ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့ဖို့ ဦးရွှေမန်း ကူညီမည် ဆို

shwemann-usdp-campaign-620.jpg

နိုဝင်ဘာ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့နိုင်အောင် ကူညီမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောဆိုကြောင်း ရိုက်တာ သတင်းကဖေါ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းပြည်မှာ လူကြိုက်အများဆုံး ပါတီ ဖြစ်ကြောင်း၊ ဒါပေမဲ့ တကယ်လို့ ရွေးကောက်ပွဲမှာ နေရာအများစု အနိုင်မရခဲ့ရင် အစိုးရဖွဲ့နိုင်အောင် မိမိအနေနဲ့ ကူညီမှာဖြစ်ကြောင်း၊ လွှတ်တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ကြောင်း သူရ ဦးရွှေမန်းက နိုင်ငံတကာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့နိုင်အောင် ဘယ်လိုဘယ်ပုံ ကူညီမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူရ ဦးရွှေမန်းက မပြောကြားခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးကြလေ့ရှိပြီး၊ တူညီတဲ့ ဘုံရပ်တည်ချက်တွေရရှိ ခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

သူရဦးရွှေမန်းဟာ သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ဖြူးမြို့နယ်မှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဟောပြောအပြီး သူ့ရဲ့ နေအိမ်မှာ ရိုက်တာသတင်းကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မကြာခင်ရက်ပိုင်းက သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်လိုက်ပြီဆိုတဲ့သတင်း အင်တာနက် Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ရာမှာ၊ အဲ့ဒီသတင်း မဟုတ်မှန်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ရှင်းလင်းခဲ့ပါတယ်။

http://www.rfa.org/burmese/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။