သာသနာ့အရေး မဲပေးခွင့်ကြောင့် ရင်လေးရပေါ့



မြန်မာမှန်လျှင် ပုဂံရောက်ဖူးရမည်။ ဇာတ်ပွဲကြည့်ဖူးရမည်။ ရဟန်းဝတ်ဖူးရမည်ဆိုတဲ့စကား ကို ဆရာမကြီးဒေါ်ခင်မျိုးချစ် ပြောခဲ့ဖူးတယ်လို့ မှတ်သားခဲ့ဖူးပါ တယ်။ ဒီစကားကိုကြားခါစက တော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ပုဂံ ကိုလည်း ရောက်ဖူးတယ်။ ဇာတ် ပွဲလည်း ကြည့်ဖူးတယ်။ ရဟန်း လည်း ခေတ္တခဏ ဒုလ္လဘ၀တ်ဖူး တာမို့ မြန်မာစစ်စစ် ဖြစ်ပြီလို့ တောင် နောက်တောက်တောက် ပြောမိပါသေးတယ်။ အသက်အ  ရွယ်လေးရလာတော့ ဒီစကားရဲ့ အတိမ်အနက်က ပိုပြီးတာသွား တယ်လို့ ထင်လာပါတယ်။ ဘာ လို့ ပုဂံကို သွားခိုင်းရတာလဲ။ ဇာတ်ပွဲကြည့်ခိုင်း ရတာလဲ။ရဟန်း ၀တ်ခိုင်းရတာလဲလို့ စေ့ငုမိတော့ မှ ရှေးရှေးလူကြီးတွေရဲ့ ပညာဂုဏ်နဲ့ အမြော်အမြင်ကြီးပုံကို တွေးမိပါတယ်။ ဒါတောင် ကိုယ်သိတဲ့ နယ်ပယ်လေးထဲက စဉ်းစား ကြည့်တာပါ။

ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့် ကြငှန်း၊ ကိုယ့်ယဉ်ကျေးမှုဆိုတာ တွေကို သိစေဖို့၊ ဂုဏ်ယူတတ်စေ ဖို့ မြန်မာ့ယဉ်ကျေးမှုတို့ စုတည် ရာ ပြင်ပအသွင်သဏ္ဌာန်တွေ ရတနာသိုက်ကြီးသဖွယ် တည်ရှိ နေတဲ့ ပုဂံဟာအထင်ရှားဆုံးနဲ့ အ ရေးကြီးဆုံးပြယုဂ်အဖြစ် တည်ရှိ နေပါတယ်။ ဒါတွေ တို့မြန်မာတွေ ဆောက်ခဲ့တာဆိုတဲ့ စိတ်ကြီးဝင် နိုင်ဖို့ပေါ့။ မြန်မာ့ယဉ်ကျေးမှုဝါဂီ နစ်ဆိုတာကို သိနိုင်ဖို့ ဇာတ်ပွဲတွေ က ပံ့ပိုးပေးပါလိမ့်မယ်။ ဒီလိုပါပဲ ကိုယ်တွေ လက်ခံကျင့်သုံးတဲ့ယဉ် ကျေးမှု ဓလေ့ထုံးတမ်းတွေရဲ့ မူလအခြေခံ ဗုဒ္ဓအဆုံးအမတွေ ကို သိရှိနိုင်ဖို့ကလည်း ရှင်သာမ ဏေ၀တ်ဖူး၊ ရဟန်းဝတ်ဖူးဖို့က လိုအပ်ပြန်ပါတယ်။ သည်တော့မှ ဆရာမကြီးပြောခဲ့ဖူးတဲ့ စကား ဟာ မြန်မာဆိုတာဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိဖို့ လိုအပ်တဲ့ အခြေခံအချက်တွေကို ညွှန်ပြ တာပါလားလို့ သဘောပေါက်ရ ပါတယ်။ မြန်မာကွဆိုပြီး ရမ်း သန်း ဘ၀င်မြင့်နေမယ့် အစား မြန်မာဆိုတာ ဒီလိုဗဟိဒ္ဓအသွင် သဏ္ဌာန်နဲ့ ဒီလိုအဇ္ဈတ္တအတွင်း သန္တာန်ရှိတယ်ဆိုတာကို ကိုယ် တိုင်သိပြီး ဂုဏ်ယူဝင့်ကြွားနိုင်ဖို့ ပြောခဲ့တာပါလားလို့လည်း ကြည် နူးရပြန်ပါတယ်။

