ဖေ့စ်ဘွတ်ခ်ပေါ်က အမတ်လောင်းများ


၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ ခြားနားချက်များ တွင်  ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများ  ရေပန်းစားလာမှု သည်လည်း  တစ်ခုအပါအ၀င် ဖြစ်သည်။ မြန်မာပြည်သူတို့ သည်းခြေကြိုက်ဖြစ်လာသော ဖေ့စ်ဘွတ်ခ်ရေစီးကြောင်းတွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများလည်း မလွှဲ မရှောင်သာပါဝင်လာသည်။ ရွေး ကောက်ပွဲအနိုင်ရရန် ရေပန်းအ စားဆုံး ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကစပြီး ပြည်ခိုင်ဖြိုးနန်းကျ သူရဦးရွှေမန်း အလယ် ရှမ်းတောင်တန်းပေါ်မှ ကျားဖြူပါတီက ဦးရဲထွန်းအဆုံး ဖေ့စ်ဘွတ်ခ်ကို တွင်တွင်ကျယ် ကျယ် သုံးနေကြသည်။ မြန်မာ နိုင်ငံတွင်  ဖေ့စ်ဘွတ်ခ်အကောင့် ခြောက်သန်းကျော်ရှိသော ဖေ့စ်ဘွတ်ခ်ကို  အချို့ကရွေးကောက်ပွဲ နှင့် ခပ်ဝေးဝေးကတည်းက သုံးခြင်းဖြစ်သော်လည်း အချို့ကရွေးကောက်ပွဲနီးမှ    သုံးရခြင်းဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ပြင်ပကမ္ဘာမှာသာမက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာပါ ရေပန်းစားလှသည်။ Aung San Suu Kyi အမည်ဖြင့် အပြာခြစ်အ မှတ်ကလေးပါရှိသော သူ၏ တရားဝင်စာမျက်နှာတွင် Likeလုပ်ထားသူ ၁ ဒသမ ၃ သန်း ကျော်နေပြီ ဖြစ်သည်။ သူ၏မိန့် ခွန်းဗီဒီယိုဖိုင်များကို ၀င်ရောက် ကြည့်ရှုသူမှာ သိန်းဂဏန်းရှိတတ် သည်။ အဆိုပါ စာမျက်နှာတွင် တင်ထားသော သူ၏မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုများကို နေ့ စဉ် Like လုပ်သူနှင့် မျှဝေသူမှာ များသောအားဖြင့် သောင်းဂဏန်း အထက်တွင် ရှိနေလေ့ရှိ သည်။ ထို့ပြင် NLDChairperson အမည်ဖြင့်လည်း စာမျက်နှာတစ် ခု ဖွင့်လှစ်ထားသေးသည်။ သို့ သော် သူ၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာသည် သူ၏လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင် ရန်အတွက် လိုအပ်ချက်များ ရှိ နေဆဲပင်။ မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူထောက်ခံမှုမှာ မြေပြင်၌ ဖြစ်စေ၊ ဖေ့စ်ဘွတ်ခ်ပေါ်၌ ဖြစ် စေ ပြိုင်ဘက်များထက် အပြတ် အသတ်သာလွန်သည်မှာ သံသ ယဖြစ်စရာမလိုပေ။



ယခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ H.E.Thura U Shwe Mann အမည်ဖြင့် ဖေ့စ်ဘွတ်ခ် သုံးသော သူရဦးရွှေမန်း၏ စာ မျက်နှာတွင်မူ Like လုပ်သူတစ် သိန်းရှစ်သောင်းကျော် ရှိနေ သဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် မယှဉ်သာပေ။ သို့သော် ယင်း အရေအတွက်မှာ ၎င်းဥက္ကဋ္ဌရာ ထူးစွန့်လွှတ်လိုက်ရသော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ထက် သုံးဆပိုမိုသော ပမာဏဖြစ် သဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင်တော့ ဦးရွှေမန်းက အောင်ပွဲခံနေဆဲပင်။ စစ်အစိုးရထိပ်တန်းခေါင်းဆောင် ဟောင်းများထဲတွင် သူရဦးရွှေမန်း သည် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပြည်သူနှင့် ပထမဆုံးထိတွေ့သူ တစ်ဦးလည်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းသည် လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပြည်သူသို့ ချပြခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်ကိုလည်း ဖေ့စ်ဘွတ်ခ်မှတစ် ဆင့်တင်ပြရန် လမ်းဖွင့်ပေးခဲ့ သည်။ လူမှုကွန်ရက်စာမျက်နှာ သည် ကိုယ်စားလှယ်လောင်းများ ကို ပိုမိုလူသိထင်ရှားဖြစ်လာစေ သော်လည်း ရွေးကောက်ပွဲအောင် နိုင်ရေးအတွက်မူ အစွမ်းထက်ဆုံး လက်နက်တော့မဟုတ်ကြောင်း ဖေ့စ်ဘွတ်ခ်သုံးသော ကိုယ်စား လှယ်လောင်းများက တညီတညွတ်တည်း ဆိုသည်။



