မြန်မာနိုင်ငံ တောင်သူလယ်သမား၊ အလုပ်သမား ပြည်သူ့ပါတီ


၁။ ဥက္ကဋ္ဌ - ဒေါက်တာ အောင်ဖြိုး။

၂။ ပါတီဝင်အရေအတွက် - ၈၀,၀၀၀ ကျော်။

၃။ မဲဆန္ဒနယ်- ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ကျုံပျော်၊ ရေကြည်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်တို့တွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၁ ဦးဝင်ရောက်ယှဉ်ပြိုင်မည်။

၎။ ပါတီမူဝါဒ- စစ်မှန်တဲ့ ဒီမိုကရေစီအနှစ်သာရနှင့် ပြည်သူ့ဗဟိုပြုနိုင်သည့် သန့်ရှင်းသော အစိုးရအုပ်ချုပ်ရေးဖြစ်ပေါ်လာရေး၊ ညီညွတ်မျှတသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်ရေး၊ လွတ်လပ်ပွင့်လင်းသော တရားမျှတသော တရားဥပဒေစိုးမိုးရေး။

၅။ ပါတီဆောင်ပုဒ်- လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ မတရားမှုတွေ ကာကွယ်ဖို့၊ နစ်နာမှုတွေ ကူညီနိုင်ဖို့၊ ပြည်သူ့အနာဂတ် သာယာပြည့်စုံဖို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား၊ အလုပ်သမား ပြည်သူ့ပါတီကို မဲပေးစို့။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပြည်သူကို ကိုယ်စားပြုနိုင်မည့်သူ၊ ပြည်သူ့အကျိုးစီးပွားကို ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ဆောင်နိုင်မည့် ပညာ အရည်အချင်းအသင့်အတင့်ရှိသူ။

၇။ ပါတီရန်ပုံငွေ− ပါတီဝင်များအား ထည့်ဝင်ငွေများ ကောက်ခံခြင်းမပြုဘဲ ပါတီခေါင်းဆောင်များက အကုန်အကျခံ လုပ်ဆောင်သည်။

၈။ ပါတီနောက်ခံသမိုင်း- အသိပညာရှင်၊ အတတ်ပညာရှင်များ စုစည်း၍ ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ပါတီတည်ထောင်သည်။ ၂၀၁၄ ဒီဇင်ဘာ ၉ ရက်တွင် ပါတီမှတ်ပုံ တင် အမှတ်(၇၉)ဖြင့် ခွင့်ပြုချက် ရရှိခဲ့သည်။


ပါတီတည်ထောင်သူ အထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးခိုင်နှင့်  အမေးအဖြေ

လွှတ်တော်ထဲရောက်ခဲ့ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေက ပြောင်းလဲသင့်ပါတယ်။ ပါတီရဲ့ မူဝါဒမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့က အရေးကြီးတဲ့ မူဝါဒတစ်ခုပါ။ ပြင်ဆင်နိုင်ဖို့ တခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ ပြင်ဆင် နိုင်ဖို့လည်း အချက်အလက်တွေကို လေ့လာစုဆောင်းမှတ်သားထား တာတွေရှိတယ်။ ဒုတိယအဆင့်အနေနဲ့ တောင်သူလယ်သမား၊ အလုပ် သမားအခွင့်အရေး ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့နဲ့ ၂၀၁၂ လယ် ယာမြေဥပဒေကိုလည်း ပြင်ဆင်ဖို့ ကြိုးစားသွားမှာပါ။

လွှတ်တော်ထဲရောက်ခဲ့ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တယ်။ ပြီးတော့ အပြုသဘောဆောင်ပြီး ဆောင်ရွက်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံအတွင်းမှာ မဖြစ်မနေလိုအပ်တာဖြစ်လို့ ပါတီအနေနဲ့လည်း လေး လေးနက်နက် လုပ်ဆောင်သွားမှာပါ။ အဓိကကတော့ လူမျိုးရေးစိတ် ဓာတ်ပြင်းထန်နေတာကို နိုင်ငံသားစိတ်ဓာတ်ဖြစ်လာနိုင်အောင် ပြုစုပျိုး ထောင်တဲ့ဘက်ကို သွားမှာပါ။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင် ရာမှာ လူမျိုးရေးစိတ်ဓာတ်ပြင်းထန်တာထက် နိုင်ငံသားစိတ်ဓာတ်ရှိဖို့ အရေးကြီးတယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ဝင်ငွေ၊ ထွက်ငွေမျှဖို့ဆိုတာထက် တစ်ဦးချင်း ဝင်ငွေတိုးတက်လာ အောင် အဓိကထားရမယ်။ တစ်ဖက်ကလည်း ခြိုးခြုံချွေတာသုံးစွဲဖို့လို အပ်တယ်။ တစ်ဦးချင်း ဝင်ငွေကို အာဆီယံ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဝင်ငွေတွေနဲ့ တန်းတူနိုင်အောင် ငါးနှစ်အတွင်းကာလမှာ အဓိကထား လုပ် ဆောင်သွားမယ်။

ပြည်သူတွေက မြန်မာနိုင်ငံ တောင်သူလယ်သမား၊ အလုပ်သမား ပြည်သူ့ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
ပါတီတစ်ခုရဲ့ အဓိကလုပ်ငန်းက မဲဆွယ်စည်းရုံးရေးလုပ်တာလို့ ခံယူထားတာမဟုတ်ဘူး။ အချိန်တိုင်းမှာ ပြည်သူ့အကျိုးအတွက် အမျိုး သားနိုင်ငံရေးကို လုပ်ဆောင်နေရမယ်လို့ ယုံကြည်ထားတယ်။ တောင် သူလယ်သမားတွေနဲ့ အလုပ်သမားတွေက မိမိတို့ကို ကိုယ်စားပြုမယ့် ပါတီကို ပါဝင်ပြီး ထောက်ခံမဲပေးသင့်တယ်။ ဒါကတော့ ပြည်သူတွေရဲ့ ဆန္ဒပါ။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ကိုယ့်နိုင်ငံကို အမှန်တကယ်ဦးဆောင်နိုင်မယ့် သမ္မတမျိုးကို ရွေး ချယ်သွားမယ်။ ပြည်သူတွေအတွက် မှန်မှန်ကန်ကန်၊ ဉာဏ်ပညာလည်း ပြည့်စုံပြီး စိတ်ဓာတ်လည်း မြင့်မားတဲ့သူကို ရွေးချယ်သွားမယ်။

ဦးအောင်မျိုးခိုင် ကိုယ်ရေးအကျဉ်း

အသက်-(၄၂) နှစ်။

ပညာအရည်အချင်း - AGTI, B.Tech (EC)။

လက်ရှိအလုပ်အကိုင်- အင်ဂျင်နီယာ၊ စက်မှုလက်မှုလုပ်ငန်းရှင်။

နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ပရဟိတအဖွဲ့များတွင် ပါဝင်။ ပုသိမ်စက်မှုဇုန် (ဥက္ကဋ္ဌ၊ အတွင်းရေးမှူး)၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်သူများအသင်း (ဗဟိုအလုပ်အမှုဆောင်)။

စံပြပုဂ္ဂိုလ်- သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ။

ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၂) တကောင်းဘုရားလမ်း (၄)ရပ်ကွက် ပုသိမ်မြို့။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။