ဖေဖော်ဝါရီ ၂၂၊ ကျောက်ဖြူ
ဒုံချေ (ကျောက်ဖြူ)
ကျောက်ဖြူမြို့တွင် ရက္ခိုင့်တပ်မတော်(AA)နှင့်ဆက်သွယ်သည်ဟုသံသယဖြင့်ဖမ်းဆီးခံထားရသူများကိုဒီနေ့နေ့လည်ကရုံးထုတ်ကြောင်းသတင်းရရှိသည်။
၎င်းသုံးဦးကို ရက္ခိုင့်တပ်မတော်(AA)နှင့်ဆက်သွယ်သည်ဟုသံသယဖြင့် စရဖများမှ ရခိုင်လူငယ် ၃ ဦးအား ၂၀၁၆ ဇန္နဝါရီလ ၂၁ ရက်နေ့ကဖမ်းဖမ်းဆီးခဲ့သည်။
ယင်းသုံးဦးတွင် ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း(Kyaukphyu Rural Development Association) ဥက္ကဋ္ဌ ဦးမောင်အေးနှင့် သူရဲ့အလုပ်သမားနှစ်ဦးအား ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာတွင် ဖမ်းဝရမ်းမပါပဲ ကျောက်ဖြူ စရဖများက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံထားရသူများမှာ ဦးမောင်အေး၊ လိပ်ခမော်ရွာ၊ ကျောက်ဖြူ၊ ကိုထွန်းသာဖြူ၊ ယင်ရဲကန်ရွာ၊ ပေါက်တောမြို့နယ်နှင့် ကိုဇော်ဝင်းမောင်၊ ကုလားချောင်းရွာ၊ ပုဏ္ဏားကျွန်းမြို့တို့ဖြစ်ကြသည်။
၎င်းတို့အား ကျောက်ဖြူမြို့နယ်စခန်းမှူးမှ တရားအလိုအဖြစ်ပြုလုပ်ကာ ပုဒ်မ ၁၇/၁-၂ ဖြင့်စွဲဆိုထားကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လည် ၁း ၃၀ မိနစ်ခန့်က ကျောက်ဖြူမြို့နယ်တရားရုံးတွင် ပထမအကြိမ်အဖြစ်ရုံးထုတ်စစ်ဆေးခဲ့သည်။ တရားသက်သေရောက်မလာသောကြောင့် တရားသူကြီးမှ အမှုကိုစစ်ဆေးခြင်းမပြုပဲ မတ်လ (၇)ရက်နေ့ ထပ်မံ ရုံးချိန်းလိုက်ကြောင်းသိရသည်။
ဖမ်းဆီးခံရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများရှိခဲ့သော်လည်း ၄င်းသုံးဦးမှာတက်တက်ကြွကြွပင်ရှိကြောင်းနှင့် ဒေသခံပြည်သူ ၂၀၀ ခန့် တရားရုံးသို့လာရောက်နားထောင်ခဲ့ကြကြောင်း လည်း ကိုယ်တိုင်သွားရောက်ခဲ့သူတစ်ဦးမှပြောကြားသည်။
"ဖမ်းဆီးခံပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေးဘူး။ နောက်ပိုင်းမှာမှတွေ့ခွင့်ရတယ်။ ကိုမောင်အေးကတော့တော်တော်နှိပ်စက်ခံရတယ်လို့သိရတယ်။ ဒါပေမယ့် ဒီနေ့ရုံုးထုတ်တဲ့အချိန်မှာတော့ သုံးယောက်လုံးက တက်တက်ကြွကြွပါပဲ။ သူကဒေသခံတွေရဲ့ရပိုင်ခွင့်အတွက် ပြည်သူရှေ့ကမားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်လေ။ ဒါကြောင့် ဒေသခံပြည်သူ ၂၀၀ လောက်က တရုံးသို့လာရောက်ကာ သူတို့ကို အားပေးကြတယ်" ဟု ကိုယ်တိုင်သွားရောက်ခဲ့သည် အမည်မဖော်လိုတဲ့ ကျောက်ဖြူဒေသလူငယ်တစ်သီးမှ ကျောက်ဖြူလူငယ်များမီဒီယာသို့အတည်ပြုပြောကြားသွားသည်။
ပေါက်တောမြို့နယ်နှင့်ပုဏ္ဏားကျွန်းမြို့နယ်များမှ မိဘများလည်း လာရောက်ကြကြောင်းသိရသည်။ ရခိုင်ပြည်တစ်ခုလုံးတွင် ရက္ခိုင့်တပ်မတော် (AA)နှင့်ဆက်သွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခြင်းကို ခံထားရသူ ၃၀ ကျော်ရှိကြောင်းနှင့် ရခိုင်လူငယ်များအား မြန်မာ့တပ်မတော်မှ အထူးစောင့်ကြည့်ကာ စစ်ဆေးမှုများပြုလုပ်ကာ မတရားဖမ်းဆီးလျက်ရှိသည်။

__ဓာတ်ပုံများကို Facebook user များထံမှ ကူးယူဖော်ပြပါသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။