အစိုးရတပ်နှင့် SSPP/SSA တိုက်ပွဲများကြောင့် နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များကို မိုင်းရှူးမြို့နယ်ရှိ စစ်ပြေးဒုက္ခသည်စခန်းတစ်ခု၌ တွေ့ရစဉ်
အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်း ပြည်တပ်မတော် (SSPP/SSA)တို့အကြား နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း အကြိမ်လေးဆယ်ခန့် ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက်အကျအ ဆုံးများရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီ ယာများက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာ သည်။
အောက်တိုဘာ ၆ ရက်က စတင်ဖြစ်ပွားခဲ့သော နှစ်ဖက် ကြား တိုက်ပွဲများအတွင်း SSA(၀မ် ဟိုင်း)အဖွဲ့မှ အလောင်းခုနစ် လောင်း၊ လက်နက်မျိုးစုံရှစ်လက် နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ ပြီး တပ်မတော်မှ အရာရှိ၊စစ် သည်အချို့ နိုင်ငံအတွက် အ သက်ပေးလှူခဲ့ကာ အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင် မီဒီ ယာက ကြေညာခဲ့သည်။
အစိုးရ တပ်မတော်ဘက်မှ အကျအဆုံး စာရင်းကိုမူ ထုတ်ပြန်ခြင်းမရှိပေ။
၂၀၁၂က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် SSA (၀မ်ဟိုင်း)အဖွဲ့မှ အင်အားစုအချို့သည် ၀မ်ဟိုင်းဌာနချုပ်၌သာအခြေပြုနေထိုင်ရန် သတ်မှတ်ခဲ့ သော်လည်း ဌာနချုပ်မှာ တောင်ဘက်ဆယ်မိုင်ခန့်အကွာ နယ်မြေ၌ အခိုင်အမာစခန်းဆောက်၍ အခြေပြုနေကြောင်း တွေ့ရသဖြင့် ပြန်ဆုတ်ရန်တပ်မတော်က သတိပေးခဲ့သော်လည်း မဆုတ်သည့်အပြင် တပ်မတော်စစ်ကြောင်းများကို ပစ်ခတ်သဖြင့် တပ်မတော်ဘက်က တိုက်ခိုက်ခဲ့သည်ဟု မြန်မာ့အသံကကြေညာခဲ့သည်။
SSPP၏ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးကြီးစိုင်းလ၏ အဆိုအ ရ SSPP ဘက်မှ သုံးဦးကျဆုံးပြီး ၁၅ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟုဆို သည်။ တိုက်ပွဲများမှာ ရှမ်းပြည် နယ်မြောက်ပိုင်း ကျေးသီးမြို့ နယ် ၀မ်ဟိုင်းတွင်ရှိသည့် SSPP ဌာနချုပ်အနီးဖြစ်ပွားနေခြင်းဖြစ် သည်။
‘‘ဆယ်မိုင်စခန်းက ၀မ်ဟိုင်း ဌာနချုပ်လုံခြုံရေးအတွက်ပါ။ အဲဒါက ၁၉၈၉ စက်တင်ဘာလမှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ငြိမ်းချမ်းရေးယူ ကတည်းက ရှိခဲ့တာပါ’’ဟု SSPP ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး စိုင်းလကဆိုသည်။
အောက်တိုဘာ ၆ရက်မှ ယ နေ့အထိ ထိတွေ့တိုက်ခိုက်မှု(၃၇)ကြိမ်ဖြစ်ပွားခဲ့ပြီးအောက်တိုဘာ ၁၈ရက် ည ၈နာရီ ၁၅မိနစ်တွင် SSPPအခိုင်အမာအခြေပြုထား သော ပွိုင့် (၈၅၈)၊ ပွိုင့် (၁၂၈၆)နှင့် ပွိုင့် (၁၃၀၉)လွယ်ခူတောင်ကုန်း များကို သိမ်းပိုက်ခဲ့ကြောင်း လည်း ကြေညာသည်။
ရှမ်းပြည် နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် မိုင်းစံကျေးရွာ၏ အနောက် မြောက်ဘက် ၆မိုင်ကျော်အကွာ နန့်ပန်ချောင်း၏ အနောက်ဘက် နယ်မြေအတွင်း တပ်မတော်စစ် ကြောင်းများ နယ်မြေရှင်းလင်းစဉ် SSA(၀မ်ဟိုင်း)အဖွဲ့များနှင့်ထိ တွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ သည်ဟုဆိုပြီး တပ်မတော်အနေ ဖြင့ ဆက်လက်၍ နယ်မြေရှင်း လင်းလျက်ရှိသည်ဟုဆိုသည်။
‘‘အောက်တိုဘာ ၄ရက်က NCAလက်မှတ်ရေးထိုးအကြိုအစည်းအဝေးမှာ ကျွန်တော်တို့ တက်ဖို့ ဖိတ်ခဲ့တယ်။ ကျွန်တော် တို့က လက်မှတ်ရေးထိုးဖို့အဆင်သင့်မဖြစ်သေးလို့ မတက်ဖြစ်ခဲ့ဘူး။ ၅ ရက်နေ့မှာ မိုင်းစံကနေ နန့်ပန်ချောင်းကူးပြီး တာဆမ်ပူးတစ်ဝိုက်မှာ တပ်မတော်ဘက်က စ၀င်ပစ်တာ။ တကယ်ဆို နယ်မြေရှင်း လင်းတယ်ဆိုလည်း အဲဒီမတိုင် ခင်ကတည်းက ကြိုတင်ဆွေးနွေး အကြောင်းကြားရင် တစ်မျိုးပေါ့။ အခုက ကြိုဆွေးနွေးတာလည်းမ ရှိဘူး။ ဒါက ကျွန်တော်တို့ ၄ရက် နေ့ကပွဲကို မတက်ခဲ့တဲ့နောက်မှာ ဖြစ်တာ’’ဟု ဗိုလ်မှူးကြီးစိုင်းလက ပြောသည်။
