အစ္စရေးနိုင်ငံ တောင်ပိုင်း ဘီယာရှီးဘားမြို့ရှိ ဘတ်စ်ကားဂိတ်တစ်ခု၌ အောက် တိုဘာ ၁၈ ရက် ညက အစ္စရေး စစ်သားတစ်ဦး အသတ်ခံခဲ့ရ သည်။
အကြမ်းဖက် တိုက်ခိုက်သူ မှာ အာရပ်-အစ္စရေးတစ်ဦးဖြစ်ပြီး ၎င်းကို ရဲတပ်ဖွဲ့က အသေပစ် သတ်ခဲ့သည်။
အခင်းဖြစ်ပွားသော နေရာ အနီးရှိ အီရီထရီးယားနိုင်ငံသား အမျိုးသားတစ်ဦးကိုလည်း ကြံရာ ပါဟု ထင်မှတ်မှားပြီး ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာ လူ အုပ်က ၀ိုင်းရိုက်ခဲ့သောကြောင့် ၎င်းလည်း သေဆုံးခဲ့သည်။
အောက်တိုဘာ ၁၈ ရက် ည က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တွင် အကြမ်းဖက်သမားမှာ ဟူ ရာမြို့မှ အသက် (၂၁) နှစ်အရွယ် အာရပ်-အစ္စရေး အမျိုးသားဖြစ်ပြီး ၎င်းသည် ဘီယာရှီးဘားမြို့လယ် ဘတ်စ်ကားဂိတ်၌ လူများကို ဓားဖြင့်ထိုးပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။
၎င်းသည် အသက်(၁၉)နှစ်အရွယ်ရှိ အစ္စရေးတပ်ကြပ်ကြီး အွမ်ရီလိဗ်ကို ပစ်သတ်ပြီး ၎င်းတပ်ကြပ်ကြီး၏ သေနတ်ကို ရယူ၍ ဆက်လက်ပစ်ခတ်ခဲ့သည်။
အကြမ်းဖက်သမားကို အစ္စ ရေး လုံခြုံရေးတပ်ဖွဲ့များက အ သေပစ်သတ်ခဲ့သည်။
ထို့နောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးသည် အခင်းဖြစ် ပွားရာအနီးရှိ အီရီထရီးယား ရွှေ့ ပြောင်းနေထိုင်သူတစ်ဦးကို ကြံ ရာပါ အကြမ်းဖက်သမားဟု ထင် မှတ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ သည်။
သေနတ်ဒဏ်ရာဖြင့် သွေး အိုင်ထဲတွင် လဲနေသော ယင်း ရွှေ့ပြောင်းနေထိုင်သူကို အနီးရှိ အစ္စရေးလူအုပ်ကြီးက ၀ိုင်းဝန်း ကန်ကျောက် ရိုက်နှက်ခဲ့ရာ နောက်ပိုင်းတွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
အောက်တိုဘာ ၁၈ ရက် တိုက်ခိုက်မှုသည် အစ္စရေးများကို အထူးတုန်လှုပ်စေခဲ့သည်။
ယင်းတိုက်ခိုက်မှုမှာ အစ္စ ရေးတို့ သိမ်းပိုက်ထားသော ပါ လက်စတိုင်းနယ်မြေတွင် ဖြစ်ပွား ခြင်းမဟုတ်ဘဲ အစ္စရေးနိုင်ငံ အ တွင်းပိုင်း၌ ဖြစ်ပွားခြင်းကြောင့် တုန်လှုပ်ရခြင်းဖြစ်သည်ဟု ဘီဘီ စီသတင်းဌာန၏ အရှေ့အလယ် ပိုင်း သတင်းထောက် ကီဗင်ကွန် နော်လီက ပြောသည်။
ယခုလအတွင်း ဖြစ်ပွား သော ပါလက်စတိုင်း တိုက်ခိုက်မှု များတွင် အစ္စရေးရှစ်ဦး သေဆုံး ပြီး ပါလက်စတိုင်း ၄၀ ဦးကျော် သေဆုံးခဲ့သည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။