‘‘ကျွန်တော့်မဲဆန္ဒနယ်က လူအများစုဆို တောသူတောင် သားတွေ။ နောက်ပြီး  တိုင်းရင်းသားတွေဖြစ်တဲ့အတွက် ဘာသာစကားနဲ့ နည်းပညာအခက်အခဲ ကြောင့် ဖေ့စ်ဘွတ်ခ်သုံးတာ အင်မတန်နည်းတယ်။ သူတို့အပေါ် တော့ သက်ရောက်မှု မရှိနိုင်ဘူး’’ ဟု ရှမ်းပြည်နယ်ရှိ သီပေါပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးရဲထွန်းက ပြောသည်။

သို့သော် ဦးရဲထွန်းသည် ဖေ့စ်ဘွတ်ခ်တွင် လူသိများသူတစ် ဦးဖြစ်ပြီး သူငယ်ချင်း (Friends) လေးထောင်ကျော်ထိ ရှိသူဖြစ် သည်။ သူနေ့စဉ် ပုံမှန်တင်လေ့ရှိ သည့် လွှတ်တော်အစည်းအဝေး အစီအစဉ်များကို သတင်းသမား များ စောင့်ကြည့်ခဲ့ကြရသည်။ သူ ကိုယ်တိုင်လည်း သတင်းများ မျှ ဝေလေ့ရှိပြီး မဲဆွယ်စည်းရုံးရေး ကာလတွင်မူ အောင်နိုင်ရေးလှုပ် ရှားမှုကို ခပ်စိပ်စိပ်တင်လာသည်။ မြို့ကြီးများရှိ မဲဆန္ဒနယ်များ၏ ကိုယ်စားလှယ်လောင်းများအ တွက်မူ တစ်စုံတစ်ခုသော အ တိုင်းအတာထိ ဖေ့စ်ဘွတ်ခ်က အ ထောက်အကူပြုပါသည်။

‘‘စည်းရုံးရေးဆင်းရင် ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းဖြစ်နေတဲ့ လူတွေက လာနှုတ်ဆက်ကြ တယ်။ ပြည်သူနဲ့ ကိုယ်နဲ့ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတစ် ခု ဖော်ဆောင်လို့ရတာပေါ့’’ဟု ဒီချုပ်ကိုယ်စားလှယ်လောင်း ကိုနေဘုန်းလတ်က ပြောသည်။

ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပြည်သူများထံသို့ မဲစာရင်းအသိပညာပေးခြင်း၊ ရွေးကောက်ပွဲအသိ ပညာပေးခြင်းတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့သဖြင့် အကျိုးရှိကြောင်း သူကပြောသည်။

ကိုယ်စားလှယ်လောင်း မဖြစ်မီကပင် သူငယ်ချင်း ငါး ထောင်ပြည့်ခဲ့သဖြင့် ရွေးကောက် ပွဲကာလအတွင်း ဆက်သွယ်လာ သူများအတွက် နေဘုန်းလတ်အ မည်ဖြင့် Page(စာမျက်နှာ) တစ်ခုထပ်ဖွင့်ထားရကြောင်း ၎င်းက ဆိုသည်။



တစ်သီးပုဂ္ဂလများအတွက် ဆိုလည်း ဖေ့စ်ဘွတ်ခ်က တစ် ဆပ်တစ်အားပင်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက် တာညိုညိုသင်းက ၎င်း၏မူဝါဒ များ၊ နိုင်ငံရေးအတွေးအခေါ်များ ကို ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထား လေ့ရှိသည်။ သူနှင့် ဒီချုပ်အ ကြောင်း အပါအ၀င် သတင်းမီဒီ ယများ၏ မေးမြန်းချက်များကို သူ၏ဖေ့စ်ဘွတ်ခ်တွင် ရေးသား ထားသည်ဟု ညွှန်းဆိုနိုင်သည် အထိ ဖေ့စ်ဘွတ်ခ်က အသုံးတည့် လှသည်။

