‘၀’ ဒီမိုကရက်တစ်ပါတီ


၁။ ဥက္ကဋ္ဌ - ဦးခွန်ထွန်းလူ(ခ) ဦးထွန်းလူ။

၂။ ပါတီဝင်အရေအတွက် - နှစ်ထောင်ကျော်။

၃။ မဲဆန္ဒနယ်- ဟိုပန်၊ မက်မန်း၊ ကွမ်းလုံ၊ တန့်ယန်း။

၎။ ပါတီမူဝါဒ- တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး။

၅။ ပါတီဆောင်ပုဒ်- သွေးချင်းညီအစ်ကို လက်တွဲပို ထိုထိုအန္တရာယ်ဖယ်ရှားလို၊ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်ချီကြဖို့ လက်တွဲစို့။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ဒေသခံဖြစ်ပြီး လူထုကြည်ညိုလေးစားသူဖြစ်ကာ လူထုနှင့်ဒေသကောင်းကျိုးကို စေတနာထားလုပ်ဆောင်မည့်သူ။

၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ ထည့်ဝင်ငွေဖြင့် ပါတီသို့လှူဒါန်းငွေအချို့နှင့်ရပ်တည်သည်။

၈။ ပါတီနောက်ခံသမိုင်း- ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် နိုင်ငံတော်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပါတီတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ဇွန်လ ၂ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့သည်။


ပါတီဥက္ကဋ္ဌနှင့်အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေကို ပြုပြင်ဖို့မရှိပါဘူး။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
နိုင်ငံတော်က တာဝန်ပေးလာရင် ငြိမ်းချမ်းရေးအတွက် ကျရာနေ ရာက ကူညီသွားမှာပါ။ ‘၀’ ဒေသငြိမ်းချမ်းရေးအတွက်လည်း တောက် လျှောက်ဆောင်ရွက်ခဲ့ပါတယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ဒီဒေသမှာ စိုက်ပျိုးရေးနဲ့ အရောင်းအ၀ယ်က အရေးကြီးပါတယ်။ အဲဒီကဏ္ဍနှစ်ခုကို မြှင့်တင်ပေးပြီး ပြည်သူတွေ စီးပွားရေးကောင်းအောင် ကူညီပေးမှာပါ။

ပြည်သူတွေက ‘၀’ဒီမိုကရက်တစ်ပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
ကျွန်တော်တို့က ဒီဒေသခံဖြစ်ပြီး ဒေသကောင်းကျိုးကို ဟိုးအရင် ကတည်းက ဆောင်ရွက်ခဲ့တယ်။ ‘၀’ တိုင်းဥက္ကဋ္ဌဘ၀မှာလည်း နိုင်ငံ တော်ရဲ့အကူအညီယူပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး နိုင်ခဲ့တယ်။ ကျွန်တော်တို့ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ တိုးတက် လာခဲ့တယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းအောင်လည်း လုပ် ပေးနိုင်ခဲ့တယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
တိုင်းရင်းသားများရဲ့ အခြေအနေကို စာနာနားလည်ပြီး တိုင်းရင်း သားတွေရဲ့ အခွင့်အရေးနဲ့ ရိုးရာဓလေ့များကို နားလည်ထိန်းသိမ်းပေး မယ့် ပုဂ္ဂိုလ်မျိုးကို ရွေးချယ်သင့်ပါတယ်။

ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။

အသက်-(၆၈) နှစ်

ပညာအရည်အချင်း - အဋ္ဌမတန်း။

လက်ရှိအလုပ်အကိုင်- ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ။

နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၆၈မှ ၁၉၇၃အထိသောင်းကျန်း သူတိုက်ဖျက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့။ ၁၉၇၃ တွင် နိုင်ငံ တော်သို့ လက်နက်ပြန်အပ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တပ်မ တော်ထဲထည့်သွင်းပေးခဲ့။ ၁၉၇၇ မှ ၁၉၈၈ ထိ ဟိုပန်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်။ ၁၉၈၉ တွင် ‘၀’အထူး ဒေသ (၂) ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖြစ် တာဝန်ယူပြီး အပစ် အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့။ ၂၀၀၄ မှ ၂၀၀၈ အထိ အမျိုးသားညီလာခံသို့တက်ရောက်ခဲ့။ ၂၀၁၀ တွင် ‘၀’ ဒီမိုကရက်တစ်ပါတီ တည်ထောင်ပြီးရွေးကောက်ပွဲ ၀င်ရောက်ရာ အနိုင် ရခဲ့ကာ ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌဖြစ်လာ။

စံပြပုဂ္ဂိုလ်- ဖခင်ဖြစ်သူ ပန်လုံမြို့စားကြီး ၀ဏ္ဏကျော်ထင်ဦးစ၀်ခွန်ဆမ်။

ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- မန်ကောင်းရပ်ကွက်၊ ဟိုပန်မြို့၊ ဟိုပန်ခရိုင်၊ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ၀၈၂-၇၄၁၅၉။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။