ဘိုကိုဟာရမ်တို့ကို တိုက်ခိုက်ရာတွင် ကူညီရန် အမေရိကန်တပ်များ စေလွှတ်မည်ဟု အိုဘားမား အတည်ပြု


ရှေ့တန်းစစ်မျက်နှာပြင်တွင် တွေ့ရသည့် ကင်မရွန်းစစ်သားများ

အာဖရိက၏ နာမည်ကျော် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဘိုကိုဟာရမ်တို့ကို တိုက်ခိုက်ရန် ကင်မရွန်းကို အကူအညီ ပေးသွားမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ကြေညာခဲ့သည်။


နိုင်ဂျီးရီးယားတွင် စတင်ခြေကုပ်ယူပြီး အင်အားတောင့်တင်းလာသည့် ဘိုကိုဟာရမ်တို့သည် ယခုအခါ ကင်မရွန်း၊ ချတ် အစရှိသည့် အိမ်နီးချင်း နိုင်ငံများကိုပါ ခြိမ်းခြောက်လာခဲ့သည်။ အိုဘားမားက ဘိုကိုဟာရမ်တို့ကို ရင်ဆိုင် တိုက်ခိုက်နေသည့် ကင်မရွန်း နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀ ကို စေလွှတ် အားဖြည့်သွားမည်ဟု ဆိုသည်။

အဆိုပါ အမေရိကန် တပ်ဖွဲ့များသည် လေကြောင်းမှ ထောက်လှမ်းရေး လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများကို တာဝန်ယူကာ ကင်မရွန်း တပ်ဖွဲ့များကို ကူညီပေးသွားမည် ဖြစ်သည်။ နိုင်ဂျီးရီးယား မြောက်ပိုင်းမှ နယ်ချဲ့လာသည့် ဘိုကိုဟာရမ်တို့ကို ကင်မရွန်းနှင့် ချတ်တပ်ဖွဲ့များက စစ်ဆင်ရေးများ ဆင်နွှဲ တိုက်ခိုက်လျက် ရှိသည်။

အိုဘားမားက “အမေရိကန် တပ်ဖွဲ့တွေဟာ စစ်ဆင်ရေးတွေ ဆက်ပြီး ဆင်နွှဲစရာ မလိုတော့တဲ့ အချိန်ထိ ကင်မရွန်းမှာ ရှိနေပါမယ်။ တပ်ဖွဲ့ဝင်တွေဟာ လက်နက်အပြည့်အစုံ တပ်ဆင်မှာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အမေရိကန် တပ်တွေရဲ့ ကိုယ်ပိုင် လုံခြုံရေး ကဏ္ဍအတွက် ဖြစ်ပါတယ်”ဟု ဆိုသည်။ လွှတ်တော်တွင် အဆိုပါ အစီအစဉ်ကို ကြေညာခဲ့ရာ၌ လာမည့်သီတင်းပတ်တွင် ပထမအသုတ် တပ်ဖွဲ့ဝင် ၉၀ ကို ကင်မရွန်းသို့ စတင်စေလွှတ်မည်ဟုလည်း သမ္မတက ပြောကြားခဲ့သည်။

အမေရိကန်သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း ချီဘော့ခ်မှ ကျောင်းသူ မိန်းကလေးများကို ဘိုကိုဟာရမ်တို့က ပြန်ပေးဆွဲသွားသည့် ယမန်နှစ် ဖြစ်ရပ်တွင်လည်း နိုင်ဂျီးရီးယား အစိုးရကို ထောက်လှမ်းရေးဆိုင်ရာ အကူအညီများ ပေးခဲ့ဖူးသည်။ သို့သော်လည်း ဘိုကိုဟာရမ်တို့ကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်က တိုက်ရိုက်ကျသည့် အထောက်အပံ့ ပေးလာမှုသည် ယခုတစ်ကြိမ် ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။