ဒါတွေကိုပြန်တွေးမိနေတာ က ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာတွေဟာ ဂုဏ်သိက္ခာရှိတဲ့ မြန်မာဆိုတဲ့ အ ပြင်သဏ္ဌာန်ရော အတွင်းသန္တာန် တွေပါ ပျောက်ဆုံးနေခြင်းများ လားလို့ တွေးမိလို့ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတရဲ့ အကြံပေးဟောင်းက သူ့ရဲ့ပါတီ က ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲရောက်ရင် သံဃာ တော်တွေ မဲပေးခွင့်ရအောင် အ ဆိုတင်မယ်လို့ ဆိုလာပါတယ်။ တခြားဘာသာရေးခေါင်းဆောင် တွေ မဲပေးလို့ရရင် သံဃာလည်း မဲပေးခွင့်ရှိရမယ်။ ဒီမိုကရေစီလို့ ပြောရင် မျှတမှုရှိရမယ်လေတဲ့။ ကျွန်တော်ခေါင်းနားပန်းကြီးသွား ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ  ရဟန်းသံဃာဆိုတာ အမွန်အ မြတ်ထားရတဲ့ ပုဂ္ဂိုလ်ပါ။ ရှေးရှေး တုန်းကဆို ကလေးတွေ အရွယ် ရောက်တာနဲ့ ဘုန်းတော်ကြီး ကျောင်းကိုပို့ပြီး ဘာသာရေး အ ခြေခံစာတွေ သင်ကြားရတော့ တာပါပဲ။ အဲဒီမှာဗုဒ္ဓ၀ါဒရဲ့အခြေခံ တွေအပြင် လူမှုရေးအခြေခံကျင့် ၀တ်တွေပါ သင်ကြားရပြီး ဘ၀ တစ်လျှောက် နေနည်း ထိုင်နည်း တွေကိုပါ ရရှိလာကြပါတယ်။ သည်နေရာမှာ ဗုဒ္ဓဘာသာရဟန်း တော်များဟာ တခြားဘာသာရေး ခေါင်းဆောင်တွေနဲ့ ရပ်တည်ပုံ ချင်း၊ နေရာချင်း မတူကြပါဘူး။ အစ္စလာမဘာသာ အထူးသဖြင့် ရှီးဟိုက်ဘာသာရေးခေါင်းဆောင်တွေဟာ နိုင်ငံတော်ကိုအုပ်ချုပ်သူ တွေထက်တောင် ပိုအာဏာရှိပါ တယ်။ အီရန်နိုင်ငံမှာဆိုရင် ဘာ သာရေး ခေါင်းဆောင်က နိုင်ငံ တော်သမ္မတကိုတောင် ဖြုတ်ချ နိုင်ပါတယ်။ ဒါက သူ့အရပ်နဲ့ သူ့ ဇာတ်ပါ။

ဗုဒ္ဓဘာသာရဟန်းတော်များ ကတော့ အဲဒီလိုအာဏာမျိုးမရှိပါ ဘူး။ မင်းကိုးကွယ်ခံရတဲ့ ဆရာ တော်တောင် နိုင်ငံ့အရေးအရာ များမှာ ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသလို၊ စွက်ဖက်လေ့လည်းမရှိ ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက် ကိုက ထင်ရှားပြီးသားဖြစ်နေလို့ ပါ။

