မြို့သို့ နံနက် ၆ နာရီကျော်ကျော်တွင် ရောက်သည်။ ခရီးတထောက် နားကာ နံနက် ၈ နာရီ ခွဲ ရန်ကုန်မှ မြောက်ဦးသို့ ခရီးဆက်လက်ထွက်ခွာကာ နောက်တရက် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် ရောက်ရှိ ပါ သည်။
ကုန်းလမ်း ရေလမ်းဖြတ်ကျော်ကာ နာရီပေါင်း ၄၀ ကျော် ကုန်ဆုံးပြီး မှ မြောက် ဦးမြို့သို့ ရောက်ခဲ့ သည်။
ခရီးလမ်းရှည်သော်လည်း ပျော်ရွှင်စရာကောင်းသော ခရီးလမ်းတစ်ခုဖြစ် သည်။ အတွေ့ အကြုံ အသစ်နှင့် ဗဟုသုတအသစ်များ၊ ရခိုင်တိုင်းရင်း သားများတို့၏ လူမှုနေထိုင်မူဘဝ ၊ ယဉ်ကျေး မှု ဓလေ့ထုံးတမ်း စဉ် လာ၊ ဖြစ်ပျက်လာသည့် သမိုင်းကြောင်းများကို လေ့လာခွင့်ရခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ကားဝင်သည်နှင့် မြောက်ဦးမြို့၏ သဘာဝ အလှနှင့် စိမ်းလန်း စိုပြေလှပသော တောင်စွယ် တောင်ကုန်းလေး များဝိုင်းရံ ထားသည့် ရခိုင်ဘုရင်မင်းမြတ်များတည်ထားကိုးကွယ်သော ရှေးေ ဟာင်း စေတီ ပုထိုး များစွာ ဖူးမြော် ခွင့်ရသည်။
မြောက်ဦးမြို့ တွင်နေထိုင်သော ရခိုင်တိုင်းရင်းသား ဒေသခံများက “မြောက် ဦးမြို့ မှာရှိတဲ့ တောင် ပေါ်တွေမှာ စေတီပုထိုး မရှိတဲ့တောင်ဆို နှစ်တောင်ဘဲ ရှိတယ်၊ တိုင်းနေပြည်တော် လုံခြုံရေး အတွက် ခံတပ်တွေ၊ အချက်ပေး လုံခြုံရေးကင်းတွေရှိလို့” ဟု ပြောပြသည်။
မြောက်ဦးမြို့ဝင်ဝင်ချင်း ရခိုင်ဘုရင်မင်းမြတ်တို့ လက်ထက်၌ တည်ရှိ ထားေ သာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ များစွာတွေ့ရသည်။
သျှစ်သောင်းဘုရား၊ ကိုးသောင်းဘုရားများ သည် အထူးနာမည်ကြီးလှသည်။ ရခိုင်လူမျိုးများယုံကြည်ကိုးကွယ်သည့် အပ္ပါယ်တံခါးပိတ် ၀ဋ်ကြွေးကျေ ဘုရားလည်းရှိသည်။
ရခိုင်ပြည့်ရှင် ဘုရင်မင်းမြတ်တို့ နန်းစံခဲ့သော နန်းတော်ရာကုန်းများ ၊ မြောက်ဦး မြို့ရိုးများ၊ စေတီပုထိုးများ တွေ့ရသည်။ မြောက်ဦးမြို့သည် ရခိုင်ဘုရင် မင်းမြတ်တို့ နောက်ဆုံး နန်းတက် ခဲ့သော မြို့တစ်မြို့ဖြစ်ပြီး ရခိုင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ပြတိုက် မြို့တစ်မြို့ လည်းဖြစ် သည်။
ရခိုင်ရိုးရာ ဟင်းလျာများကိုလည်း ရခိုင်တိုင်းရင်းသားများက ချက်ကျွေးခဲ့ သည်။ ကျမတို့ သျှမ်း တိုင်းရင်းသားများနှင့် မတူ တမူထူးခြားသည်မှာ ရခိုင်ဟင်းလျာများသည် ငရုတ်သီးများစပ်၍ မမေ့နိုင်သည့် ဟင်းလျာသည် ရခိုင်အာလူးငါးခြောက်ခရမ်းသီးရောချက်သည့် အာလူးချက် ဟင်းလျာဖြစ် သည်။ ထိုဟင်းသည် ငါးပိ အနည်းငယ်ပါ ထည့်သည်။
ရခိုင်တိုင်းရင်းသားတို့၏နာမည်ကြီး ရိုးရာအစားအစာများဖြစ်သော ရခိုင် မုန့်တီသည်လည်း အစည်း အဝေးနားချိန်တွင် နေ့စဉ်ကျွေးမွေး ဧည့်ခံသည်။ ရခိုင်တိုင်းရင်းသားတို့၏ ရှေးခေတ်ရိုးရာ အကများကိုလည်း လေ့လာ ခွင့်ရခဲ့သည်။
ဘုရားလည်းဖူး လိပ်ဥလည်းတူးဆိုသကဲ့သို့ တိုင်းရင်းသားမီဒီယာများ အားလုံးသည် စတုတ္တကြိမ် မြောက် တိုင်းရင်းမီဒီယာ ညီလာခံ တက်ရောက် ရင်း မြောက်ဦးမြို့ရှိ စေတီဘုရားများအား သွားရောက် လေ့လာ ဖူးမြော်ခွင့်ရ ခဲ့သည်။
