ပုဂံမြို့ဟောင်းရှိ မြစေတီကျောက်စာ
မြစေတီကျောက်စာနှင့် အလောင်းမင်းတရား၏ ရွှေပေ လွှာတို့ကို ယူနက်စကိုက ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်စာရင်းအဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။
အာရပ်စော်ဘွားများ ပြည် ထောင်စု အဘူဒါဘီမြို့တွင် အောက်တိုဘာ ၄ ရက်မှ ၆ ရက် အထိ ကျင်းပသော ကမ္ဘာ့မှတ် တမ်းအမွေအနှစ်အစီအစဉ် အ ပြည်ပြည်ဆိုင်ရာ အကြံပေးကော် မတီ၏ (၁၂)ကြိမ်မြောက်အစည်း အဝေး၌ ယခုကဲ့သို့သတ်မှတ်ခြင်းဖြစ်သည်။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ် လျှောက်ထားသည့် ရှေးဟောင်း မှတ်တမ်း ၈၈ ခုမှ ၄၇ ခုကို ယူနက်စကိုက လက်ခံလိုက်ပြီး ယင်း၄၇ ခုတွင် မြန်မာနိုင်ငံမှ မြစေတီကျောက်စာနှင့် ဂျာမနီနိုင်ငံမှ အလောင်းမင်းတရားကြီး၏ ရွှေပေလွှာတို့ စာရင်းဝင်ခဲ့ခြင်းဖြစ် သည်။
သက္ကရာဇ် ၄၇၅ (အေဒီ ၁၁၁၃)တွင် ရေးထိုးခဲ့သည့် မြစေ တီကျောက်စာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရောက်နိုင် ရေးအတွက် ၂၀၁၄ တွင် အဆိုပြု ပုံစံများရေးသား၍ ယူနက်စကိုသို့ တင်သွင်းခဲ့သည်။
မြစေတီ ကျောက်စာ၏ သမိုင်းဆိုင်ရာ တန်ဖိုးကြီးမား သည့် ထူးခြားချက်မှာ ဘာသာ စကားလေးမျိုးဖြင့် ရေးထိုးထား ပြီး အခြားထူးခြားချက်တစ်ခုမှာ အကြောင်းအရာတူ ဘာသာ လေးမျိုးဖြင့် ကျောက်စာတိုင် နှစ် တိုင်ရေးထိုးခဲ့ခြင်းဖြစ်သည်။
မြန်မာ၊ ပျူ၊ မွန်နှင့် ပါဠိ ဘာသာလေးခုဖြင့် ရေးထိုးထား ပြီး မြန်မာ့သမိုင်းကို ထင်ဟပ်စေ သည့် ပုဂံခေတ်၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ သာသနာ ရေးတို့ကို ရေးထိုးထားသည်။ ထို့ အပြင် ထိုခေတ်ကာလက မိဖုရား၊ သားတော်၊ သမီးတော်တို့ကို ကျွန်ရွာပေးခြင်း၊ ဘုရားပုထိုးတည်၍ ဆင်းတုရုပ်တုများ ဌာပနာခြင်း၊ ကျောက်စာရေးထိုးမှတ်တမ်းတင် လေ့ရှိခြင်းတို့လည်း ဖော်ညွှန်းရေး သားထားသည်။
မိဘကို ရိုသေမြတ်နိုးခြင်း၊ ကောင်းမှုကုသိုလ်ကို ရေစက် သွန်းချလှူဒါန်းဆုတောင်းခြင်း။ ဘုရားပုထိုးများကို ကျွန်လှူခြင်း။ ဘုရားစေတီ ဖျက်ဆီးသူများကို ကျိန်စာတိုက်ခြင်း စသည့်အစဉ် အလာနှင့် ယဉ်ကျေးမှုတို့ကို အ သေးစိတ်ပြည်စုံစွာ ဖော်ညွှန်းရေး သားထားသဖြင့် သမိုင်းကို များ စွာ အထောက်အကူပြုသည့် ကျောက်စာတစ်ခုဖြစ်သည်။