ရဟန်းမ၀တ်ခင်မှာ ဘယ်သူ မဆို ရှင်သာမဏေအဖြစ် အရင်ခံ ယူရပါတယ်။ အဲဒီမှာ ရှင်သာမ ဏေ၀တ်ဖို့ သင်္ကန်းတောင်း၊ သင်္ကန်းယူဆိုတာတွေ ကျက်မှတ် ရပါတယ်။ အခြေခံဖြစ်တဲ့သင်္ကန်း တောင်းမှာ ကြည့်ရင်တောင် သ ကလ၀ဋ္ဋဒုက္ခ နိဿရဏ နိဗ္ဗာ နဿအစချီတဲ့သင်္ကန်းတောင်းမှာ ကို သင်္ကန်းဝတ်ရခြင်းရဲ့ အ ကြောင်းကို ဖော်ပြပြီးသားဖြစ်ပါ တယ်။ မြန်မာလိုဆိုရင်တော့ ‘အ ရှင်ဘုရား အလုံးစုံသော သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရာနိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက် ၌ရှိသော ဤသင်္ကန်းကို ယူတော် မူ၍ တပည့်တော်ကို ပေးသနား တော်မူပါဘုရား’လို့ ဆိုရပါတယ်။ ဒါကြောင့် သာမဏေရဟန်းဝတ် တယ်ဆိုတာကိုက သံသရာဝဋ် ဆင်းရဲက လွတ်မြောက်ချင်လို့ ၀တ်တာပါ။ ဒါကြောင့်လည်း ရဟန်းတော်များရဲ့ သင်္ကန်းကို အရဟတ္တဓဇလို့ခေါ်တယ်လို့မှတ် သားဖူးပါတယ်။ ရဟန္တာအဖြစ်၏ တံခွန်ဖြစ်သော သင်္ကန်းလို့ အဘိ ဓာန်ကဖွင့်ပါတယ်။ သင်္ကန်းဆို တာ မြင့်မြတ်သောသူတွေ သံသ ရာဝဋ်ဆင်းရဲက လွတ်မြောက် အောင် ကျင့်ဆောင်နေသူတွေ ၀တ်ဆင်ရတဲ့ အဆင်တန်ဆာပါ။ နောက်ပြီး သံဃာ့ဂုဏ်တော်ကိုး ပါးဆိုတာကို ဒီအတိုင်းပါဠိလို ဘုမသိ ဘမသိ မဆိုဘဲ မြန်မာ ပြန်အနက်နဲ့ သုပ္ပဋိပန္နအစ အနုတ္တရံ ပုည က္ခေတ္တံအဆုံးဂုဏ်တော်တွေကို ကြည့်ရင်သံဃာတော်တွေကိုဘာကြောင့် ကြည်ညိုသင့်သလဲဆိုတာ သိလာရမှာပါ။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာရှင်ရဟန်းတွေဟာ တခြားဘာသာရေး ခေါင်းဆောင်တွေလိုအာဏာမရှိပေမယ့် သြဇာရှိပါတယ်။ သူ တို့ဟာ သီလသိက္ခာ၊ သမာဓိ သိက္ခာ၊ ပညာသိက္ခာဆိုတဲ့သိက္ခာသုံးရပ်ကို ဖြည့်ကျင့်နေကြတယ်ဆိုတဲ့ အသိကြောင့် ဒါယကာ၊ ဒါယိကာမတွေက ချွေးနှဲစာထဲက ပစ္စည်းလေးပါးလို လေသေးမရှိ အောင် လှူဒါန်းနေကြတာဖြစ်ပါ တယ်။

ဒါပေမဲ့ ခုလောလောဆယ် မြန်မာနိုင်ငံရဲ့ သာသနာ့အခြေအ နေက ဘယ်လိုလဲလို့ မေးခွန်း ထုတ်ရင် ပြန်ဖြေရ ခပ်ခက်ခက်ပါ။ အရင့်အရင်တုန်းက ရဟန်း သံဃာတော်ကို ပြစ်တင်ဝေဖန်ဖို့ဆိုတာ မြန်မာလူမျိုးဗုဒ္ဓဘာသာတွေ တွေးတောင်မတွေးမိတဲ့အရာပါ။ ရဟန်းသံဃာတွေ ဘေးနားက ဖြတ်သွားရင်တောင် အရိပ်ကိုနင်း မိမှာစိုးလို့ မတ်တတ်ရပ်ပြီးလက် အုပ်ချီစောင့်နေကြတာပါ။ အခု မဘသတို့၊ မျိုးစောင့်ဥပဒေတို့၊ ပေါ် လာပြီးတဲ့နောက်မှာမှ ဖေ့စ် ဘွတ်ခ်ပေါ်မှာ ရဟန်းရော ဘာ ရော နားမလည် ဆဲဆိုသံတွေ မိုး မွှန်နေပါတော့တယ်။ တစ်လော က သုဝဏ္ဏအားကစားရုံမှာလုပ် သွားတဲ့ မျိုးစောင့်ဥပဒေအောင်ပွဲ မှာ မိန့်ကြားသွားတဲ့ သီတဂူဆရာ တော်ရဲ့ သြ၀ါဒအပေါ်မှာတောင် မဘသထောက်ခံသူတွေနဲ့ ဆန့် ကျင်သူတွေ လိုသလိုအဓိပ္ပာယ် ကောက်ယူပြီး ဟိုဘက်ဒီဘက် ၀ိဝါဒကွဲပြီး ငြင်း ခုံဆဲဆိုနေကြတာ တွေ့ရပါတယ်။ ပြောချင်တာက ဗုဒ္ဓရဲ့တရားတော်တွေဟာ ကွဲလွဲ စရာမရှိပါ။ ဗုဒ္ဓက ကုသိုလ်၊ အ