‘‘ဒီတော့ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးတာလည်း ဖိဖိစီး စီးလုပ်နိုင်ပြီး တစ်ချိန်တည်းမှာပဲ မီဒီယာတွေနဲ့ပါ အဆက်အသွယ် မပျက်တော့ဘူးပေါ့’’ဟု သူကဆိုသည်။ သို့သော် ဖေ့စ်ဘွတ်ခ်ပေါ်ကတည်းက အသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိ သူနှင့်အတူ Admin နှစ်ဦးထိထားသည့်တိုင် ကြုံတွေ့နေရသည့် ပြဿနာတစ် ခုရှိနေပါသည်။ ယင်းမှာ မက် ဆေ့ခ်ျဘောက်စ်မှတစ်ဆင့် ပြည်သူလူထုမေးမြန်းသော မေးခွန်းများကို မဖြေနိုင်ခြင်းဖြစ်သည်။

‘‘ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်တာနဲ့ မက်ဆေ့ခ်ျတွေက ငါးရာလောက် ကျလာတာ။ ဖြေလို့မနိုင်လို့ တောင်းပန်ရတယ်။ တချို့လည်း စိတ်ဆိုးကြတယ်’’ ဟု ဒေါ်ညိုညို သင်းက ပြောသည်။

ဖေ့စ်ဘွတ်ခ် သုံးသော လူ ငယ်မျက်နှာသစ် ကိုယ်စားလှယ် လောင်းများကလည်း စိတ်ဝင်စား စရာပင်။ ဒုသမ္မတဦးဉာဏ်ထွန်း နှင့် ဇီးကုန်းတွင်ပြိုင်မည့် အသက် (၂၆)နှစ်အရွယ်သာ ရှိသေးသည့် ကိုသူရိန်ရွှေမှာ လူငယ်ပီပီသူယုံ ကြည်ရာများကို လွတ်လွတ်လပ် လပ် တင်လေ့ရှိသည်။ တစည ကိုယ်စားလှယ်လောင်းသည် ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် သူငယ် ချင်းများထံမှ အောင်နိုင်ရေး ရန်ပုံ ငွေတောင်းသည့် ပို့စ်မျိုးတင် တတ်သလို၊ အကဲဆတ်သည့် စတေးတပ်များလည်း ရေးလေ့ရှိ သည်။ ကောက်ကာငင်ကာပြရလျှင် အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က တင်ထား သော စတေးတပ်မျိုး ဖြစ်သည်။

‘‘ရိုဟင်ဂျာနှင့် ဘာသာရေး ဆိုသည်မှာ မြန်မာ့နိုင်ငံရေးတွင် ပိုကာဝိုင်း၏ ဂျိုကာဖဲချပ်ကဲ့သို့ လိုရာသုံး၍ ရသည်’’ဟူသော စတေးတပ်မျိုး ဖြစ်သည်။



