အင်တာနက် ပို့စ်ကြောင့် ဖမ်းဆီးခံရပြန်

kum_jaa_lee
Facebook မှာတင်တဲ့ ပုံတပုံ ကြောင့် ကချင် အမျိုးသား တယောက် ရန်ကုန်မှာ ဗုဒ္ဓဟူးနေ့ က ဖမ်းဆီးခံရ ပါတယ်။

ည ၇ နာရီလောက်မှာ ရပ်ကွက် လူကြီးတွေနဲ့ ဦးခွန်ဂျာလီ အိမ်ကို လာရှာပြီး Fခေနဘသသု လူမှု ကွန်ယက်မှာ ရေးသားမှု တခု ကြောင့် အမှုဖွင့်ထား တယ် ဆိုပြီး ရဲစခန်းကို ခေါ်သွားတယ် လို့ သမီးဖြစ်သူ မမာလုက ပြောပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ပုံ ကို ကချင် ပုဆိုး ဝတ်ထားသူ တယောက်က ဖိနပ်နဲ့ နင်းထား တဲ့ ပုံ ဦးခွန်ဂျာလီ Fခေနဘသသု မှာ တင်ထားတယ် ဆိုပြီး လာရှာတာ ဖြစ်ပါတယ်။

ပုံထဲမှာ ပါတဲ့ ဖိနပ်ဝါ ကိုတော့ ဦးခွန်ဂျာလီ အိမ်မှာ ရှာမတွေ့ဘူး လို့ လည်း သိရပါတယ်။

အဲဒိ ဓာတ်ပုံကိုလည်း သူ့ Facebook စာမျက်နှာ မှာ ရှာမတွေ့ဘူး လို့ မိသားစုက ပြောပါတယ်။

အမှုဖွင့် တိုင်တာက စစ်တပ်ဘက်က ဖြစ်ပါတယ်။ ရဲစခန်း ခေါ်သွားပြီးနောက် ခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့် မပေးသေးဘူးလို့လည်း ဆိုပါတယ်။

ဦးခွန်ဂျာလီ ဟာ ကချင် ငြိမ်းချမ်းရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ ဒေါ်မေစပယ်ဖြူ ရဲ့ ခင်ပွန်းလည်း ဖြစ်ပါတယ်။

___www.bbc.com/burmese/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။