လေးဘာသာရေးထိုးထား သော ပထမကျောက်စာကို ပုဂံ မြို့တောင်ဘက် မြင်းကပါရွာ အနီး မြစေတီခြေရင်းတွင် တွေ့ရှိ ခဲ့ပြီး ယခုအခါ ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် ထားရှိ သည်။ ဒုတိယကျောက်စာကို ဂူပြောက်ကြီးဘုရား၊ မြစေတီ မဟာရံတံတိုင်း၊ မြစေတီဘုရား၏ အရှေ့ဘက်ခြမ်းပဋိကတ်တိုက် ဟု ယူဆရသော အဆောက်အအုံ ဟောင်း စသည့်သုံးနေရာတွင် အပိုင်းလိုက်တွေ့ရှိခဲ့သဖြင့် ယခု အခါ မြစေတီဘုရားရင်ပြင်တော် ပေါ်တွင် ကျောက်စာရုံတည် ဆောက် ထိန်းသိမ်းပြသထား သည်။
အလောင်းမင်းတရားကြီး၏ ရွှေပေလွှာသည် အေဒီ ၁၇၅၆ တွင် အလောင်းမင်းတရားက မြန်မာ နှင့် ဗြိတိန်နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန် ဗြိတိန် ဘုရင်ဂျော့(၂)ထံ ပေးပို့သော စာသဝဏ်လွှာဖြစ်သည်။
စာလွှာထဲတွင် အင်္ဂလိပ်ကုန် သည်အဖွဲ့ကို ဟိုင်းကြီးကျွန်း၌ နေထိုင်ခွင့်ပြုထားကြောင်း ရေး သားထားပြီး နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဖြင့် လွတ်လပ်သော ပြည်ထောင်မင်းအချင်းချင်း တန်း တူညီမျှပေးပို့သော သဝဏ်လွှာ အမျိုးအစားဖြစ်သည်။ ဗြိတိန် ဘုရင်ဂျော့(၂)က ၎င်းမွေးဖွားရာ ဇာတိဖြစ်သော ဂျာမနီနိုင်ငံ ဟန် နိုဗာမြို့၏ စာကြည့်တိုက်သို့ လွှဲပြောင်းပေးအပ်ခဲ့သဖြင့် ယင်း စာကြည့်တိုက်တွင် ထိန်းသိမ်း ထားသည်။
အရည်အသွေးကောင်း သောရွှေကို ပါးလွှာအောင် အပြားခတ်ထားပြီး မြန်မာဘာသာဖြင့် ကညစ်ခြစ်ရေးသားထားကာ ဆင် စွယ်ဖြင့် ပြုလုပ်ထားသော ကြုတ် အတွင်းလိပ်၍ ထည့်သွင်းထား ခြင်းဖြစ်သည်။ ရွှေပေလွှာသည် အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိပြီး အစွန်းနှစ် ဖက်ထိပ်တွင် ပတ္တမြား ၁၂ လုံးစီ စုစုပေါင်း ၂၄ လုံးတပ်ဆင်ထား သည်။
အဆိုပါ ရွှေပေလွှာ၏ ဒစ်ဂျစ် တယ်မိတ္တူကို ဂျာမနီအစိုးရက ချစ်ကြည်ရေးလက်ဆောင်အဖြစ် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သဖြင့် ရန်ကုန်မြို့ အမျိုးသားပြတိုက် တွင် လေ့လာဖတ်ရှုနိုင်သည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့မှတ် တမ်းအမွေအနှစ် စာရင်းဝင် ကျောက်စာနှစ်ခုရှိပြီး ပထမတစ်ခု သည် ကုသိုလ်တော်ကျောက်စာဖြစ်ပြီး ဒုတိယတစ်ခုမှာ မြစေတီ ကျောက်စာဖြစ်သည်။
ယူနက်စကို၏ ကမ္ဘာ့မှတ် တမ်းအမွေအနှစ် အစီအစဉ်ကို ၁၉၉၂ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာနှင့်တစ်ဝန်းမှ မှတ်တမ်း အမွေအနှစ်ပေါင်း ၃၄၈ ခုကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ် သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။