ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်



 ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်

မြန်မာနိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ရခိုင်အမျိုးသားပါတီ၏ ဥက္ကဌဖြစ်သည်။
ဒေါက်တာအေးမောင်ကို ဦးမောင်လှစိန်နှင့် ဒေါ်သွင်ညိုဖြူတို့မှ ၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၃ ဦးအနက် အကြီးဆုံးဖြစ်သည်။ အခြခံပညာကို ရသေ့တောင်မြို့နှင့် စစ်တွေမြို့ရှိ အထက (၅) နှင့် အထက (၂) တို့တွင် သင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စစ်တွေမြို့ အထက (၂)မှ ဂုဏ်ထူး ၃ ဘာသာဖြင့် ၁ဝ တန်းအောင်သည်။ ရန်ကုန်မြို့ အင်းစိန်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်မှစ၍ ၁၉၈၄ ခုနှစ်အထိ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစတင်၍ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၂ဝ၁ဝ တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ နိုင်ငံရေးနယ်ပယ်ထဲသို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ(RNDP) နှင့် တွဲဖက် ၀င်ရောက်လာခြင်းဖြစ်သည်။ (RNDP) ပါတီတွင် ဥက္ကဌ ဒေါက်တာအေးမောင် ဦးဆောင်၍ မေလ ၄ ရက်နေ့က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့သည်။ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ကို မှတ်ပုံတင်အမှတ် ၂၈ ဖြင့် ရရှိခဲ့သည်။ ပါတီတွင် ဥက္ကဌတစ်ဦး၊ ဒုဥက္ကဌ ၄ ဦး (ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူ၊ ဦးအောင်ဘန်းသာ)၊ အထွထွေအတွင်းရေးမှူး ဦးဦးလှစော၊ တွဲဘက်အတွင်းရေးမှူး ၄ ဦး (ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဦသာထွန်းလှ၊ ခိုင်ပြည်စိုး) အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ပါတီရုံးချုပ်ကို စစ်တွေမြို့တွင် ထားရှိပြီး ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဓိကထား ယှဉ်ပြိုင်ခဲ့သည်။ ထိုအထဲတွင် ဒေါက်တာအေးမောင်သည် စစ်တွေမြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်နေရာတွင် အနိုင်ရခဲ့သည်။ အမျိုးသားလွှတ်တော်အတွင်း တိုက်ရည် ခိုက်ရည်ပြည့်ဝသည့် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၂၀၁၀-၂၀၁၅ ခုနှစ် ပထမအကြိမ် ရွေးကောက်ပွဲကာလအတွင်း အရည်အချင်းပြည့်ဝစွာ တိုက်ပွဲဝင်နိုင်ခဲ့သည့် ခေါင်းဆောင်ဖြစ်သည်။

ထူးခြားမှုအဖြစ် ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ပါတီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံတင်ခဲ့သည်။ ရခိုင်အမျိုးသားပါတီအဖြစ် တည်ထောင်ခွင့်ရရှိခဲ့ပြီး ပခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ (၅) ရက်တိုင်ကျင်းပမည့် ရခိုင်အမျိုးသားပါတီ ညီလာခံကို သံတွဲမြို့ ငပလီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဌရောကို ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် မာန်အောင်မြို့နယ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော်တွင် ၀င်ရောက်ချိန်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ သို့ရာတွင် ယခုအချိန်ထိ ရခိုင်အမျိုးသားပါတီတွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည့် ခေါင်းဆောင်ဖြစ်သည်။

၁၉၈၆ ခုနှစ်တွင် ဒေါ်မြမြသက် (လက်ရှိ အငြိမ်းစား ကျောင်းဆရာမ) နှင့် အိမ်ထောင်ကျပြီး သား ၂ ဦး ထွန်းကားသည်။ ရခိုင်တိုင်းရင်းသားများ စာပေနှင့် ယှုကျေးမှု (တက္ကသိုလ်များ၊ ရန်ကုန်) အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင်ဝင် ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း၏ ကနဦးတည်ထောင်သူထဲတွင် တဦးအဖြစ် ပါဝင်ခဲ့သည်။

ဝေဟင်အောင်
၆၊ ၈၊ ၂၀၁၆။

Credit@ Wai Hun Aung
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။