ပခုက္ကူမြို့နယ်တိုင်းဒေသ ကြီး မဲဆန္ဒနယ်(၂)မှ ၀င်ရောက်ရွေးချယ်ခံမည့် ဒီချုပ်ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်းမှာ လည်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် နေ့ချင်း ညချင်းနာမည်ကြီးခဲ့သူ ဖြစ်သည်။ ဆွဲဆောင်မှုရှိသော သူ၏သွင် ပြင်ကြောင့် Friend ဖြစ်ချင်သူ များပြားခဲ့ပြီး Friendငါးထောင်ပြည့်ခဲ့သည့်အပြင်Follow သောင်းကျော် ရရှိထားသည်။ ယင်းအပြင် စာမျက်နှာတစ်ခု ထပ်မံဖွင့်လှစ်ထားရပြီး Follow သုံး သောင်းကျော်ရှိ ကာ သူ၏ ဖေးဖရိတ်ဓာတ်ပုံဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် တွဲ ရိုက်ထားသည့်ပုံကို တင်ထားသည်။လူငယ် လူရွယ်များသာမက နည်းပညာနှင့်ဝေးသော လူကြီး ကိုယ်စားလှယ်လောင်းများပါ နည်းပညာ၏ တောင်းဆိုမှုကို မလွန်ဆန်နိုင်ချေ။ ရွေးကောက်ပွဲ ၀င်မည့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များပါ ဖေ့စ်ဘွတ်ခ်နှင့် စတင်ထိ တွေ့လာသည်။ ဖေ့စ်ဘွတ်ခ် ၀န်ကြီးဟုကျော်ကြားသော သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်၊ သမ္မတရုံးညွှန် ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်) တို့နှင့် နီးစပ်သည့် မွေး/ရေ၀န် ကြီး ဦးအုန်းမြင့်လည်း ဖေ့စ်ဘွတ်ခ် သုံးလာပြီ ဖြစ်သည်။ သို့သော် Mr.President ပုံ Profile Picture တင်ထားသည့် ကျောက်တန်း ကိုယ်စားလှယ်လောင်း၏ ဖေ့စ်ဘွတ်ခ်တွင် သမ္မတကြီး ဦးသိန်း စိန်တိုင်းခန်းလှည့်လည်သည့် ပုံ များကိုသာ တွေ့ရလေ့ရှိပြီး သူ၏ မဲဆွယ်စည်းရုံးရေးပုံများကိုမူ ကြိုးကြားကြိုးကြားသာ တွေ့ရမည် ဖြစ်သည်။

ထို့ပြင် ဧရာဝတီတိုင်းအ မျိုးသားလွှတ်တော်မဲဆန္ဒနယ်အ မှတ်(၆)မှ ရွေးကောက်ပွဲဝင်မည့် လ၀က၀န်ကြီးဟောင်း ဦးခင်ရီ လည်း ဖေ့စ်ဘွတ်ခ်သုံးနေပြီ ဖြစ် သည်။ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန် ကြီးဟောင်းဦးမြတ်ဟိန်းကမူ သူ ၏ နာမည်ဖြင့် မသုံးဘဲ ‘‘ဇမ္ဗူသီရိ မြို့နယ် ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းကို အားပေးထောက် ခံကြသူများ’’ အမည်ဖြင့် စာမျက် နှာတစ်ခုဖွင့်လှစ်ထားသည်။ သူ ၏ အားပေးထောက်ခံကြသူများ စာမျက်နှာကို Like လုပ်သူမှာ တစ်ထောင်စွန်းစွန်းပင်။



ပြည်ခိုင်ဖြိုးကိုယ်စားလှယ် များတွင် ရွေးကောက်ပွဲကာလ မတိုင်မီကပင် ဖေ့စ်ဘွတ်ခ်၌ နာ မည်ကြီးပြီးသား ပုဂ္ဂိုလ်မှာ ဘူးလက်လှဆွေဟု လူသိများသော ဂန့်ဂေါအမတ် လောင်း ဦးလှဆွေ ပင် ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်သုံးစွဲမှုအပေါ် သူ၏ ခံယူချက်ကို သူ့ထုံးစံအတိုင်းပင် ရှင်းပြသည်။

‘‘Like က သုံးထောင် လောက်ရှိတယ်။ ဆဲတဲ့လူက နှစ် ရာလောက်ရှိတယ်။ အဲဒီတော့ ငါ့ကိုကြိုက်တဲ့သူတွေများတာပဲ ဆိုပြီး ဆက်သုံးဖြစ်တယ်’’ဟု ဦးလှဆွေက ပြောသည်။

ဖေ့စ်ဘွတ်ခ်ပေါ်က ကိုယ် စားလှယ်လောင်းများ စာရင်းတွင် ဦးလှဆွေက ထူးခြားဆုံးဟု ဆို ရမည်ပင်။ အကြောင်းမှာသူ သည် ဖေ့စ်ဘွတ်ခ်ပေါ်တွင် သူ ရေးသော အကြောင်းအရာများ ကို ‘‘ဘူးလက်လှဆွေ၏ ဖေ့စ် ဘွတ်ခ်ပေါ်မှ စာများ’’ အမည်ဖြင့် စာအုပ်ပင်ထုတ်လိုက်သေး သည်။ သို့သော် သူ၏ဂန့်ဂေါနယ် အတွက်လည်း ဖေ့စ်ဘွတ်ခ်သည် အောင်နိုင်ရေး လက်နက်မဟုတ် ပါချေ။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။