Burma News International (BNI ) နှင့် ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္စရာ သတင်းဌာနတို့ ပူးပေါင်း ပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက် အထိ ၃ ရက်တာအတွင်း တိုင်းရင်းသား ဒေသတွင် ကြုံ တွေ့ရသော ပြသနာ များ ၊ နိုင်ငံတော်ပိုင် သတင်းမီဒီယာများ နှင့် လွတ်လပ်သော သတင်း မီဒီ ယာများ သတင်းရယူမှု ခွဲခြားဆက်ဆံခံရခြင်း နှင့် အမျိုးသမီး သတင်းေ ထာက်များ အခြေအနေ၊ အမျိုးသမီးသတင်းထောက်များအတွက် အကာ အကွယ်ပေးမည့် ဥပဒေ ပြဌာန်း ပေးရန် တောင်းဆိုခြင်း ၊ လက်ရှိ မြန်မာ နိုင်ငံ ဒီမိုကရေစီ စနစ်ဖော်ဆောင်ရေး နှင့် ငြိမ်းချမ်း ရေးလုပ်ငန်း စဉ်များ ဆွေးနွေးခြင်း စသည်တို့ ဆွေးနွေးကြသည်။

“အမျိုးသမီး သတင်းထောက် သတင်းလိုက်ရာမှာ ခွဲခြားဆက်ဆံမှု ကန့် သတ်မှုတွေရှိနေပါတယ်။ ဒီအတွက် လာမယ့်အစိုးရသစ်လက်ထပ်မှာ ဒီသတင်းထောက်တွေကို ကာကွယ်နိုင်မယ့် ဥပဒေ တွေကို သေသေချာချာ တဆင့်ပြီးမှ တဆင့်ပြဌာန်းသွားပေးဖို့။ အလားတူဘဲ အမျိုးသမီး သတင်း ထောက်တွေကို အရှက်တရားအသတ်တရားတွေကို ကာကွယ် တဲ့ဥပဒေတွေကို သေချာကာကွယ် ပြဌာန်းပေးဖို့ ဒီညီလာခံမှာ ကျမ တိုက်တွန်းချင်ပါတယ်” ဟု ကရင်သတင်းစဉ် အယ်ဒီတာလည်း ဖြစ် BNI ဘုတ်အဖွဲ့ဝင်လည်းဖြစ်သည့် နန်းဖော့ဂေ ကပြောသည်။
ညီလာခံတွင် ရခိုင်ပြည်နယ်အရေး၊ တိုင်းရင်းသားအရေး၊ တန်းတူညီမျှ မှုရရှိရေး၊ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အပါအ၀င်ယဉ်ကျေးမှု အမွေ အနှစ်ထိန်း သိမ်းေ စာင့်ရှောက်ရေးအစ မြို့တော်ဟောင်းသန့်ရှင်း သာယာလှပရေး တို့ ကို ဆွေးနွေးဖလှယ်ကြသည်။
အဆိုပါညီလာခံမှလည်း အချက် ၅ ချက်ပါသော ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသေးသည်။
လာမည့်အစိုးရသစ်လက်ထပ်တွင် သတင်းမီဒီယာထိန်းချုပ်မှု မရှိဘဲ လွှတ်ေ တ်ာအသီးသီးတွင် သတင်းရယူပိုင်ခွင့် အသိအမှတ်ပြုရန်၊ သတင်း သမား များ လုံခြုံမှုအတွက် သတင်းမီဒီယာ ကောင်စီမှ ဥပဒေပြဌာန်းပေးရန် ၊ ငြိမ်း ချမ်းရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ သတင်း မီဒီ ယာ လုပ် ငန်းများအတွက် အစိုးရ၊EAOs နှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ကူညီပံ့ပိုး မှုများ ပေးရန်၊ သတင်းမီဒီယာလုပ်ငန်းတွင် အမျိုးသမီး သတင်းေ ထာက်များ ပိုမိုပါဝင်လာရေး အစရှိအချက်များ ပါဝင်သည်။
မြောက်ဦးမြို့တွင် ကျင်းပသော တိုင်းရင်းမီဒီယာညီလာခံသည် စတုတ္တကြိ မ်မြောက် ညီလာခံဖြစ်ပြီး ရခိုင်သတင်းတိုက်ဖြစ်သည့် နိရဉ္စရာ သတင်းဌာန နှင့် ရခိုင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ များက BNI နိုင်ငံ တကြာ မန်မာသတင်း ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကျင်းပခဲ့ သည်။ မြန်မာစာပေ အသိုင်း အ၀ိုင်းများမှ စာပေပညာ ရှင်များ၊ ၊ ပြည်တွင်းပြည်ပ အခြေစိုက် သတင်း ဌာန များမှ ကိုယ်စား လှယ်များ၊ Freelances သတင်းထောက်များ၊ တိုင်း ရင်းသား လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ စုစုပေါင်း ၃၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။
____Panglong(Burmese) (သျှမ်းသံတော်ဆင့်)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။