SSPP/SSAအနေဖြင့် တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသ ဘောတူစာချုပ်(NCA)ကိုလက် မှတ်မရေးထိုးနိုင်သေးခြင်းအပေါ် တပ်မတော်က စစ်ရေးအရဖိအား ပေးခြင်းသာဖြစ်သည်ဟူ၍ SSPP က NCA ရေးထိုးပွဲမတိုင်မီ ကြေညာချက်ထုတ်ခဲ့သေးသည်။
အောက်တိုဘာ ၇ရက်တွင် SSPPအနေဖြင့် နေရာမှဆုတ်ခွာပေးရန် တိုင်းစစ်ဌာနချုပ်က ဆက်သွယ်ပြောကြားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ် သက်၍ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)ဒုဥက္ကဋ္ဌဦး သိန်းဇော်နှင့် အဖွဲ့ဝင်ဝန်ကြီးဦး ခင်မောင်စိုးတို့ထံသို့ တင်ပြခဲ့ သည်ဟု SSPPကဆိုသည်။
NCA စာချုပ်ကိုနေပြည်တော်တွင် အဖွဲ့ ရှစ်ဖွဲ့နှင့်အစိုးရကြားလက်မှတ် ရေးထိုးခဲ့ပြီး နောက်တစ်ရက် အောက်တိုဘာ ၁၆ရက်၌ တာ ဆမ်ပူးကူးတို့ဆိပ်မှနေ၍ SSPP တပ်များ နောက်ဆုတ်ခဲ့သည်။ ယင်းမှာ ၀န်ကြီးဦးခင်မောင်စိုးက တပ်ဖယ်ပေးရန် ပြောပေးခြင်းဖြစ် သည်ဟုဆိုသည်။
‘‘ဖြစ်စဉ်တွေကို ဆွေးနွေးညှိ နှိုင်းဖို့ဆိုတာ တောင်ကြီးမှာ အပစ်ရပ်စဲရေးစာချုပ်UPWC လုပ်ခဲ့ပါတယ်။ အခုလည်း ဆက်သွယ်ပါတယ်။ တိုက်ပွဲတွေရပ်ပေးဖို့ တင်ပြပါတယ်။ ဘာမှတော့တုံ့ပြန်ချက်မပေးသေးပါဘူး’’ဟု SSPPပြော ရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းလ ကပြောသည်။
၁၉၆၄ ဧပြီ ၂၄ရက်တွင် SSAကို မဟာဒေ၀ီ စ၀်နန်းဟိန် ခမ်းက ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၁တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ခုနှစ်တွင် အစိုးရနှင့်အပစ် အခတ်ရပ်စဲရေးလက်မှတ်ရေထိုး ခဲ့သည်။
ယင်းတပ်ဖွဲ့ကို နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းရန် ၂၀၁၀တွင် ဖိအားပေး ခံရသည်။ ဖိအားပေးမှုအပေါ် တပ်မဟာ (၃)နှင့် (၇)တို့က လက်ခံခဲ့ပြီး ဒုဗိုလ်ချုပ်ကြီးပန်ဖဦးဆောင် သည့် တပ်မဟာ (၁)က ငြင်းပယ်ခဲ့ သည်။
BNI ၏ လမ်းညွှန်စာအုပ်အ ရ အစိုးရအခေါ် ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ-၃ဖြစ် သော ရှမ်းပြည်တပ်မတော်- မြောက်ပိုင်း SSPPမှာ ခန့်မှန်းအင် အား လေးထောင်အထက်ရှိ သည်။
ရှမ်းပြည်နယ်ရှိ နန့်ခမ်း၊ လန်ခို၊ သီပေါ၊ ကျောက်မဲ၊ မိုင်း ရှူး၊ တန့်ယန်း၊ မုန်းယိုင်၊ ကျေး သီး၊ လားရှိုးမြို့နယ်များမှာ ၎င်း၏ လှုပ်ရှားရာဒေသဖြစ်သည်။
ဦးသိန်းစိန် အစိုးရလက်ထက်နှစ်ဖက်အပစ်ရပ်လက်မှတ်ရေးထိုးသည့်ခုနစ်ဖွဲ့ မြောက်အဖွဲ့အဖြစ်၂၀၁၂ ဇန်န၀ါရီ ၂၈ရက်တွင် ပြည်နယ်အဆင့်အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပသည့် အဆင့်ထိ ရောက်ရှိပြီးဖြစ်သည်။
NCAစာချုပ်ညှိနှိုင်းရေးဆွဲသော အစည်းအဝေးများတွင် SSPPက ပါဝင်ခဲ့သည်။ SSPPသည် တပ်ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)နှင့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ အဖွဲ့ဝင်ဖြစ်သည်။
လက်ရှိ နှစ်ဖက်ကြားတိုက် ပွဲများကြောင့် ဒေသခံအရပ်သား ထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုင်းရှူး မြို့နယ်အတွင်းရှိ ဟိုင်းပါ၊ ၀မ် ဆော့နှင့် ဖက်ကီးကျေးရွာများ တွင် ဒုက္ခသည်စခန်းများဖွင့်လှစ် ထားရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။