မြေအောက် လျှို့ဝှက်ဒုံးကျည်စခန်း၏ ပုံရိပ်ကို အီရန် ထုတ်ဖော်ပြသ



အီရန် အစိုးရ သတင်းဌာနသည် စစ်တပ်၏ လျှို့ဝှက် မြေအောက် ဒုံးကျည်စခန်းတစ်ခု ပုံရိပ်ကို ရှားရှားပါးပါး အခြေအနေအဖြစ် ထုတ်လွှင့် ဖော်ပြလိုက်ကြောင်း သိရသည်။

James Bond ရုပ်ရှင် ဇာတ်ကားများထဲမှ မြင်ကွင်းမျိုး ဖြစ်နေသည့် အဆိုပါ ဒုံးကျည်စခန်းသည် အခိုင်အမာ တည်ဆောက်ထားပြီး တောင်စဉ်တောင်တန်း တစ်ခု၏ အောက်ခြေတွင် ဖုံးအုပ် ခြေရာဖျောက်ထားသည်ဟု ယူဆရသည်။ အဆိုပါ ရုပ်မြင်သံကြား မှတ်တမ်းတွင် အီရန်စစ်တပ် ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားသူများက ရှည်လျားသော မြေအောက် ဥမင်များအတွင်း ကားများဖြင့် သွားလာ လှုပ်ရှားနေသည်ကိုလည်း တွေ့ရသည်။

အီရန်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် တစ်စိတ်တစ်ပိုင်း ရှိနေသည့် FARS သတင်းဌာနက အဆိုပါ ခမ်းနားကျယ်ပြန့်သည့် စစ်စခန်းသည် မြေအောက်တွင် ဆောက်လုပ်ထားသည့် လျှို့ဝှက် ဒုံးကျည်လက်နက်တိုက် တစ်ခုအဖြစ် ကြေညာသွားသည်။

အောက်တိုဘာ ၁၄ ရက်က ပြသခဲ့သည့် ရုပ်မြင်သံကြား မှတ်တမ်းပါ စခန်းကို အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေတပ်က စီမံထိန်းချုပ်ပြီး တောင်တစ်လုံး၏ အောက်ခြေအနက် ပေပေါင်း ၁၆၄၀ မျှတွင် တူးဖော် ဆောက်လုပ်ထားကြောင်း သိရသည်။

ယင်းမတိုင်မီ ရက်ပိုင်းကလည်း FARS သတင်းဌာနသည် အီရန်အနေဖြင့် မျိုးဆက်သစ် တာဝေး တိုက်ချင်းပစ် ဒုံးကျည်လက်နက် တစ်ခုကို စမ်းသပ် အောင်မြင်ခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သေးသည်။

အီရန်သည် အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် နျူကလီးယား နည်းပညာ ကန့်သတ်ရေး သဘောတူ လက်မှတ်ရေးထိုးထားသော်လည်း ဒုံးကျည်လက်နက် စမ်းသပ်တီထွင်မှုများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။