ကုသိုလ်ကို ညွှန်ပြပါတယ်။ ဗုဒ္ဓဟောကြားတဲ့တရားတော်တွေကို  ဗုဒ္ဓသားတော် ရဟန်းတော်တွေ က ပြန်လည်ညွှန်ပြ ဟောကြားပါ တယ်။

 ဗုဒ္ဓတရားတော်က လူမျိုး၊ အသားအရောင်မရွေး မှန်ကန်တဲ့ တရားပါ။ အသားဖြူဖြူ၊ မည်း မည်း၊လူမျိုးတူတူ၊မတူတူ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်ပါတယ်။ အဲဒီလောဘ၊ ဒေါသ၊ မောဟတရားတွေ ချုပ်ငြိမ်းရာလမ်းကို  ဗုဒ္ဓက ညွှန်ပြပါတယ်။ အဲဒါကို ကျော်လွန်ပြီး ရဟန်းတော်တချို့ နိုင်ငံရေးနယ်ပယ်ထဲ ပါဝင်လာတဲ့ အခါမှာတော့ အမြင်မတူသူတွေကြားမှာ အငြင်းပွားမှု ပဋိပက္ခ တွေဖြစ်လာပါတယ်။ နောက်တော့ လောဘ၊ ဒေါသ၊ မောဟတွေပါလာပြီး ဆဲကြဆိုကြတဲ့ အ ဆင့်ထိဖြစ်လာပါတယ်။ ရဟန်းအချင်းချင်းလည်း စိတ်ဝမ်းကွဲမှုတွေဖြစ်လာပါတယ်။ ဒါတောင် အခုချိန်ထိ ရဟန်းတော်များ နိုင်ငံရေးထဲ ထဲထဲဝင်ဝင်ပတ်သက်လို့ မရတဲ့အခြေအနေမှာဖြစ်နေတာပါ။

အခု နိုင်ငံတော်သမ္မတရဲ့ အကြံပေးကောင်း ပုဂ္ဂိုလ်ပြောသလို ရဟန်းတော်များကို မဲပေးခွင့်ပေးလိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အခြေအနေကတော့ မစဉ်းစားဝံ့အောင်ပါပဲ။ဆရာတော်တွေရဲ့ သြဇာကြီးရင် ကြီးသလောက် ပါတီစွဲ၊ ၀ါဒစွဲ တွေဖြစ်လာပြီး သံဃာအစုအဖွဲ့ ကြီး တစုတစည်းတည်း စုစည်း လို့မရအောင်ကို ပြိုကွဲသွား ပါလိမ့်မယ်။ လက်ရှိ သံဃဂိုဏ်း ကြီး ကိုးဂိုဏ်းအစား ပြည်ခိုင်ဖြိုး ဂိုဏ်း၊ ဒီချုပ်ဂိုဏ်းဆိုတာမျိုးတွေ များဖြစ်လာခဲ့ရင်တော့ ဗုဒ္ဓသာသ နာကြီး ဗုန်းဗုန်းလဲသွားမှာဖြစ်ပါ တယ်။

  ဒီချုပ်အာဏာရရင် ဗုဒ္ဓ သာသနာတော် ဗုန်းဗုန်းလဲပြီး မွတ်စလင်နိုင်ငံဖြစ်သွားမယ်လို့ ကြွေးကြော်နေတဲ့ပုဂ္ဂိုလ်တွေ စဉ်း စားကြပါတော့။ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အစ္စလာမ် ဘာ သာဝင်ဖြစ်နေရင်တောင် ဗုဒ္ဓသာ သနာတော်ကို စောင့်ရှောက်မယ့် ရဟန်းတော်များ ပရိယတ္တိ၊ ပဋိ ပတ္တိ၊ ပဋိဝေဓသာသနာကို ထိန်း သိမ်းနေသမျှ မှည့်တစ်ပေါက် တောင် မစွန်းနိုင်ပါ။ သာသနာ တော်ကို ထိန်းသိမ်းရမယ့် ရဟန်း တော်များကိုယ်တိုင် နယ်ကျော်ပြီး နိုင်ငံရေးထဲဝင်ရှုပ်လာမှ သာသ နာတော် ပြိုလဲမယ်ဆိုတာကိုသတိ ထားတော်မူကြပါလို့ လျှောက် ထားချင်ပါတယ်။ ရဟန်းတော် များ မဲပေးခွင့်အဆိုတင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလည်း  ရဟန်းခဏ၀တ် ပြီး ရဟန်းတော်များရဲ့ ၀ိနည်း သိက္ခာပုဒ်များကို ကြည်ညိုတတ် ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။